(၃၇) ကြိမ်မြောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးကျင်းပ

 

နေပြည်တော်    မေ    ၃၀
(၃၇) ကြိမ်မြောက် အာဆီယံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်း အဝေး  (The 37th ASEAN Heads of Specialist Anti-Trafficking Units – HSU)ကို ယနေ့ နံနက် ၈ နာရီ ခွဲတွင်  ရုံးအမှတ် (၃၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့မှူးရုံး  အစည်းအဝေးခန်းမ၌ Video Conference ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး  နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ် (၄) ဦးအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 
အစည်းအဝေးကို အစီအစဉ် (၁၀) ရပ်ဖြင့် ကျင်းပ ရာ သဘာပတိအဖြစ် ဆောင်ရွက်သည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင် ဖြစ်သော အင်ဒိုနီးရှားကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် က အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူးက  မြန်မာနိုင်ငံ၏  လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်း အားထုတ်မှုများကို     ရှင်းလင်း    ဆွေးနွေးရာတွင် ပြောင်းလဲဖြစ်ပေါ်လာသည့်    လူကုန်ကူးမှုပုံစံများ၊ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက တုံ့ပြန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် နည်းပညာ ဆန်းသစ်ပြောင်းလဲလာမှုများကို ထည့်သွင်းစဉ်းစား ၍ မဟာဗျူဟာ (၃) ရပ်၊ နည်းဗျူဟာ (၄) ရပ်ဖြင့် လုပ်ငန်းကဏ္ဍ (၄) ရပ်ကို ချမှတ်ပြီး နှစ်စဉ်လုပ်ငန်း စီမံချက်များကို ရေးဆွဲအကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေးကို နိုင်ငံတော်၏မူဝါဒအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “နိုင်ငံ တော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည် (ပုဒ်မ ၃၅၈)” ဟု အတိအလင်းပြဋ္ဌာန်း ထားကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဥပဒေကိုလည်း ၂၀၀၅ ခုနှစ်ကတည်းက  ပြဋ္ဌာန်းခဲ့သည့်အပြင်    ၂၀၂၂  ခုနှစ်မှာ   ပိုမိုပြည့်စုံ ကောင်းမွန်အောင်    ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ အဆိုပါ ဥပဒေသစ်တွင်  ပြည့်တန်ဆာအဖြစ် အဓမ္မ ပြုလုပ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာ ကိစ္စ အဓမ္မပြုလုပ်စေခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်း  သို့မဟုတ် အဓမ္မဝန်ဆောင်မှုပေးစေခြင်း၊ ကျွန်ပြု ခြင်း သို့မဟုတ် ကျေးကျွန်ကဲ့သို့စေခိုင်းခြင်း၊ အဓမ္မ လက်ထပ်စေခြင်း၊ အဓမ္မ တောင်းရမ်းခိုင်းစေခြင်း၊ လိမ်လည်လှည့်ဖြား၍        ကလေးသူငယ်များအား မွေးစားခြင်း၊ ကိုယ်ဝန်အငှားဆောင်စေခြင်း စသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ပိုမိုရှင်းလင်းစွာ ပြဋ္ဌာန်း နိုင်ခဲ့ကြောင်း၊   ထို့အပြင်   နိုင်ငံတကာနှင့်  ပူးပေါင်း ဆောင်ရွက်မှုပိုမိုကောင်းစေရန်အတွက်   နိုင်ငံတကာ ဆက်ဆံရေးနှင့်   ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  လုပ်ငန်းကော်မတီသစ်တစ်ရပ်ကို ဖွဲ့စည်းရန်အတွက်  ဥပဒေတွင်   ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃   ရက်တွင်    အတည်ပြု    ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ လူကုန်ကူးခံရသူများအား     လွှဲပြောင်းညွှန်းပို့ခြင်း ဆိုင်ရာ   အမျိုးသားအဆင့်   ယန္တရား/ လုပ်ငန်းစဉ် အဆင့်ဆင့် NRM ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် တွင်     အတည်ပြု   ရေးဆွဲလိုက်နာလျက်ရှိကြောင်း ဆွေးနွေးသည်။ 
ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက နိုင်ငံ အလိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ချက်များအား    လည်းကောင်း၊     HSU လုပ်ငန်းစီမံချက် ၂၀၂၂ - ၂၀၂၃ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊  HSU လုပ်ငန်းစီမံချက် ၂၀၂၃ - ၂၀၂၄ (မူကြမ်း)ကို  အပြီးသတ်အတည်ပြုရေးနှင့်  (၃၈) ကြိမ်မြောက် လူကုန်ကူးမှု     တိုက်ဖျက်ရေးဆိုင်ရာ      အထူးအဖွဲ့ ခေါင်းဆောင်များ   အစည်းအဝေးကို   လာအိုနိုင်ငံ က အိမ်ရှင်အဖြစ်   လက်ခံကျင်းပရေးနှင့်   စပ်လျဉ်း ၍လည်းကောင်း    ဆွေးနွေးခဲ့ကြပြီး   သဘာပတိ က   နိဂုံးချုပ်   အမှာစကား   ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်