(၃၆)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ လှူဒါန်း

 

ရန်ကုန်    အောက်တိုဘာ    ၁၀


မြန်မာနိုင်ငံ     စာရေးဆရာအသင်း က   ၁၃၈၅  ခုနှစ်၊    မြန်မာနိုင်ငံ  စာဆိုတော်နေ့   အထိမ်းအမှတ် အဖြစ်  (၃၆)ကြိမ်မြောက် သက်ကြီး စာပေပညာရှင်များ ပူဇော်ကန်တော့ ပွဲအတွက်     စေတနာရှင်များက အလှူငွေများ     စတင်ပေးအပ် လှူဒါန်းကြရာ      ဒေါပုံမြို့နယ်      စာရေးဆရာအသင်းက ငွေကျပ် ၁၈၃၀၀၀၊ မှော်ဘီမြို့နယ် စာရေး ဆရာအသင်းက ငွေကျပ် ၁၅၀၀၀၀  တို့ကို ပေးအပ်လှူဒါန်းရာ  အသင်း ဥက္ကဋ္ဌ     ဦးအုန်းမောင်    (မြင်းမူ မောင်နိုင်မိုး)၊     အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင် ကောက်)နှင့်   တွဲဖက်အတွင်းရေး မှူးများက လက်ခံရယူပြီး ကျေးဇူး တင်စကား  ပြောကြားသည်။


အလှူငွေဖြစ်စေ၊    အလှူ ပစ္စည်းဖြစ်စေ    လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊    အမှတ်  (၁၇၃/၁၇၅)၊    (၇)လွှာ၊ ပန်းဆိုးတန်းလမ်း   (အလယ်)၊     ကျောက်တံတားမြို့နယ်၊   ရန်ကုန် မြို့၊   ဖုန်း  ၀၁-၂၅၂၄၁၇၊   ၀၉-၄၅၀၀၉၀၄၈၆  သို့    ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်