(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသမီးအားကစားသမား နှစ်ဦးအား ဂုဏ်ပြု

 

ထားဝယ်   ဇွန်   ၂၃


ဗီယက်နမ်နိုင်ငံတွင်  ပြီးခဲ့သည့် မေလက ကျင်းပခဲ့သည့်  (၃၁) ကြိမ်မြောက်   အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲတွင်  ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့သော  တနင်္သာရီ တိုင်းဒေသကြီးမှ    အမျိုးသမီး အားကစားသမား    နှစ်ဦးအား ဂုဏ်ပြုပွဲကို   ဇွန် ၂၃   ရက်က  ထားဝယ်မြို့    တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး     အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်     ဦးမြတ်ကိုက ဗီယက်နမ်နိုင်ငံတွင်   ကျင်းပခဲ့ သည့်  (၃၁)  ကြိမ်မြောက် အရှေ့ တောင်အာရှ    အားကစားပြိုင်ပွဲ များတွင်  ဒုတိယ(ငွေ)တံဆိပ်နှင့် တတိယ(ကြေး)တံဆိပ်ကိုဆွတ်ခူး နိုင်ခဲ့သည်ကို   ချီးကျူးဂုဏ်ပြုပါ ကြောင်း၊   တိုင်းဒေသကြီးအတွင်း က မြန်မာ့လက်ရွေးစင်အားကစား မောင်/မယ်များအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက် အထိ   ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့်   (၃၂)   ကြိမ်မြောက်       အရှေ့တောင်အာရှ   အားကစား ပြိုင်ပွဲများတွင်   ယခုထက်မက   ပိုမိုအောင်မြင်မှု     ရရှိအောင်          အားထုတ်ကြိုးပမ်း ပြင်ဆင်သွား ကြရန်လိုအပ်ကြောင်း  ပြောကြားသည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ဂျူဒိုအားကစား ပြိုင်တွင်   ဒုတိယ(ငွေ)   တံဆိပ် ဆွတ်ခူးရရှိသော  သရက်ချောင်း မြို့နယ်မှ   မခြူးမြတ်နိုးဝေအား ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်းကို လည်းကောင်း၊   လက်ဝှေ့ ပြိုင်ပွဲတွင် တတိယ(ကြေး)တံဆိပ် ဆွတ်ခူးရရှိသော ပုလောမြို့နယ်မှ မအေးငြိမ်းထူးအား    ဂုဏ်ပြုဆု ငွေကျပ် ၁၀သိန်းကိုလည်းကောင်း ပေးအပ်ကြောင်း သိရသည်။ 


တိုင်းဒေသကြီး
(ပြန်/ဆက်)