၂၇၆၁ ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပသွားမည်

ဘားအံ ဒီဇင်ဘာ ၁၆


ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍    ကရင်            နှစ်သစ်ကူးနေ့အခမ်းအနားကို ဘားအံမြို့ သီရိကွင်း တွင်  အနှစ်သာရပြည့်ဝစွာဖြင့်   ကျင်းပသွားမည်       ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ပြုလုပ်သည့်  ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယ အကြိမ်)မှ သိရသည်။


ကရင်တိုင်းရင်းသားလူမျိုးများ  ပျံ့နှံ့နေထိုင်ရာ နေရာဒေသများတွင် ကရင်နှစ်သစ်ကူးနေ့အခမ်း အနားကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့က  ဦးစီး ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာများအတိုင်း  ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ် တကျဖြင့်  အနှစ်သာရပြည့်ဝစွာ  ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကရင်အမျိုးသားအလံတင်အခမ်းအနား၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနား၊   ဖိ့ဗူးယော် ကောက်သစ်စားပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက    အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများက   ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား    အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး တင်ပြကြကာ ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပနိုင်ရေး  သက်ဆိုင်ရာကော်မတီအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး   ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။    

                စောမျိုးမင်းသိန်း(ပြန်/ဆက်)