(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား  နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား 
နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

 

နေပြည်တော်   ဇွန်    ၁


ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပ သည့် (၃၂) ကြိမ်မြောက်   အရှေ့ တောင်အာရှ   အားကစားပြိုင်ပွဲ တွင်        ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က    ဂုဏ်ပြုဆုချီးမြှင့် ခြင်း အခမ်းအနားကို  ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌     ကျင်းပရာ  နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်           ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်      တက်ရောက် အမှာစကားပြောကြားပြီး  ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်သည်။

 


အခမ်းအနားသို့       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အတူ ကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယ ဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူး ကြီး   စိုးဝင်း၊   ကောင်စီတွဲဖက် အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ် ကြီး  ရဲဝင်းဦး၊   ကောင်စီအဖွဲ့ဝင် များ၊  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊  နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊   ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊   နေပြည်တော်တိုင်း   စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၊           မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊   ဖိတ်ကြားထားသူများ၊   နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူ များ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 


စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က      ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်  ယခုနှစ် (၃၂) ကြိမ်မြောက် အရှေ့ တောင်အာရှ    အားကစားပြိုင်ပွဲတွင်    မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း ၁၉ နည်း၊  အားကစား သမား ၃၄၁ ဦး၊  အုပ်ချုပ်သူ/  နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း  ၄၄၅ ဦးဖြင့်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့ကြသည် ကို တွေ့ရှိရပါကြောင်း။
ဘောလုံးပြိုင်ပွဲ၌ မိမိတို့အမျိုးသား၊ အမျိုးသမီး အသင်း   နှစ်သင်းလုံးသည်    အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကြသည်မှာ  ပြည်သူတစ်ရပ်လုံး အတွက် အားတက်ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ပါကြောင်း၊  မြန်မာအမျိုးသမီးဘောလုံးအသင်းမှာ အုပ်စုအဆင့်၌   ပြိုင်ဘက်အသင်းကောင်းများဖြစ် သည့်  ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား စသည့် အသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အကြိုဗိုလ်လုပွဲ ၌ အာဆီယံတွင် အင်အားကြီး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိအနိုင်ရရှိကာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲကို ပြန်လည်တက်လှမ်းနိုင်ခဲ့သည့်အတွက် အားကစားဝါသနာရှင် မိဘပြည်သူများကို အတိုင်း အတာတစ်ခုအထိ ကျေနပ်မှုပေးစွမ်းနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 


(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၌  မြန်မာအားကစားအဖွဲ့၏ ထူးခြားချက်အနေ ဖြင့် မြန်မာနိုင်ငံအနေနှင့် ၁၉၈၁ ခုနှစ်နောက်ပိုင်း အခြားအိမ်ရှင်နိုင်ငံများကို        ဧည့်နိုင်ငံအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် SEA GAMES ပြိုင်ပွဲ များ၌ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်အများဆုံး ရယူပေး နိုင်ခဲ့သည့်  ပြိုင်ပွဲဖြစ်သည်ကို  တွေ့ရှိရမည်  ဖြစ်ပါ ကြောင်း။

 


၃၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့


ယခုနှစ်ပြိုင်ပွဲကို   ပြိုင်ပွဲဝင်နိုင်ငံ  ၁၁ နိုင်ငံက ပြိုင်ပွဲဝင်ကစားသမား အင်အား  ၆၂၁၀   ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး        အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် ပြိုင်ပွဲဝင် အင်အား ၈၀၀ ကျော်စီ၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ပြိုင်ပွဲဝင်အင်အား   ၇၀၀   ကျော်၊   မလေးရှားနိုင်ငံ အနေဖြင့်  အင်အား ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူနိုင်ငံတို့အနေဖြင့်  အင်အား ၅၀၀ ကျော်စီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး    မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲဝင်အားကစားသမားအင်အား  ၃၄၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 


အလားတူ   အားကစားနည်းအလိုက်    ပါဝင်  ယှဉ်ပြိုင်မှုအနေဖြင့်လည်း          အိမ်ရှင်နိုင်ငံက ထည့်သွင်းကျင်းပသည့် အားကစားနည်း ၃၆ နည်း တွင်   အိမ်ရှင်နိုင်ငံနှင့်   ဖိလစ်ပိုင်နိုင်ငံနှစ်နိုင်ငံက အားကစားနည်းအားလုံး    ရာနှုန်းပြည့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး   ထိုင်းနိုင်ငံ၊   မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံများ အနေဖြင့်    
အားကစားနည်း  ၃၀ ကျော်   ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြခြင်း   ဖြစ်ပါကြောင်း၊    မြန်မာနိုင်ငံအနေဖြင့်  အားကစားနည်း ၁၉ နည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ခြင်းကြောင့်   အားကစားနည်း    ပါဝင်ယှဉ်ပြိုင်မှု   ရာခိုင်နှုန်းအနေဖြင့်   ၅၂   ဒသမ   ၇၈  ရာခိုင်နှုန်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်ကို  တွေ့ရပါကြောင်း၊ အားကစားသမား  ပါဝင်ယှဉ်ပြိုင်မှု   အချိုးအစားကို   တွက်ကြည့်ရင်လည်း     အာဆီယံနိုင်ငံ   အားလုံးက   ပါဝင်ယှဉ်ပြိုင်သူအင်အား၏ ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရပါကြောင်း။

