
ရန်ကုန် ဒီဇင်ဘာ ၇
၂၀၂၂ ခုနှစ် မေလလယ်တွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် အားကစားနည်း ၁၈ နည်းအား
နေပြည်တော်၊ ရန်ကုန်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆီးဂိမ်းပြိုင်ပွဲအတွက် ရန်ကုန်မြို့၌ လေ့ကျင့်လျက်ရှိသော အားကစားသမားများအား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ညွှန်ကြားရေးမှူးများ နှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲက မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်ရှိ စခန်းသွင်းလေ့ကျင့်လျက်ရှိသော ဘိလိယက်နှင့် စနူကာ အားကစားသမားများအား လည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်မှ အားကစားသမားများအားလည်း ကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်မြို့တော်စည်ပင်အားကစား ဝင်းအတွင်းရှိ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ အားကစားသမားများအားလည်းကောင်း၊ ၂၀၂၃ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲအတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၏ ပံ့ပိုးမှုဖြင့် စခန်းသွင်း လေ့ကျင့်လျက်ရှိသော မျိုးဆက်သစ်အားကစားသမားများ လေ့ကျင့် နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
“ဆီးဂိမ်းပြိုင်ပွဲနီးကပ်လာပြီဖြစ်သည့်အတွက် ပြိုင်ပွဲအတွေ့အကြုံ များရရှိစေရန် လက်ရည်စစ်ပြိုင်ပွဲတွေကျင်းပဖို့ ရည်ရွယ်ထားပါ တယ်။ အားကစားသမားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အားကစားအဖွဲ့တွေအနေနဲ့ ပြိုင်ပွဲ ကာလ နီးကပ်လာပြီဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် အောင်မြင်မှု ဆုတံဆိပ်များ ရရှိနိုင်ဖို့ နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန်ကြိုးစား လေ့ကျင့်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ပြောကြားသည်။
အာကာစိုး