
နေပြည်တော် စက်တင်ဘာ ၂၉
(၃၁) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများအဆင့် အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်း တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နေပြည် တော်မှ ပါဝင်တက်ရောက်ခဲ့ ကြသည်။
အစည်းအဝေးကို ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရသော ဘရူနိုင်း ဒါရူဆလမ်နိုင်ငံမှ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးက သဘာပတိအဖြစ် ကြီးမှူး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ ဆောင် ရွက်ချက်များအပေါ် စစ်ဆေး အကဲဖြတ်ခြင်း အားဖြည့်မြှင့်တင် ခြင်းအပါအဝင် အာဆီယံလူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်း အခြေပြမြေပုံ ၂၀၂၅ နှစ်လည် အကဲဖြတ်မှု အစီရင်ခံစာမှ ထွက်ပေါ်လာသော အကြံပြုချက် များအပေါ် ဆက်လက်ဆောင် ရွက်နေသည့် အခြေအနေများ၊ ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင် ရွက်မှုများ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများက အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၌ အစည်းအဝေးများ ဆောင်ရွက်ရန် သတ်မှတ်ချက် များ၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှင့် ဒစ်ဂျစ် တယ် နည်းပညာဖွံ့ဖြိုးတိုးတက်မှု နှင့် စပ်လျဉ်းသည့် 1st Innovation Platform Dialogue မှ ထွက်ပေါ် လာသော အကြံပြုချက်များ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံက ၂၀၂၁ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌ ဆောင်ရွက်နေစဉ် အထူးဦးစား ပေး အကောင်ထည်ဖော် ဆောင် ရွက်နေသည့် ကိစ္စရပ်များ၊ အာဆီယံဒေသတွင်း အရေးပေါ် အခြေအနေများနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်မှု များကို ချိတ်ဆက်အကောင် အထည်ဖော် ဆောင်ရွက်မည့် ဘန်ဒါဆရီဘီဂါဝန်ကြေညာချက် (Bandar Seri Begawan Declaration)၊ ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်းဆိုင်ရာ မျှော်မှန်းချက် (Hanoi Decla-ration) အား ဆက်လက်ဆောင် ရွက်သည့် အခြေအနေများနှင့် အဆင့်မြင့် အရာရှိကြီးများ၏ လုပ်ငန်းတာဝန် သတ်မှတ်ချက် များ၊ (၃၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၊ (၂၄) ကြိမ် မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးနှင့် (၁၆) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးတို့တွင် နိုင်ငံ ခေါင်းဆောင်ကြီးများက အတည် ပြု မှတ်တမ်းတင်ကြမည့် မှတ်တမ်းမှတ်ရာများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်