
နေပြည်တော် ဇွန် ၂၉
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၃၆)ကြိမ် မြောက် မြန်မာ - ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် နံနက်ပိုင်းက မြိတ်မြို့ရှိ ပုလဲသန္တာ ဟိုတယ်၌ပြုလုပ်ရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အပြန်အလှန်မိတ်ဆက်
ဦးစွာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak တို့က အမှာစကားပြောကြားကြပြီး နှစ်နိုင်ငံအဖွဲ့ဝင် များက အပြန်အလှန်မိတ်ဆက်ကြသည်။
ထို့နောက် နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အဖွဲ့ဝင်များ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ကဏ္ဍအလိုက် အသီးသီးဆွေးနွေး
အဆိုပါ (၃၆) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာကော်မတီအစည်းအဝေးတွင် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ် များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြ သည်။
ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
ညပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် နယ်ခြားကော်မတီ အစည်းအဝေး သို့ တက်ရောက်ကြသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များအား ပုလဲသန္တာဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး အမှတ် တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
အတည်ပြုလက်မှတ်ရေးထိုး
ဆက်လက်၍ အစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ပုလဲသန္တာဟိုတယ်၌ ဆက်လက်ကျင်းပရာ နှစ်နိုင်ငံကိုယ်စားလှယ် ခေါင်းဆောင်များ က (၃၆) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြကာ အမှာ စကားများ ပြောကြားကြသည်။
ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များသည် နှစ်နိုင်ငံ အထိမ်းအမှတ်တံဆိပ်များကို အပြန်အလှန်ပေးအပ်ကြပြီး ကော်မတီ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ၍ ကော်မတီအဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အစည်း အဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
(၃၆) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးကို တက်ရောက်လာကြသည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မြိတ်မြို့ရှိ တန်ခိုးကြီးဘုရား စေတီများအား သွားရောက်ဖူးမြော်ခြင်း၊ အခြားအထင်ကရနေရာများ အား သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်