
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၀/၂၀၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
Myanmar National Post အယ်ဒီတာချုပ် နောင်တော်လေးက ကြားကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမေရိကန် နိုင်ငံသားတစ်ဦးဖြစ်သည့် အကြမ်းဖက်လှုံ့ဆော်သူတစ်ဦးကို လူသား ချင်းစာနာမှုအနေဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းရှိကြောင်း၊ NLD ၊ PDF အစွန်းရောက်အကြမ်းဖက်များ၏ နောက်ကွယ်တွင် အကြမ်းဖက် အားပေးလုပ်နေသည့် အမေရိကန်နိုင်ငံသည် ယင်းနိုင်ငံတွင် လက်ခံ ထားသည့် NLD ၊ ၈၈ မှ အကြမ်းဖက်လှုံ့ဆော်သူအကြမ်းဖက် ခေါင်းဆောင်များကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန် ရှိ မရှိ၊ ဗိုလ်ချုပ်တို့ဘက်က တောင်းဆိုထားခြင်း ရှိ မရှိ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ ရှိကြောင်း၊ ကုလသမဂ္ဂတွင်လည်းရှိကြောင်း၊ အာဆီယံတွင်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့များရှိကြောင်း၊ အားလုံးအကြောင်း ကြားထားကြောင်း၊ ဆောင်ရွက်ခြင်း၊ မဆောင်ရွက်ခြင်းသည် ၎င်းတို့ ၏ဥပဒေနှင့်အညီ နိုင်ငံကြီးသား၊ နိုင်ငံကြီး ပီသမှု ရှိ မရှိသည် ၎င်းတို့၏ လုပ်ဆောင်မှုတွင်သာ မူတည်သည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
Myanmar National Post အယ်ဒီတာချုပ် နောင်တော်လေးက ပညာရေးဝန်ထမ်းများထဲတွင် အကြမ်းဖက်လှုံ့ဆော်သူများနောက် ပါပြီး CDM လုပ်သူများလည်းရှိကြောင်း၊ CDM မလုပ်ဘဲ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများရှိကြောင်း၊ ဆရာ ဆရာမများ၏ ရာထူးတိုးကိစ္စများ ပညာရေးဝန်ကြီးဌာနတွင် အစီအစဉ်ရှိပါကြောင်း၊ ရာထူးတိုး အစီ အစဉ်တွင် ကြန့်ကြာနေသည်ဟု ဆရာ ဆရာမများထံမှ ကြားသိရပါ ကြောင်း၊ မည်သို့အစီအစဉ်ရှိသည်ကို ပညာရေးဝန်ကြီးဌာနက ဖြေ၍ ရလျှင်ဖြေပေးစေလိုပါကြောင်း မေးမြန်းသည်။
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရာထူးတိုးများ စီစဉ်နေကြောင်း၊ ရာထူးတိုးကြန့်ကြာခြင်းမှာ သတ်မှတ်နှစ် မပြည့် သေး၍သာဖြစ်ကြောင်း၊ ပြည့်လျှင် လျာထားပါကြောင်း၊ Non-CDM များ အပြစ်မရှိလျှင်၊ သတ်မှတ်ကာလပြည့်လျှင် အကုန်ပေးပါကြောင်း၊ တချို့နှစ်မပြည့်သေး၍ မရသေးခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Nation သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦး က အာဆီယံ၏ဘက်လိုက်မှုအပေါ်တွင် ထိထိရောက်ရောက် ရဲရဲဝံ့ဝံ့ တုံ့ပြန်ခဲ့သည့် နိုင်ငံတော်အကြီးအကဲနှင့်တကွ နိုင်ငံခြားရေးဝန်ကြီး အား Myanmar Nation မီဒီယာမှ လေးစားစွာဂုဏ်ပြုဦးညွှတ်ကြောင်း ဦးစွာပြောလိုပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေး၊ ပညာရေးအဓိက ထားဆောင်ရွက်နေကြောင်း၊ တိုးတက်အောင် ဆောင်ရွက်နေကြောင်း ကို ဗိုလ်ချုပ် ပြောကြားသွားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့်တကွ နိုင်ငံတော်ဖွံ့ဖြိုးရန် လျှပ်စစ်သည် အဓိကကျသည့် နေရာတွင် ပါဝင်ပါကြောင်း၊ ယခင်အစိုးရလက်ထက်နှင့် ယခု တပ်မတော်အာဏာထိန်းခဲ့သည့် ၁၀ လအတွင်း ပြည်သူကို စိတ်ဒုက္ခ အပေးနိုင်ဆုံးဌာနကို ပြပါဆိုလျှင် လျှပ်စစ်ဝန်ကြီးဌာနကို ပြရမည် ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် တိုင်းသူပြည်သားများ၏ဝင်ငွေကိုချိန်ဆခြင်းမရှိဘဲ လျှပ်စစ်မီတာခ သုံးဆတိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် တွင် ၁၀ လပိုင်း၌ မိမိတို့မီတာခများက သုံးစွဲသည်ထက်ပိုပြီး ကောက်ခံခြင်းကိုခံနေရကြောင်း၊ မီတာခဆောင်ရာတွင် အဆင်မပြေမှု များရှိကြောင်း၊ ထိုထက်ဆိုးသည်က လူမနေသည့်၊ အိမ်ရှစ်လတိတိ ပိတ်ထားခဲ့ရသည့်၊ အိမ်ကိုစွန့်ခွာပြီး ပြေးလာခဲ့ရသည့် လူတစ်ယောက် ၏ မီတာဘေလ်ကသိန်းကျော်ကျနေကြောင်း၊ ယင်းမှာ မိမိအိမ်ဖြစ် ကြောင်း၊ မိမိအိမ်ကို လုံးလုံးပိတ်ထားတာဖြစ်ပြီး သော့ခတ်ထား ကြောင်း၊ ယခု မီးဖြတ်သွားပြီဟုကြားရကြောင်း၊ မီတာဘေလ်သွားဆောင်နိုင်ခြင်းလည်းမရှိကြောင်း၊ ယင်းအခြင်းအရာများက မည်သို့ ဖြစ်နေပါသနည်း၊ အိမ်စောင့်အစိုးရအနေဖြင့် လျှပ်စစ်ဝန်ကြီးဌာနကို မည်ကဲ့သို့အကြံပေးပြီး မည်သို့လုပ်ဆောင်ပေးနိုင်မည်ကို သိလိုပါ ကြောင်း၊ မီတာခများနှင့် ပတ်သက်၍ လျှပ်စစ်ဝန်ကြီးဌာနမှ ရှုံးသည် ကို မိမိသိရှိပါကြောင်း၊ သို့သော် နိုင်ငံတော်အနေဖြင့် ဝန်ကြီးဌာနတစ်ခု တည်း အရှုံးအမြတ် ကို တစ်နိုင်ငံလုံးအနေဖြင့် သတ်မှတ်၍မရကြောင်း၊ အိမ်စောင့်အစိုးရလက်ထက်တွင် ပြည်သူများ၏ ဝင်ငွေဖြင့် ချင့်ချိန်ပြီး မီတာခနှုန်းထားများ ပြန်လည်ပြင်ဆင်ပေးနိုင်ခြင်း ရှိ မရှိ သိလိုပါ ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မီတာခများ ကိုဗစ်- ၁၉ ရောဂါကာလ တွင် ဖြေလျှော့ပေးထားတာရှိကြောင်း၊ တချို့မြေပြင်၌လည်း လက်တွေ့သိနေရတာရှိကြောင်း၊ မီတာခကောက်ခံရန် အခက်အခဲများ ရှိနေသလို၊ မီတာခဆောင်ရန် အခက်အခဲဖြစ်နေသူများလည်း ရှိကြောင်း၊ တချို့မီတာခကို အွန်လိုင်းမှ မီတာဘေလ်ဆောင် နိုင်သည် ဟုပြောသော်လည်း လက်တွေ့တွင် လုပ်ဆောင်မရသည့် အခက်အခဲ များကို တင်ပြသည်ကို သိရကြောင်း၊ တချို့ကိစ္စများ နိုင်ငံတော်အဆင့် အထိရောက်လာသည့် တိုင်ကြားမှုများရှိကြောင်း၊ ထိုသို့ ဖြစ်ပျက်ခဲ့ သည့်ကိစ္စများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ဆက်လက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနကိုလည်း အသိပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကြီးကြပ်သူများကိုလည်း အမြန်ဆုံးအသိပေး စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက မကျွမ်းကျင်သော်လည်း စိုးရိမ်စိတ်ကြောင့် မေးမြန်းရခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအကြောင်းကို သတင်းထောက် ညီအစ်ကိုမောင်နှမ များက များစွာမေးမြန်းသွားကြောင်း၊ မိမိပိုက်ဆံကို ဘဏ်၌အပ်ထားပြီး ပြန်ထုတ်သည့်အချိန်တွင် ရာခိုင်နှုန်းအနေဖြင့် ပြန်ပေးနေရကြောင်း၊ ထုတ်၍မလွယ်ကြောင်း၊ မိမိသည် မိမိ၏ချွေးနှဲစာကို ရာခိုင်နှုန်းပေးပြီး ထုတ်မည့်လူမျိုးမဟုတ်ကြောင်း၊ ကျန်သူများ ထုတ်သည်ကိုလည်း အားမပေးကြောင်း၊ သို့သော် မိမိတို့ယုံကြည်စိတ်ချသည့် နိုင်ငံတော် အစိုးရအနေဖြင့် ပုဂ္ဂလိကဘဏ်များကို မိမိတို့ယုံကြည်စိတ်ချလို့ရမည် လား၊ မိမိတို့ပိုက်ဆံများ မဆုံးရှုံးဘူးဆိုသည်ကို အိမ်စောင့်အစိုးရ အနေဖြင့် အာမခံပေးနိုင်ပါသလားဟု မိမိသိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စက မူဝါဒဆိုင်ရာ မေးခွန်းဖြစ် ကြောင်း၊ မဟာဗျူဟာမေးခွန်းဖြစ်၍ မိမိ အာမခံနိုင်ကြောင်း၊ နည်းဗျူဟာမေးခွန်းဖြစ်လျှင် နည်းဗျူဟာမေးခွန်းအရ အာမမခံနိုင် ကြောင်း၊ မဟာဗျူဟာနှင့် နည်းဗျူဟာမတူကြောင်း၊ မဟာဗျူဟာသည် ရည်မှန်းချက်တိကျခိုင်မြဲရကြောင်း၊ နည်းဗျူဟာသည် ပြောင်းလွယ် ပြင်လွယ်ရှိကြောင်း၊ နိုင်ငံတိုင်းဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံသာ ဖြစ်နေခြင်းမဟုတ်ကြောင်း၊ ယင်းမေးခွန်းသည် မဟာဗျူဟာမေးခွန်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများသည် ဘဏ်ထဲ တွင် ထည့်ထားသည့်ငွေနှင့်ပတ်သက်ပြီး မဟာဗျူဟာဖြစ်သည့်အတွက် မဆုံးရှုံးစေရပါဟု မိမိ ရဲရဲကြီး အာမခံနိုင်ကြောင်း၊ နည်းဗျူဟာပိုင်း ဆိုင်ရာသည်အခက်အခဲရှိကြောင်း၊ ငွေထုတ်၊ ငွေသွင်းသည့်အခါ မည်ကဲ့သို့ထုတ်မည်လဲ၊ မည်သို့ဖြစ်မည်လဲ၊ သို့သော် သတင်းထောက် ကြီး သိန်း ၁၀၀၀ ထည့်ထားလျှင် ယနေ့နာရီပိုင်းအတွင်း ထုတ်လိုလျှင်မူ အာမမခံနိုင်သော်လည်း သတင်းထောက်ကြီး၏ငွေမဆုံးရှုံးရဟူ၍မူအာမခံနိုင်ကြောင်း၊ ယင်းကို တစ်နာရီ၊ နှစ်ရီအတွင်း ထုတ်လိုလျှင်မူ နည်းဗျူဟာပိုင်းနှင့် ပတ်သက်သွားပြီဖြစ်ကြောင်း၊ မိမိက ယင်းနေရာ မှာ အာမခံလို့မရကြောင်း၊ တချို့နေရာ၌ အခက်အခဲရှိတာ ဝန်ခံ ကြောင်း၊ ဘဏ်များကို ငွေထုတ်ပေးရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကြောင်းအမျိုးမျိုးကြောင့် ကန့်သတ်ထားတာ ရှိကြောင်း၊ ငွေကြေးလည်ပတ်မှုနှုန်းများ၊ ငွေရေးကြေးရေး ထိုးနှက် တိုက်ခိုက်မှုများအရ မိမိတို့ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက လက်ရှိအစိုးရ ကို မိမိယုံကြည်သည့်အတွက် အချိန်ကြာမြင့်ချိန်ကို မိမိနှင့်အတူ ယုံကြည်သူများအားလုံးက သည်းခံစောင့်နိုင်ကြောင်း၊ နာရီပိုင်းအတွင်း ထုတ်ပေးရမည်၊ ရက်ပိုင်းအတွင်း ထုတ်ပေးရမည်ဟူ၍ မဟုတ် ကြောင်း၊ မိမိတို့ငွေများ မဆုံးရှုံးလျှင်ကို မိမိတို့ ပြည်သူပြည်သားများ အနေဖြင့် ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြောကြားသည်။
ဒေါ်သဇင်ဦးက ပြည်သူအများစု စာရိတ္တမဏ္ဍိုင် ပျက်စီးယိုယွင်း လာမှုနှင့် ပတ်သက်၍ ပြောပြလိုကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်တာကာလ ကစတင်ပြီး စာရိတ္တမဏ္ဍိုင်ပျက်စီးလာခြင်းကို တွေ့ရကြောင်း၊ ယခု လက်ရှိအခြေအနေမှာ အဆိုးရွားဆုံးဖြစ်ကြောင်း၊ အဘယ့်ကြောင့် ယခုကဲ့သို့ပြောရသည်ဆိုလျှင် ယခုဗိုလ်ချုပ်တို့ ပြသသွားသည့်အထဲ တွင် မိမိကို စာသင်ပေးသည့်ဆရာမကိုပင် ပြန်သတ်ရန် လုပ်ကြံစီစဉ် သည်ဟုဆိုသည့် တပည့်မျိုး တွေ့နေရကြောင်း၊ ဝမ်းတွင်းတွင် ဆရာတော်တစ်ပါး ဆွမ်းဘုဉ်းပေးနေစဉ် ကျောင်းဝင်းထဲအထိဝင်ပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ကိုလည်း ရင်နင့်ဖွယ်ရာ၊ စိတ်မကောင်း ဖွယ်ရာ မိမိတို့ကြားသိရကြောင်း၊ ယခုဆိုလျှင် သံဃာတော် ၁၂ ပါး အထိ လုပ်ကြံသတ်ဖြတ်ခံရသည်ကို ကြားသိရကြောင်း၊ ယခုကဲ့သို့ ပျက်စီးနေသည့် ယဉ်ကျေးမှုစရိုက်များကို သွန်သင်ဆုံးမရမည့်အစား ဓမ္မဟုထင်မြင်ပြီး ဘေးမှအားပေးအားမြှောက်လုပ်နေသူများ ရှိနေ ကြောင်း၊ ယင်းသို့ ပျက်စီးယိုယွင်းနေသည့် စာရိတ္တမဏ္ဍိုင် ယဉ်ကျေးမှု ဓလေ့ စရိုက်များကို နိုင်ငံတော်အနေဖြင့် ယဉ်ကျေးသည့် ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် အစဉ်မျှော်တွေးပြီး မည်သို့ပြန်လည်ဆောင်ရွက်ရန်ရှိ သည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက လူငယ်ရေးရာကဏ္ဍကို ယခင်ကလည်း ဖြေကြားပြီးဖြစ်ကြောင်း၊ လုပ်ဆောင်ကြသည့်နေရာတွင် စာရိတ္တ မဏ္ဍိုင်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအဆက်ဆက်တွင် တာဝန် ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် လူငယ်များ နှင့်ပတ်သက်၍ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသည်ဟု အကြမ်းဖျင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ တွင် နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ရမည်ဟုပါရှိပြီးဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက် သည့်အခါ အဓိကအားဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ထို့အပြင် လူငယ်များ အပါ အဝင် ပြည်သူအများအတွက် ပညာပေးရန်၊ ပြန်ကြားပေးရန် တာဝန် ရှိသည့် ပြန်ကြားရေးဝန်ကြီးဌာနကဲ့သို့သောဌာနများက ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုမေးခွန်းသည် ကောင်းမွန်သည့်မေးခွန်းဖြစ်ပါကြောင်း၊ အများအား ဖြင့် နိုင်ငံတကာ၌ State building ကို အဓိကထားမေးခြင်း ဖြစ် ကြောင်း၊ အမှန်က Nation building အမျိုးသားရေးဆိုင်ရာ တည်ဆောက်မှု၊ တိုင်းပြည်တည်ဆောက်မှု Nation building ကို အားနည်းသည်ကိုတွေ့ရကြောင်း၊ ခေတ်အဆက်ဆက်တွင်လည်း State building ကို အဓိကထားပြီး လုပ်ကြကြောင်း၊ Nation building သည် လုပ်ကိုင်မှု၊ လုပ်ဆောင်မှု၊ ဘက်မျှမှုပျက်ကွက်ခဲ့သည့် အတွက် အားနည်းခဲ့သည့်အတွက် ယခုကဲ့သို့ဖြစ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ဖွဲ့စည်းထားသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနသည် အားကစားအတွက်သာ မဟုတ်ဘဲ လူငယ်ရေးရာနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ ယဉ်ကျေးမှုဓလေ့ စရိုက်များ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျပြန်လည်ပြုစုပျိုးထောင်ရန်၊ လူငယ် များ ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားပြီး နိုင်ငံနှင့် လူမျိုးအပေါ် ချစ်မြတ်နိုးလိုစိတ်များ တိုးပွားလာပြီး နိုင်ငံကာကွယ်လိုစိတ် ပေါ်ထွန်း လာစေရန်၊ လူငယ်များ၏ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ၊ လူမှုရေး စသည့်ကဏ္ဍများကို ပိုမိုဖြည့်ဆည်း မြှင့်တင်နိုင် ရေးဆောင်ရွက်ရန်၊ မသန်စွမ်းသူများ၏ အခွင့်အရေးကာကွယ်ရေး နှင့် မသန်စွမ်းသူများ၏ ဘဝမြှင့်တင်နိုင်ရေးကိစ္စများ ဆောင်ရွက်နိုင်စေ ရန် အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ရာတွင် ဝန်ကြီးဌာနတစ်ခုတည်း၊ အစိုးရမှာသာ တာဝန်ရှိခြင်းမဟုတ်ကြောင်း၊ ယင်းလူငယ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်သည့်နေရာတွင် အဖွဲ့အစည်းအမျိုးမျိုးတွင် တာဝန်ရှိပါ ကြောင်း၊ တာဝန်ရှိသည်ဆိုရာ၌ အဖွဲ့အစည်းအမျိုးမျိုးတွင် တာဝန်ရှိ သည်ဟု ခံယူရမည်ဖြစ်ကြောင်း၊ NGO ၊ INGO အဖွဲ့များတွင်လည်း လူငယ်များနှင့်ပတ်သက်၍ လုပ်ဆောင်ပေးနေသည့်အဖွဲ့အစည်း များလည်းရှိကြောင်း၊ လက်တွေ့လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်း များလည်းရှိကြောင်း၊ ဥပမာ ဘာသာရေးနှင့် ပတ်သက်သောအဖွဲ့များ က လုပ်ပေးနေတာရှိသကဲ့သို့ လူမှုရေးနှင့် ပတ်သက်သောအဖွဲ့များက လုပ်ပေးနေမှုလည်းရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ရာတွင် မိမိတို့ သည် စုစည်းမှုအား လိုအပ်ကြောင်း၊ စုစည်းမှုအားနှင့် လူငယ်များကို အချိန်တိုအတွင်း ခေတ်နှင့်အညီ လူငယ်များ၏ ဦးတည်ချက်များကို မည်သို့ပြောင်းသွားအောင်၊ မည်မျှအထိရွေ့နိုင်အောင် အားလုံးက ဝိုင်းပြီးရွေ့အောင် ဆောင်ရွက်နိုင်မည်ဟု ပြောလိုပါကြောင်း၊ နိုင်ငံများ ၌ ယခုကဲ့သို့သော ကိစ္စများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ လူငယ်များ နှင့်ပတ်သက်၍ အခက်အခဲများကို နိုင်ငံတကာ၌လည်း မေးကြည့် သည့်အခါ လူငယ်များသည် ယခင်နှင့်မတူကြကြောင်း၊ လူငယ်များ သည် မည်သို့ဖြစ်နေကြပြီဆိုသည့် အကဲဖြတ်ချက်မျိုးများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ မိမိတို့ တစ်နိုင်ငံတည်းပင်ဖြစ်ပေါ်နေသည့်ကိစ္စ မဟုတ်ဟု ပြောလိုပါကြောင်း၊ လူကြီးများအနေဖြင့် လူငယ်များကို ကြည့်သည့်အခါတွင် လိုအပ်သည်ဆိုတဲ့အမြင်မျိုးများ ရှိကောင်း ရှိနေနိုင်ကြောင်း၊ သို့သော် လက်တွေ့ဖြစ်ပေါ်နေသည့် အခြေအနေနှင့် လူငယ်များကို မိမိတို့က မည်သည့်ဦးတည်ချက်ကို ပြောင်းပေးနိုင်မလဲ ဆိုသည့်အချက်က ပိုပြီးအဓိကကျမည်ဖြစ်ကြောင်း၊ အားလုံးက ဝိုင်းပြီး ရွေ့အောင်လုပ်ခြင်းသည် အဓိကကျမည်ဟု မိမိအနေဖြင့် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး ဒေါ်သဇင်ဦးက မြို့နယ်တချို့၌ CDM မလုပ်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများရှိကြောင်း၊ ယင်းဝန်ထမ်းကောင်းများကို PDF ဆိုသည့် အကြမ်းဖက်အဖွဲ့က လုပ်ကြံရန် စာများထုတ်ပြီး သတ်ဖြတ်ရန် ခြိမ်းခြောက်နေသည်များရှိကြောင်း၊ ယင်းသို့ ခံစားနေရ သည့် ပြည်သူများအတွက် ဗိုလ်ချုပ်အနေဖြင့် မည်ကဲ့သို့ အားပေး စကားပြောနိုင်မလဲ၊ မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက တချို့ဝန်ထမ်းများနှင့် CDM မလုပ် သည့် ဝန်ထမ်းများကို ၎င်းတို့၏ ဆန္ဒအတိုင်း မဖြစ်သည့်လူများကို ခြိမ်းခြောက်စာပို့ခြင်း၊ Online ပေါ်မှ ခြိမ်းခြောက်ခြင်းတို့ကို အမြဲ လုပ်နေကြကြောင်း၊ ယင်းသို့ကြုံတွေ့လာသည့်အခါ သတင်းပေးရမည့် နေရာ၊ တိုင်ကြားရမည့်နေရာများကို မိမိတို့ပြောပြီးဖြစ်ကြောင်း၊ တချို့လည်း သတင်းပေးသည်ကို ဘာမှ လုပ်မပေးဟု သိရကြောင်း၊ ထို့သို့ လုပ်မပေးပါက အဆင့်ဆင့်သတင်းပေးပါဟု မိမိပြောလိုပါ ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ဖမ်းဆီးခံသတင်း သမားများနှင့် ဖေဖော်ဝါရီ ၁ ရက် ဖြစ်စဉ်အရှေ့တွင်ရှိခဲ့သည့် အကျဉ်း သားများကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုလိုပါကြောင်း၊ နောက် တစ်ခုအနေဖြင့် ပြင်ဦးလွင်-မန္တလေးအဆင်း၊မန္တလေး-အောင်ပင်လယ် တိုးဂိတ်နားရှိ သံပတောကျေးရွာ၌ ပြီးခဲ့သည့် စက်တင်ဘာလ ပထမ အပတ်တွင် ကျူးကျော်များကို ရှင်းလင်းခြင်းများရှိကြောင်း၊ ကျူးကျော် မဟုတ်သည့် အထောက်အထားရှိသော မူလပိုင်ရှင်များလည်း ပါသွား ကြောင်း၊ မန္တလေးမြို့တော်စည်ပင်မှ အခွန်ဌာနမှူးများဦးစီးပြီး ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လည်း ထိုကိစ္စကို သတင်းသွားယူခဲ့ကြောင်း၊ ယင်းကိစ္စမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ အာဏာသုံးပြီးလုပ်သည့်ပုံစံမျိုးဖြစ်သွားပါကြောင်း၊ လုံခြုံရေး ရဲများနှင့် မိမိတို့အချေအတင်ဖြစ်ခဲ့ပါကြောင်း၊ ပိုင်ရှင်များအနေဖြင့် ယင်းကိစ္စကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တိုင်ကြားမည်ဟု ပြောခြင်းရှိကြောင်း၊ ၎င်းကိုတင်ပြပေးပါဟု ပြောခြင်းကြောင့် တင်ပြ ပေးခြင်းဖြစ်ကြောင်း၊ ခြိမ်းခြောက်ခံရသည်ဆိုသည့်ကိစ္စကို မေးမြန်း လိုကြောင်း၊ အနီးစပ်ဆုံး ယမန်နေ့ကဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ မြန်မာပလာဇာတွင် ဖြစ်ပွားခဲ့သည့် လုံခြုံရေးဝန်ထမ်းများ၏ ဖမ်းဆီး မှုခံရပြီးနောက်ပိုင်း ယနေ့တွင် ယင်းလုံခြုံရေး