
နေပြည်တော် မေ ၁၁
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။
အဆိုပါ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီးဘောလုံးအသင်းတို့သည် မေလ ၁၂ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ထိုသို့ ယှဉ်ပြိုင်ကစားကြပုံများကို MRTV HD Channel ၊ MRTV Sports Channel ၊ MRTV Parliament Channel ၊ MRTV Farmers’ Channel နှင့် မြန်မာ့အသံရေဒီယိုတို့က တိုက်ရိုက် Live ထုတ်လွှင့် သွားမည်ဖြစ်သည်။
သတင်းစဉ်