(၂၆) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့်ပတ်သက်သည့် အကြိုညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်


 

နေပြည်တော် အောက်တိုဘာ ၂၀


အင်ဒိုနီးရှားနိုင်ငံက အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်များတွင် Video Conferencing စနစ်ဖြင့် ကျင်းပမည့် (၁၆) ကြိမ်မြောက် အာဆီယံအလုပ် သမားရေးရာအရာရှိကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပ မည့် (၂၆) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေး နှင့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်း အဝေးများနှင့်စပ်လျဉ်းသည့် အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။ (အပေါ်ယာပုံ)
ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အာဆီယံအဆင့်မြင့် အလုပ်သမား အရာရှိကြီးများ၊ အာဆီယံအလုပ် သမားအရာရှိကြီးများ အစည်းအဝေး နှင့် အာဆီယံ+၃ အလုပ်သမား ဝန်ကြီးများ အစည်းအဝေးများသည် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက ချမှတ် ခဲ့သည့် လုပ်ငန်းလမ်းညွှန်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင် အထည်ဖော်ဆောင်ရွက်ရန် ကျင်းပ ခြင်း ဖြစ်ပါကြောင်း။
အာဆီယံအလုပ်သမားဝန်ကြီး များ အစည်းအဝေး၌ အာဆီယံအလုပ် သမားဝန်ကြီးများ လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ နှင့် ဆက်စပ်လုပ်ငန်း အစီအစဉ်များကို အာဆီယံအလုပ် သမားအရာရှိကြီးများ အစည်းအဝေး ၏ သဘောတူညီချက်ဖြင့် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်း အဝေးသို့ တင်ပြအတည်ပြုသွားရန် ရှိပါကြောင်း၊ အာဆီယံအလုပ်သမား ဝန်ကြီးများက အတည်ပြုကြောင်း တရားဝင်စာဖြင့် ပေးပို့ထားပြီးသော အလုပ်သမားရေးရာဆိုင်ရာ အာဆီယံ လမ်းညွှန်ချက်များနှင့် လမ်းပြမြေပုံ တို့ကို ထပ်မံအတည်ပြုသွားမည် ဖြစ်ပါကြောင်း။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက် အထိ Video Conferencing စနစ်ဖြင့် ကျင်းပမည့် အစည်းအဝေးအစီအစဉ် များတွင် သက်ဆိုင်ရာဦးစီးဌာန အလိုက် ထိထိရောက်ရောက် ပါဝင် ဆွေးနွေးနိုင်ရေးသက်ဆိုင်ရာ ဌာန များနှင့် ဆက်သွယ်ပူးပေါင်း၍ လိုအပ် သည်များ ပြင်ဆင်ထားရန်၊ ပါဝင် တက်ရောက်မည့် ကိုယ်စားလှယ်များ က အချက်အလက်များနှင့် လိုအပ် သည်များ စနစ်တကျ ကြိုတင်ပြင်ဆင် ထားရန်နှင့် internet နှင့် လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရေး စီစဉ် ထားရန်၊ ယခင် အစည်းအဝေးများ၌ ဆွေးနွေးချက်များ ယခုအစည်းအဝေး ၌ အတည်ပြုချမှတ်မည့် အချက် အလက်များနှင့် ပတ်သက်၍ လိုအပ် သည်များ ကြိုတင်လေ့လာပြင်ဆင် ထားနိုင်ရေး ညွှန်ကြားခဲ့ပြီး (၂၆) ကြိမ် မြောက် အာဆီယံအလုပ်သမား ဝန်ကြီးများ အစည်းအဝေးကျင်းပရ ခြင်း၏ အဓိက ရည်မှန်းချက်ဖြစ်သည့် “အနာဂတ် အလုပ်အကိုင်အတွက် အာဆီယံ အလုပ်သမားများ၏ ယှဉ်ပြိုင်နိုင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် သွက်လက်မှုမြှင့်တင်ရေး”နှင့် ပတ် သက်၍ ဘာသာရပ်ဆိုင်ရာတာဝန်ခံ များနှင့် ညွှန်ကြားရေးမှူးချုပ်များ အနေဖြင့် လေ့လာပြင်ဆင်ထားကြ ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
မိမိတို့ဌာနနှင့် သက်ဆိုင်သော လိုအပ်သည့် အချက်အလက်များအား တိတိကျကျ အချိန်မီပြည့်စုံစွာ ပေးပို့ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ အစည်းအဝေးမကျင်းပမီ အထက်ဌာနများသို့ တင်ပြဆုံးဖြတ် ချက်ရယူရန် အကြောင်းအရာများ ရှိပါက အချိန်မီကြိုတင်တင်ပြ ဆောင်ရွက်ထားကြရန်၊ အင်္ဂလိပ်စာ Skill ကျွမ်းကျင်သူများကို တာဝန် ပေးဆောင်ရွက်သွားရန်နှင့် မျိုးဆက် သစ်များအား ပြုစုပျိုးထောင်မွေးထုတ် သွားနိုင်ရေး ကြိုတင်မျှော်တွေး၍ ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခင် အာဆီယံအစည်းအဝေးများက ဆုံးဖြတ် ထားသည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ Midterm Report ကို အချိန်မီပေးပို့ဆောင်ရွက်သွားရန်၊ အာဆီယံနိုင်ငံများအတွင်း မိမိတို့ နိုင်ငံသည် ရွှေ့ပြောင်းလုပ်သား အများဆုံး နိုင်ငံတစ်ခုဖြစ်သည့် အတွက် အခြားအာဆီယံနိုင်ငံများ၏ လုပ်ဆောင်ချက်များအား စဉ်ဆက် မပြတ်လေ့လာပြီး အာဆီယံအလုပ် သမားရေးရာကိစ္စရပ်များနှင့် ပတ်သက် ၍ ထဲထဲဝင်ဝင်လေ့လာ၍ ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် ယခင်တက်ရောက် ခဲ့သည့် 13th SLOM-WG အစည်း အဝေး တက်ရောက်ခဲ့မှုများနှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးများက ရှင်းလင်း တင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် များက မိမိတို့ ဦးစီးဌာနအလိုက် သက်ဆိုင်သည့် ယခင်အာဆီယံ အစည်းအဝေးတက်ရောက်ခဲ့မှုများ၊ အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ လာမည့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် (၂၆) ကြိမ် မြောက် အာဆီယံအလုပ်သမားဝန်ကြီး များ အစည်းအဝေး (26th ALLM) တွင် ပါဝင်ဆွေးနွေးနိုင်ရေး မိမိတို့သက်ဆိုင် ရာ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက် နေမှု၊ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။ သတင်းစဉ်