
နေပြည်တော် နိုဝင်ဘာ ၁၆
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ် ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ယနေ့ နံနက်ပိုင်း တွင် ထိုင်းနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြရာ အဆိုပါအဖွဲ့အား စစ်ရေးချူပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
မြန်မာ့တပ်မတော် သေနတ် ပစ်အသင်းတွင် အသင်း ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ် သူ၊ နည်းပြများနှင့် သေနတ်ပစ် အားကစားသမား စုစုပေါင်း ၄၂ ဦး တို့ လိုက်ပါသွားကြသည်။
(၃၁) ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ကာဘိုင် အသင်း၊ ရိုင်ဖယ်အသင်း၊ စက် သေနတ်အသင်း၊ ပစ္စတိုအမျိုးသား အသင်းနှင့် ပစ္စတိုအမျိုးသမီး အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်