
နေပြည်တော် ဒီဇင်ဘာ ၇
ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A)၌ လေ့ကျင့်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အားကစားသမားများအတွက် အားကစားလေ့ကျင့်ရေး ဝတ်စုံနှင့် အားကစားပစ္စည်းများ၊ အားဖြည့်အချိုရည်များနှင့် ထောက်ပံ့ကြေးငွေကျပ် ၁၀ သိန်း ပေးအပ် လှူဒါန်းခဲ့ပြီး အားကစားသမားများကို စိတ်ဓာတ်မြှင့်တင် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်