၅/၊ ၈/၊ ၉/ ကိုင်ဆောင်ထားသူ စက်ရုံတွင်းရှိ လုပ်သားထုအား ဖိနှိပ်ခံနေရမှုရှိကြောင်း ဝါဒဖြန့်ခြင်းနှင့်ပတ်သက်၍ သတင်းအမှန်ထုတ်ပြန်ချက်

 

၁။    ၂၅-၈-၂၀၂၂ ရက်နေ့တွင် CTUM Myanmar Page ၌ “၅/၊ ၈/၊ ၉/ ပါ တီရှပ်များ  ဝတ်ဆင်လျက်  ဖိနှိပ်ခံနေရသော ၅/၊ ၈/၊ ၉/ ကိုင်ဆောင်ထားသူ လုပ်သားတို့နှင့် ရပ်တည်လျက်ရှိကြောင်း လူငယ် များ သမဂ္ဂဗဟို (Youths Union Centre Labour Alliance) အဖွဲ့နှင့် CTUM  အဖွဲ့တို့မှ  ကျား (၂) ဦး၊  မ (၁) ဦး၊  ပေါင်း (၃) ဦးတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ နဝဒေး မင်းကြီးလမ်း၊ အမှတ် (၂၅)ရှိ Zhejiang Tongi Clothing Myanmar Co.,Ltd (အထည်ချုပ်စက်ရုံ)ရှေ့၌ ဆန္ဒဖော်ထုတ်သပိတ်မှောက်”ဟု ဖော်ပြပါရှိခဲ့ပါသည်။

 

၂။    နိုင်ငံသားစိစစ်ရေးကတ်၏ တိုင်းဒေသကြီး/ ပြည်နယ်ဆိုင်ရာ ဖော်ပြချက်ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး(၅/)၊ မကွေးတိုင်းဒေသ ကြီး(၈/)နှင့် မန္တလေးတိုင်းဒေသကြီး(၉/) ကိုင်ဆောင်ထားသူ စက်ရုံ တွင်းရှိ   လုပ်သားထုအား  ဖိနှိပ်ခံနေရမှုရှိကြောင်း  သတင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ သတင်းအမှန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
    

(က)    အဆိုပါစက်ရုံသည် Mr. Gong Song Lin (ကိုရီးယား နိုင်ငံသား) ပိုင်ဆိုင်ပြီး အလုပ်သမား ကျား (၁၀၈)ဦး၊ မ(၁၃၈၈)ဦး၊ စုစုပေါင်း(၁၄၉၆)ဦးဖြင့် လုပ်ကိုင်လျက် ရှိသည့် အထည်ချုပ်စက်ရုံဖြစ်ကြောင်း၊
    

(ခ)    စက်ရုံသည် စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်မှာ (၇)နှစ် ကျော်ရှိပြီဖြစ်ကြောင်း၊   စက်ရုံမှ  အလုပ်သမားများကို အကြောင်းမဲ့    အလုပ်မှထုတ်ပယ်မှုများ     မပြုလုပ်ခဲ့ ကြောင်း၊ စည်းကမ်းလိုက်နာမှုမရှိသည့် အလုပ်သမား အချို့ကိုသာ    ဥပဒေနှင့်အညီ    ဆောင်ရွက်ခဲ့ခြင်းများ ရှိကြောင်း၊    စက်ရုံအတွင်း၌   အလုပ်သမားရေးရာ ထူးခြားဖြစ်စဉ်များ မရှိကြောင်းနှင့် ဆန္ဒပြသူ (၃) ဦးမှာ လည်း   အဆိုပါစက်ရုံမှ  အလုပ်သမားများ   မဟုတ် ကြောင်း၊
  

 (ဂ)    စက်ရုံရှိ အလုပ်သမားများအားလုံး တည်ငြိမ်အေးချမ်းစွာ အလုပ် လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် စက်ရုံမှ နိုင်ငံ သား စိစစ်ရေးကတ်အမှတ် (၅/၊ ၈/၊ ၉/) ကိုင်ဆောင်သူ အလုပ်သမားများအား အကြောင်းမဲ့အလုပ်ထုတ်ပယ် ခြင်း၊  ခွဲခြားဆက်ဆံခြင်း၊   ဖိနှိပ်ချုပ်ချယ်ခြင်းများ ပြုလုပ်မှုမရှိပါကြောင်း။

 

၃။    သို့ဖြစ်ပါ၍ ၂၅-၈-၂၀၂၂ ရက်နေ့တွင် CTUM Myanmar Page ၌ ထုတ်ပြန်ခဲ့သော သတင်းမှာ လုပ်ငန်းခွင်အေးချမ်းသာယာမှု ထိခိုက် ပျက်ပြားစေရန်နှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာများ နစ်နာဆုံးရှုံးစေရန် ရည်ရွယ်လျက်    လှုံ့ဆော်ခြင်း၊     ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း၊ ဖြစ်စဉ်အမှန်    မဟုတ်ပါကြောင်း   သတင်းအမှန်     ထုတ်ပြန်အပ် ပါသည်။    

အလုပ်သမားဝန်ကြီးဌာန