“(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

 

နေပြည်တော်    ဇွန်    ၁၅


လူငယ်လူရွယ်များနှင့်    ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့်  မိဘပြည်သူများအတွက်  “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၏  MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။ 

 


အဆိုပါ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များ အနက်          ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင်သည့် ကတညုတာ  (သူတစ်ပါးပြုဖူးသော ကျေးဇူးကို သိတတ် ခြင်း) နှင့် ဉာတကာနဉ္စသင်္ဂဟော    (ဆွေမျိုး မောင်နှမတို့ကို  စောင့်ရှောက်ခြင်း)  အစီ အစဉ် နှစ်ခုကို ဇွန် ၁၈ ရက် (စနေနေ့)  ည  ၉    နာရီခန့်တွင်    ဆက်လက်ပြသမည် ဖြစ်သည်။

 


ယင်းတင်ဆက်မှုကို        နန်းတော်ရှေ့ ဆရာတင်၏မျိုးဆက်    သဘင်ပညာရှင် ဦးနန်းဝင်းက   ရေးသားပူဇော်ပြီး ရန်ကုန် ဓူဝံတေးဂီတအဖွဲ့၏    တီးခတ်မှုနှင့်အတူ နန်းဝင်း(ရွှေနန်းသဘင်)၊      နန်းခင်မွှေး၊ သော်သော်နန်းဝင်း       (ရွှေနန်းသဘင်)၊ မိုးပြည့်ပြည့်မောင်နှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များက    ပါဝင်တင်ဆက်ကြ မည်ဖြစ်သည်။

 


ထို့အပြင် ဇွန် ၂၂ ရက် (ဗုဒ္ဓဟူးနေ့)တွင် ကတညုတာ     (သူတစ်ပါးပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း)နှင့် ဇွန် ၂၃ ရက် (ကြာသပတေးနေ့)တွင်        ဉာတကာနဉ္စ သင်္ဂဟော   (ဆွေမျိုး    မောင်နှမတို့ကို   စောင့်ရှောက်ခြင်း) တို့ကို ညနေ ၆ နာရီ သတင်းအပြီး၌  တစ်ပိုင်းစီခွဲခြား၍  ပြန်လည်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်