(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံလက်ရွေးစင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော်   ဇွန်   ၁၆


(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့သည့်   ဧရာဝတီတိုင်းဒေသကြီးမှ  နိုင်ငံလက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို  ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့  မြို့တော်ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊   အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်    ဌာနဆိုင်ရာတာဝန်ရှိသူများ၊    နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ    တိုင်းဒေသကြီးဝန်ကြီးချုပ်က   အမှာစကားပြောကြား သည်။  ထို့နောက်  (၃၁) ကြိမ်မြောက်  အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင်  နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့်  ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံလက်ရွေးစင်အားကစားသမားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက  ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊   တိုင်းမှူးနှင့် တက်ရောက် လာကြသူများက နိုင်ငံ့ဂုဏ်ဆောင်  ဆုရအားကစားသမားများ၏ ပြိုင်ပွဲ တွင်  ယှဉ်ပြိုင်ခဲ့သည့်  မှတ်တမ်း Video အား ကြည့်ရှုအားပေးခဲ့ကြပြီး အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။                       

သတင်းစဉ်