
နေပြည်တော် ဒီဇင်ဘာ ၁၃
ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက် မည့် (၄၇)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဝင်္ကဘာကွင်း၌ ပြုလုပ်ရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကျင်ဒိုင် အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရခိုင်ရိုးရာကျင်ကိုင် ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ရခိုင်ရိုးရာယဉ်ကျေးမှု အဖွဲ့က ရခိုင်ရိုးရာ တေးသီချင်း ယိမ်းအကတို့ဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ ပြည်နယ်ဝန်ကြီး ချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။
ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကို ရွှေမောင်းတန်းနှင့် ငွေမောင်းတန်း အလိုက် ပြိုင်ပွဲအမျိုးအစား နှစ်မျိုး ဖြင့် ကျင်းပလျက်ရှိရာ ပြည်နယ်အတွင်း မြို့နယ် အသီးသီးမှ ကျင်သန်ကြီး များ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ရွှေမောင်းတန်းတွင် ပြိုင်ပွဲဝင် ကျင်သန် ၄၀ ၊ ငွေမောင်းတန်းတွင် ပြိုင်ပွဲဝင်ကျင်သန် ၃၂၀ တို့ ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဒီဇင်ဘာ ၁၅ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်