 


အောင်မြင်မှုရာခိုင်နှုန်း အမြင့်မားဆုံးပြိုင်ပွဲ


ထို့ပြင် ( ၂၇ ) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှစပြီး (၃၂) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအထိ   မိမိနိုင်ငံ   ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သူ  အားကစားသမားဦးရေနှင့်ဆုတံဆိပ်ရရှိမှုရာခိုင်နှုန်း တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ အောင်မြင်မှုရာခိုင်နှုန်းသည် (၂၇) ကြိမ်မြောက်ပြိုင်ပွဲ ၌ ၂၈ ရာခိုင်နှုန်း၊ (၂၈) ကြိမ်မြောက်ပြိုင်ပွဲ၌ ၁၇ ဒသမ ၈ ရာခိုင်နှုန်း၊ ( ၂၉ ) ကြိမ်မြောက်ပြိုင်ပွဲ၌ ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊  အကြိမ် (၃၀)မြောက်ပြိုင်ပွဲ၌ ၇ ဒသမ ၆၆ ရာခိုင်နှုန်း၊ (၃၁) ကြိမ်မြောက် ပြိုင်ပွဲ၌ ၂၁ ဒသမ ၅၂ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပြီး ယခု (၃၂) ကြိမ် မြောက်ပြိုင်ပွဲ၌ ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းအထိ ရရှိခဲ့ သည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း အမြင့်မားဆုံး ပြိုင်ပွဲဖြစ်သည်ကိုလည်း        မှတ်တမ်းတင်နိုင်ခဲ့ပါ ကြောင်း။

 


အားကစားပြိုင်ပွဲများ၌   အောင်မြင်မှုရခြင်း အတွက် ဝမ်းသာဂုဏ်ယူမိသကဲ့သို့ မြန်မာနိုင်ငံသား အားလုံးက   လိုလားတောင့်တနေသည့်  ဘောလုံး ပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိရေးကိုလည်း အမျိုးသားရေး အဖြစ်   ဦးတည်ကြိုးပမ်းကြရန်   တိုက်တွန်းလိုပါ ကြောင်း၊  အလားတူ  အရှိန်အဝါကြီးခဲ့သော  အစဉ် အလာရှိခဲ့သည့် ဘော်လီဘော၊ ပြေးခုန်ပစ်၊ အလေးမ နှင့်   လက်ဝှေ့ပြိုင်ပွဲများတွင်လည်း  ရွှေတံဆိပ်များ လွှမ်းနိုင်အောင် ကြိုးပမ်းကြရန် အားကစားသမား များနှင့် အဖွဲ့ချုပ်များကိုပါ တိုက်တွန်းလိုပါကြောင်း။

 


ထိုက်ထိုက်တန်တန်ဂုဏ်ပြု


နိုင်ငံတကာပြိုင်ပွဲများတွင်  နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်  မြှင့်တင်ပေးရာရောက်သည့်အပြင်  နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံ ကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်သည့်  အတွက် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစား     မောင်မယ်များအား    ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းပင်ဖြစ်ပါကြောင်း။

 


ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီ ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း အရေ အတွက်ရော  အားကစားသမား  အရေအတွက်ပါ  တိုးမြှင့်ယှဉ်ပြိုင်နိုင်ရေးနှင့် ယခုထက် ပိုမိုအောင်မြင်မှု ရရှိစေရေး ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်သွားကြရန် ဝန်ကြီးဌာနနှင့်အားကစားအဖွဲ့ချုပ်များကို ကြိုတင် အသိပေး မှာကြားလိုပါကြောင်း။

 


အရှေ့တောင်အာရှ    အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှဒေသအတွင်း ဂုဏ်သိက္ခာအမြင့် ဆုံး    အားကစားပြိုင်ပွဲ၊   အာဆီယံနိုင်ငံများ၏ အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ၊   နိုင်ငံတစ်နိုင်ငံ၏  အားကစား အဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲ ကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း အားကစား မောင်မယ်များအနေဖြင့် နောင်လာမည့် အရှေ့တောင်အာရှအားကစား    ပြိုင်ပွဲအပါအဝင် နိုင်ငံတကာ      အားကစားပြိုင်ပွဲများတွင်လည်း ဆက်လက်အောင်မြင်မှုရရှိစေရေး မလျော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ယခုထက် ပိုမို အားထုတ်ကြိုးပမ်းသွားကြရန်    ထပ်မံပြီး   အလေး အနက် တိုက်တွန်းမှာကြားလိုပါကြောင်း။