ဝန်ထမ်းခေါင်းဆောင် အမည်၊ နေရာနှင့် သွားလာလှုပ်ရှားမှုများ လိုင်းပေါ်ပျံ့နှံ့လာသည်ကို တွေ့ရပြီး ခြိမ်းခြောက်ခံရကြောင်း၊ အလားတူ စာသင်ကျောင်းများ၊ ကျောင်းသားများကိုလည်း ခြိမ်းခြောက်နေခြင်းများရှိနေကြောင်း၊ လက်ရှိမြန်မာနိုင်ငံ ခြိမ်းခြောက်ခံရမှုမှာ ကြောက်ခမန်းလိလိ ဖြစ်နေ ပါကြောင်း၊ ယင်းသို့ ခြိမ်းခြောက်ခံနေရမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်ပိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းအနေနှင့် ပြည်သူများ စိတ်ချမ်းသာအောင်၊ လုံခြုံမှုရရှိလာအောင် မည်သို့ ဖြေကြားပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာပလာဇာတွင် ဆန္ဒပြမှုကို တွေ့ရ ပါကြောင်း၊ ယင်းမှာ ပိုင်နက်ကျူးလွန်မှုဖြစ်ကြောင်း၊ အများနှင့် သက်ဆိုင်သည့်နေရာတွင် ဆောင်ရွက်ခြင်းလည်းဖြစ်၍ အကြံအစည် ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ခြိမ်းခြောက်ခံနေရသည်ကိုလည်း သိရ ကြောင်း၊ မိမိတို့အနေဖြင့် ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက်၍ လုံခြုံမှုပေးနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ခြိမ်းခြောက်နေသည်မှာ လူနှစ်ယောက်တစ်ပိုင်းနှင့် ခြိမ်းခြောက် နေခြင်းလည်းရှိပြီး တကယ်လုပ်ရန်အတွက် ခြိမ်းခြောက်နေခြင်းလည်း ရှိကြောင်း၊ လူတစ်ဦးကို တစ်ဦးချင်း လုံခြုံမှုမပေးနိုင်သော်လည်း မိမိတို့အနေဖြင့် ပြည်သူလူထုအများစုအတွက် လုံခြုံရေးကို တတ်နိုင် သမျှ ဆောင်ရွက်ပေးနေပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် ပြောလိုပါကြောင်း၊ လုံခြုံရေးအမြင်၊ လုံခြုံရေးအသိနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့သာ မဟုတ်ဘဲ သာမန်ပြည်သူလူထုများကလည်း သိသင့်ပါကြောင်း၊ သာမန်ပြည်သူလူထုအနေဖြင့် သိသင့်သည်များမှာ မသင်္ကာဖွယ်ရာ လူများ၏ အနေအထားက မည်ကဲ့သို့ရှိကြောင်း၊ မည်သည့်အချိန်တွင် မည်သည့်နေရာကို မသွားသင့်ဘူးဆိုသည့် သာမန်လုံခြုံရေးအသိများ ကို အားလုံးက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆောင်ရွက်ရာ တွင် ပေါ်ပေါ်ထင်ထင် မြင်ရသည့်နေရာများ၌ ယူနီဖောင်းနှင့်ရပ်ပြီး စောင့်ပေးနေတာ မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် သက်ဆိုင်သည့် လုံခြုံရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည်ကို ပြောလိုကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုကြောင့် ရန်ကုန်မြို့၌ ရှိနေ သည့်အဖွဲ့အစည်းကြီးများ၊ လက်နက်များကို မိခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်ပေးနေ ကြောင်း၊ တတ်နိုင်သည်ထက်ပိုပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြည်သူလူထု ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန် ပြည်သူများ အခက်အခဲဖြစ်နေချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငွေကြေးအရသော်လည်းကောင်း၊ စားသောက်ကုန်ပစ္စည်းအရသော်လည်းကောင်း၊ ထောက်ပံ့ပေးနိုင်မည့်အစီအစဉ်များ၊ ကုန်စျေးနှုန်း ကျဆင်းအောင် ထိထိရောက်ရောက် ဆောင်ရွက်မည့်အစီအစဉ်များ လုပ်ပေးရန် ရှိ မရှိ သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက လက်ရှိတွင် အရင်းအမြစ်များကို ပံ့ပိုး ပေးရန် အစီအစဉ်များရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပထမရည်မှန်းချက်သည် သာယာဝပြော ရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ ဖြစ်ရမည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် ကုန်ထုတ် လုပ်သည့်သူများအဆင်ပြေအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ အခက်အခဲများအတွက် ကိုဗစ်ချေးငွေများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သမဝါယမဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလောလောဆယ် နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်နိုင်သည့် အခြေခံကျသော အရင်း အမြစ်များကို ကူညီပံ့ပိုးခြင်း ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်များ ရှိကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြည်သူများ ပူးပေါင်း ပါဝင်မှုပိုမိုအားကောင်းလာလျှင် လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ ပျောက်ကွယ်သွားမည်ဟု ယုံကြည်ပါသလားဟု မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူများ ပူးပေါင်းပါဝင်မှု နှစ်မျိုး ရှိကြောင်း၊ ပထမအချက်အနေဖြင့် လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍ ပူးပေါင်းပါဝင်ခြင်း၊ ပူးပေါင်းပါဝင်ကူညီသည့်အခါတွင် အကြမ်းဖက်မှု များ ယခုထက် ရာနှုန်းပြည့်နီးပါး လျော့သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး PDF များမည်မျှသေကြောင်း၊ EAOs များ မည်မျှ သေကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောစရာအကြောင်းမရှိကြောင်း၊သေဆုံးလျှင်လည်း မိမိနိုင်ငံသားသေဆုံးခြင်းသာဖြစ်ပြီး ၎င်း PDF၊ EAOs များသည်လည်း မြန်မာနိုင်ငံသားပင်ဖြစ်ကြောင်း၊ မိမိနိုင်ငံသားအချင်းချင်းဖြစ်သည့်အတွက် ဂုဏ်ယူစရာမရှိကြောင်း၊ ဒုတိယ အချက်အနေဖြင့် အကြမ်းဖက်များ မည်သည့်အချိန် လျော့သွားမည် လဲဟုဆိုရာတွင် ပြည်သူများအားလုံးပါဝင်လျှင် အကြမ်းဖက်မှု လျော့သွားမည်ဖြစ်ကြောင်း၊ ရာနှုန်းပြည့်သည့်နိုင်ငံမရှိကြောင်း၊ ပြည်သူအားလုံး၏ စိတ်ထဲတွင် ယင်းအကြမ်းဖက်လုပ်ရပ်များသည် မိမိတို့နိုင်ငံ၏တိုးတက်ရေး၊ အမျိုးသားတိုးတက်ရေးကို အနှောင့် အယှက်ဖြစ်သည်၊ မိမိတို့၏ တိုးတက်ရေးကို အနှောင့်အယှက်ဖြစ်သည် ဆိုသည့် စိတ်မျိုးဝင်သွားနိုင်မှသာ ရာနှုန်းပြည့် ငြိမ်းချမ်းမည် ဖြစ်ကြောင်း၊ ရာနှုန်းပြည့် ငြိမ်းချမ်းရန်လည်း လိုအပ်ကြောင်း၊ ယင်း ကိစ္စများလုပ်ဆောင်နိုင်ရန်အတွက် အစိုးရအဆက်ဆက်နှင့် တာဝန် ရှိသူအဆက်ဆက်ကလည်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက NUG မဟုတ် သည့် GZ ၊ PDF တို့အနေဖြင့် တွေ့ဆုံညှိနှိုင်းမှု တောင်းဆိုလာခဲ့မည် ဆိုပါက မည်ကဲ့သို့လုပ်ဆောင်မည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မတရားအသင်းအဖြစ်၊ အကြမ်းဖက် အဖြစ် ကြေညာထားရသူများနှင့် တွေ့ဆုံဆွေးနွေးစရာအကြောင်း မရှိကြောင်း၊ အကြမ်းဖက်အဖြစ် ကြေညာခြင်းမှ လျော့ကျသွားအောင် ၎င်းတို့လုပ်ဆောင်မှုနှင့် ပြသရမည်ဖြစ်ကြောင်း၊ သို့မှသာ တွေ့ဆုံ ဆွေးနွေးရေးဆိုတာ ဖြစ်လာမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမှ အကြမ်းဖက်အဖြစ် ကြေညာထားသည့်အဖွဲ့အစည်းနှင့် တွေ့ဆုံ ဆွေးနွေးရေး လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆိုသည်မှာ EAO ကဲ့သို့ သမိုင်းကြောင်းအစဉ်အလာနှင့် ဖြစ်လာသည့် လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်နိုင် ကြောင်း၊ လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေအပေါ် အခွင့် ကောင်းယူပြီး နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးနေသည့်သူများနှင့် တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက သတင်းထောက်များကို ဖမ်းဆီးမှုများရှိကြောင်း၊ မုံရွာဂေဇက်သတင်း ဌာနမှ ပြည့်ဖြိုးအောင်ဆိုလျှင် လုပ်ငန်းမလုပ်တော့ဘဲ တောင်ယာစိုက် နေချိန်တွင် စိစစ်မှုမရှိဘဲ ဖမ်းဆီးသွားခြင်းခံရကြောင်း၊ တရားစွဲဆို ခံထားရကြောင်း၊ ယင်းအဖြစ်အပျက်မှာ ခြုံငုံပြီးပြောပြခြင်း ဖြစ် ကြောင်း၊ သတင်းထောက်များဖမ်းဆီးခြင်းကိစ္စကို ပြန်လည်စိစစ်ပြီး လွှတ်ပေးရန် ရှိ မရှိ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်မှမဟုတ်၊ မည်သူမဆို နံပါတ်(တစ်)အကြမ်းဖက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူမဟုတ်ခြင်း၊ နံပါတ်(နှစ်) အကြမ်းဖက် ဆန္ဒပြမှုတွင် ရာဇဝတ်မှုကျူးလွန်ခဲ့သူမဟုတ် ခြင်း စသည့် အချက်နှစ်ချက်ပေါ်တွင် အခြေခံပြီး လွှတ်ပေးလျက် ရှိကြောင်း၊ လွှတ်ပေးသူပေါင်း ထောင်ချီရှိပါကြောင်း၊ သုံးကြိမ်ခန့် လွှတ်ပေးခဲ့ပါကြောင်း၊ သတင်းထောက်များဟု နာမည်တပ်နေသည့် သူများရှိကြောင်း၊ သတင်းထောက်လုပ်သည့်အမှုဖြင့် တရားစွဲခံထားရ သူ တစ်ဦးမျှမရှိကြောင်း၊ ဆူပူဆန္ဒပြသည့်နေရာတွင် ဦးဆောင်လှုံ့ဆော် ခဲ့သူကို အရေးယူခြင်းဖြစ်ကြောင်း၊ ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံရသည် များရှိကြောင်း၊ ယေဘုယျအားဖြင့် ယင်းပြစ်မှုများနှင့် မငြိစွန်းလျှင် စိစစ်ပြီး ပြန်လည်စေလွှတ်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြစ်မှုချိုးဖောက်၍ အရေးယူထားသည့်ထဲတွင် သတင်းထောက်ဆိုပြီး အရေးယူထားခြင်း မရှိပါကြောင်း၊ ပြစ်မှုကျူးလွန်သဖြင့် အရေးယူထားသည့် အထဲတွင် သတင်းမီဒီယာသမားအချို့ ပါရှိကြောင်း၊ ပြစ်မှုလွန်ကျူးလွန်သူများနှင့် ပတ်သက်၍ ဖြေလျှော့သည့်နေရာတွင် သက်ဆိုင်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဌာနကတစ်ဆင့် စိစစ် ဆောင်ရွက်ပြီး လုပ်ကိုင်လျက်ရှိကြောင်း၊ ၎င်းတို့ကျူးလွန်ထားသည့် ပြစ်မှု အတိုင်းအတာ၊ အတိမ်အနက်ကို အောက်ခြေမှစ၍ အဆင့်ဆင့် စိစစ်ပြီး ဖြေလျှော့သင့် ဖြေလျှော့ထိုက်သူများကို ဖြေလျှော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင် ထွန်းက မုံရွာ၌ ဖမ်းဆီးခံထားရကြောင်း၊ မိမိတို့ VOM သတင်းဌာနမှ သတင်းထောက်ဖြစ်ပြီး ထိုကိစ္စကိုစိစစ်၍ မည်သို့လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စကို စိစစ်ပေးမည်ဖြစ်ကြောင်း၊ သတင်းထောက်မလုပ်တော့သော်လည်း ထိုသူမှာ ပြစ်မှုရှိသည့်အတွက် ကြောင့် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ထားခြင်း မရှိလျှင် လွှတ်မည်ဖြစ်ကြောင်း၊ လွှတ်မည်ဟု မိမိ အာမမခံနိုင်ကြောင်း၊သို့သော် တရားဥပဒေနှင့်အညီ နေထိုင်ပြီး ပြစ်မှုကျူးလွန်ထားခြင်းမရှိလျှင် လွှတ်မည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့လျှင် ၎င်း၏ကျူးလွန်မှုအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲအပြီးတွင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ခင်းကျင်းပြသထားသည့်ဘုတ်များမှ အကြောင်းအရာများကို တက်ရောက်လာကြသည့် သတင်းမီဒီယာများအား လိုက်လံရှင်းလင်း ပြသပြီး သတင်းမီဒီယာသမားများ၏ သိရှိလိုသည်များကို ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။