“(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

 

နေပြည်တော် အောက်တိုဘာ ၅


လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေ ရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေရန်အပြင်   ဇာတ် သဘင် ကြိုက်နှစ်သက်ကြသည့်   မိဘပြည်သူများအတွက်  “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှ စတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

 


အဆိုပါ (၃၈) ဖြာမင်္ဂလာအစီအစဉ်များအနက်   ဘဝ တိုးတက်ရေးအတွက် အဆုံးအမများစွာ ပါဝင်သည့် အနာ ကုလာစ ကမ္မန္တာ (ကျွမ်းကျင်သောအလုပ်ကို  စနစ်တကျ ပြလုပ်ခြင်း)အစီအစဉ်ကို အောက်တိုဘာ ၈ ရက် (စနေနေ့) ည ၉ နာရီခွဲခန့်တွင် ဆက်လက်ပြသမည် ဖြစ်သည်။

 


ယင်းအစီအစဉ်တွင် ရွှေနန်းတင်မျိုးဆက် သဘင်ပညာ ရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့ ၏ တီးခတ်မှုနှင့်အတူ နန်းဝင်း(ရွှေနန်းသဘင်) ဦးဆောင်ပြီး သော်သော်နန်းဝင်း  (ရွှေနန်းသဘင်)၊   ထက်မြတ်အောင်၊ ရန်ရှင်းမောင်၊ ဖွေးဖွေး၊ သိင်္ဂီဝင့်ထက်နှင့် သဘင်ပညာရှင်၊ အနုပညာရှင်များ ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။

 


ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ ၁၂ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီသတင်းအပြီး၌ ယင်းအစီအစဉ်ကို ပြန်လည် ပြသမည်ဖြစ်ကြောင်း သိရသည်။     
       

သတင်းစဉ်