 


ဆက်လက်ကြိုးပမ်းအားထုတ်


နိုင်ငံတကာပြိုင်ပွဲများတွင်   ရွှေ၊   ငွေ၊  ကြေး ဆုတံဆိပ်များ   ယခုထက်ပိုမိုရရှိပြီး    နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စား ရာမှတစ်ဆင့်   ပြိုင်ပွဲဝင်နိုင်သည်အထိ   လေ့ကျင့် ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်စေရေး ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်း အားထုတ် သွားကြရန်    တိုက်တွန်းမှာကြား    လိုပါကြောင်း ပြောကြားသည်။

 


ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံက (၃၂)ကြိမ်မြောက်  အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ 

 


ထို့နောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်   ဆုတံဆိပ်ရရှိခဲ့သည့်  နိုင်ငံ့ ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများ နှင့်  အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် ဗိုဗီနမ်အားကစားနည်းမှ မောင်အိုက်စိုးလင်း၊ မခိုင်ဝါဖူးနှင့်   မမေဟန်နီအောင် လွင်၊     မောင်မနားကွီးနှင့်    မောင်တင်ထူးဇော်၊  မောင်အောင်ခိုင်လင်း၊   မောင်ဟိန်းထက်အောင်၊  မောင်ကျော်သူစိုးအောင်၊ မောင်ရာဇာထွန်း၊ ဗိုဗီနမ် (ခွန်ဘိုကာတာ) ကစားနည်းမှ   မောင်ပိုင်ဇေယျာဖြိုး၊  မောင်အံ့ဘွယ်ငြိမ်း၊ မနီလာစိုးဦး၊    ဗိုဗီနမ်(အားနစ်)   ကစားနည်းမှ မောင်စည်သူမောင်၊ မောင်ဇော်သက်၊ မောင်ရဲဇော်မိုး၊ မောင်မျိုးထွန်းအံ့၊ ခြင်းလုံးအားကစား နည်းမှ Same Stroke Event-2  အမျိုးသမီးအသင်း၊  Linking (Preliminary) Event-3 အမျိုးသား၊ အမျိုးသမီးအသင်း၊  Non  Repetition  Secondary Event-4 အမျိုးသားအသင်း၊Non Repetition Secondary   Event-4    အမျိုးသမီးအသင်း၊   ပိုက်ကျော်ခြင်း   အားကစားနည်း၊   ကွင်းသွင်း ကစားနည်းမှ အမျိုးသားအသင်း၊  ကွင်းသွင်းခြင်း ကစားနည်းမှ  အမျိုးသမီးအသင်း၊   ဘိလိယက်/စနူကာ  အားကစားနည်းမှ ဦးပေါက်စ၊ မောင်မောင် (ခ) ဘုန်းမြင့်ကျော်(ကိုယ်စား)  အားကစားသမား  တစ်ဦး၊  မောင်သော်ဇင်ထက်၊ ဝူရှူးအားကစားနည်းမှ မစန္ဒီဦး၊   ရိုးရာလှေ  အသက်  (၂၄)နှစ်အောက် အမျိုးသား ငါးယောက်လှော် မီတာ ၂၅၀ အားကစား အသင်း၊  တိုက်ကွမ်ဒို  အားကစားနည်းမှ မောင်ကျော် မင်းနိုင်၊ အလေးမ   အားကစားနည်းမှ    မဇင်မေဦး၊ ပီတန်း အားကစားနည်းမှ  မခင်ချယ်ရီသက်တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

 


အမေရိကန်ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်


ဆက်လက်ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က အထူးဆု အဖြစ်   (၃၂) ကြိမ်မြောက်    အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ သည့် အမျိုးသမီးဘောလုံးအသင်းအား အမေရိကန် ဒေါ်လာ ၅၀၀၀၀ ကိုလည်းကောင်း၊ အကြိုဗိုလ်လုပွဲ သို့တက်ရောက်နိုင်ခဲ့သည့်        အမျိုးသားဘောလုံး အသင်းအား အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကိုလည်း ကောင်း ပေးအပ်ချီးမြှင့်သည်။

 


ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်


ယင်းနောက်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က   ငွေ တံဆိပ်ဆုရရှိခဲ့ကြသည့်   ဗိုဗီနမ်အားကစားနည်းမှ မောင်တင်ထူးဇော်၊ မအိန္ဒြေဖူး၊ မနှင်းသက်ဝေ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ)အားကစားနည်းမှ  မနီလာစိုးဦး၊ မသိင်္ဂီဝင်းကျော်၊ ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ မမိုးမိုးအေး၊    ပိုက်ကျော်ခြင်း   အားကစားနည်း နှစ်ယောက်တွဲပြိုင်ပွဲ           အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့အား     ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

 


ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်


ဆက်လက်၍  ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များ    ဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊   ဒေါက်တာမှုထန်၊   ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်း သိန်းဇံ၊   ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ     တပ်မတော်အရာရှိကြီးများက ခြင်းလုံးအားကစားနည်း၊ ရိုးရာလှေ၊  ဝူရှူးအားကစား နည်း၊ ခွန်ခမာ အားကစားနည်း၊ ဂျူဒိုအားကစားနည်း၊ ဘောလုံးအားကစားနည်း၊  ကြက်တောင်၊  ဗိုဗီနမ် အားကစားနည်း၊ ဘိလိယက်/စနူကာ၊ တိုက်ကွမ်ဒို အားကစားနည်း၊     အလေးမအားကစားနည်း၊ လက်ဝှေ့အားကစားနည်း၊ စစ်တုရင်အားကစားနည်း၊ ပြေးခုန်ပြစ် အားကစားနည်း၊ ခရစ်ကတ်အားကစား နည်း၊ E Sports အားကစားနည်းတို့ တွင် ငွေတံဆိပ် နှင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ် သူများကို   ဂုဏ်ပြုဆုငွေများ   အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

 


ကျေးဇူးတင်စကား  ပြန်လည်ပြောကြား


ယင်းနောက်   နိုင်ငံ့ဂုဏ်ဆောင်  ဆုတံဆိပ်ရ အားကစားသမားများကိုယ်စား   ရွှေတံဆိပ်  တစ်ခု၊ ငွေတံဆိပ် နှစ်ခုရရှိသော    ဝူရှူးအားကစားသမား မစန္ဒီဦးက ကျေးဇူးတင်စကား  ပြန်လည်ပြောကြား သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

 


ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု  အားကစားသမားများအနေ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်း ၁၉ နည်းမှ ဗိုဗီနမ်၊ ဗိုဗီနမ် (ခွန်ဘိုကာတာ)၊ ဗိုဗီနမ် (အားနစ်)၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်နှင့် စနူကာ၊ ပီတန်း၊  ဝူရှူး၊ တိုက်ကွမ်ဒို၊ ရိုးရာလှေ၊ အလေးမ အားကစားနည်း ရှစ်နည်း၌ ရွှေတံဆိပ် ၂၁ ခု ရရှိခဲ့ ကြောင်း၊   ကျန်အားကစား  ၁၁   နည်းအနက် ဘော်လီဘောနှင့်   တင်းနစ်အားကစားနည်းများမှ လွဲပြီး ကျန်အားကစားနည်း ကိုးနည်းမှာ ငွေတံဆိပ် ၂၅ ခု နှင့် ကြေးတံဆိပ် ၆၈ ခုရရှိခဲ့ကြောင်း၊ ငွေတံဆိပ် ရရှိခဲ့ကြသည့် အားကစားနည်းများသည်လည်း ပြိုင်ပွဲ များ၌   ဗိုလ်လုပွဲကို  တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး  ရွှေတံဆိပ်မရရှိခဲ့ကြသော်လည်း   နိုင်ငံအတွက် နောက်ဆုံး   ဗိုလ်လုပွဲအဆင့်အထိ   အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားခဲ့ကြကြောင်း၊  မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့်        ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး  အမျိုးသားဘောလုံးအသင်း အနေဖြင့်လည်း အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင် ခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင် အောင် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်နေမှုများ ကို အသိအမှတ်ပြုသည့်အနေဖြင့် တာဝန်ရှိသူများက မကြာခဏ ကြည့်ရှုအားပေးခဲ့သကဲ့သို့ ယခုအခါတွင် လည်း ဆုတံဆိပ်ရရှိခဲ့ကြသူများကို ထိုက်တန်စွာဖြင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ တစ်ဦးချင်းပြိုင်ပွဲ များ၌ ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း  ၃၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊  ကြေး တံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀၊ အသင်း လိုက်ပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်း သား တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ ကြသည့် အသင်းသားတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၊ ကြေးတံဆိပ် ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းနှင့်   အားကစားနည်းအလိုက်   တာဝန်ယူ  ဆောင်ရွက်ခဲ့ကြသည့်  နည်းပြများနှင့် အုပ်ချုပ်သူများအား      မိမိတို့   အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ် ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ စီ ပေးအပ်ချီးမြှင့်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေအနေဖြင့်    ငွေကျပ်စုစုပေါင်း  ၃၃၃၃  သန်းနှင့် အမေရိကန် ဒေါ်လာ ၇ သောင်း ဖြစ်ကြောင်း သတင်းရရှိသည်။          

 သတင်းစဉ်