၂၆-၁၁-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်)
နေပြည်တော် Online  Agency   သတင်း ဌာနမှ   အယ်ဒီတာ    ဦးမင်းမောင်က သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓ ဘာသာ၏ သံဃာတော်အရှင်သူမြတ်များ မည်မျှလောက်     လုပ်ကြံသတ်ဖြတ်မှုခံရ သည်ကို သတင်းထုတ်ပြန်မှုများ လုပ်သင့်  ပါကြောင်း၊         မည်သည့်အတွက်ကြောင့် သတင်းမထုတ်ပြန်သလဲ၊     ထုတ်ပြန်ရန် အတွက် အစီအစဉ် ရှိ/မရှိနှင့် နိုင်ငံရေးတွင် ဘာသာရေးအဓိကရုဏ်း  ဖြစ်သည်အထိ သံဃာတော်များကို ပစ်မှတ်ထား အကြမ်း ဖက်သတ်ဖြတ်မှုအပေါ်        ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက   အခြားမည်သည့် ဘာသာဝင်များကို အကြမ်းဖက်စော်ကား သတ်ဖြတ်ထားခြင်းမရှိကြောင်း၊ ယခုအခါ ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ အကြမ်း ဖက်ခံနေရမှုအပေါ်   မိမိတို့ဗုဒ္ဓဘာသာ လူမျိုးအနေဖြင့်  တော်တော်လေးခံစားရ ကြောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ယခုကဲ့သို့ ဗုဒ္ဓဘာသာ ကို    ပစ်မှတ်ထားတိုက်ခိုက်နေမှုအပေါ် မည် ကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးမည့် အစီအစဉ်ရှိပါသလဲ၊ ဆက်ပြီးဖြစ်လာနိုင် မည့်  အဓိကရုဏ်းများအတွက်   သတင်း များ   ကြားသိနေရကြောင်း၊  ထိုကိစ္စများ မဖြစ်နိုင်အောင်      မည်ကဲ့သို့ကာကွယ် စောင့်ရှောက် မည်၊ မည်ကဲ့သို့တားဆီးမည်၊ မည်ကဲ့သို့စီစဉ်ထားသည်ကို           သိလို ကြောင်း မေးမြန်းသည်။
နေ့စဉ်သတင်းစာတွင် အသေးစိတ်ဖော်ပြ
ဗိုလ်ချုပ်ဇော်မင်းထွန်းက   သံဃာ တော်များ         လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံပိုင်သတင်းမီဒီယာ များတွင်   သတင်းထုတ်ပြန်ပေးလျက်ရှိ ကြောင်း၊  သံဃာတော်များနှင့်ပတ်သက် ပြီး  တချို့ဘုန်းကြီးများနှင့်   သံဃာတော် များ  ရန်ပြုခံရမှုများရှိကြောင်း၊ လက်တွေ့ မြေပြင်တွင်    လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးစောင့်ရှောက်မှု ကာကွယ် ရေးအဖွဲ့များက   စောင့်ရှောက်ပေးလျက်ရှိ ကြောင်း၊  သာသနာရေးဝန်ကြီးဌာနအနေ ဖြင့် လိုအပ်လာလျှင်  သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း၊  ယခုလက်ရှိတွင်  နိုင်ငံတော် အနေဖြင့်      ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သာသနာရေးဝန်ကြီးဌာနသည် နိုင်ငံတော် ၏  အစိတ်အပိုင်းဖြစ်ကြောင်း၊   သံဃာ တော်များသာမက   လုပ်ကြံသတ်ဖြတ်ခံ ရသည့်အရပ်သား၊    ပြည်သူစာရင်းများ၊ ဝန်ထမ်းစာရင်းများကို  နေ့စဉ်သတင်းစာ တွင် အသေးစိတ်ဖော်ပြလျက်ရှိကြောင်း၊  နိုင်ငံခြားသတင်းမီဒီယာများကို     နေ့စဉ် သတင်းအချက်အလက်  အသေးစိတ်ပေး လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
97 Media သတင်းဌာနမှ သတင်း ထောက် ဦးနန္ဒလင်း(ထားဝယ်)က ရုရှား -မြန်မာ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက် မှုအတွက်          နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးခဲ့ခြင်းများရှိကြောင်း၊ ထိုဆွေးနွေး မှုများတွင်     ပါဝင်သည့်နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု    ပူးပေါင်းဆောင်ရွက်နေ သည့်အခြေအနေများကို   သိလိုကြောင်း မေးမြန်းသည်။
စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွင် ပိုမိုများပြား
ဗိုလ်ချုပ်ဇော်မင်းထွန်းက  ရုရှား-မြန်မာ နှစ်နိုင်ငံသည်   ယခင်ကတည်းက ချစ်ကြည်ရင်းနှီးခဲ့သည့်     နိုင်ငံများဖြစ် ကြောင်း၊   ယခင်ထက်   စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင်           ပိုမို များပြားသည့်   အခြေအနေဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင်     ရုရှား   -  မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွင်  ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို    ဆောင်ရွက် လျက်ရှိကြောင်း၊    ပူးပေါင်းဆောင်ရွက်မှု များမှာ ၂၀၁၄ ခုနှစ် ဩဂုတ် ၂၉ ရက်တွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့သည့်စာချုပ်တွင်  ရုရှား - မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်  စီးပွားရေးပူးပေါင်းရေး ဖွဲ့စည်းတည်ဆောက်မှု    သဘောတူညီ ချက်အရ    နှစ်နိုင်ငံအကြား    တတိယ အကြိမ် ပူးတွဲကော်မရှင်အစည်းအဝေး  ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လက်ခံ ကျင်းပရေးကို   ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တတိယအကြိမ် ပူးတွဲကော်မရှင် မတိုင်မီ   လက်ရှိကိုဗစ်ကာလ    မြန်မာ့ စီးပွားရေး     ပြန်လည်ဦးမော့စေရေးစီမံ ချက်   (MERP)   ပါ   လုပ်ငန်းစဉ်များအရ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံ မှုများ   ဆောင်ရွက်နိုင်ရေး    ရည်ရွယ်ပြီး နှစ်ဖက်လုပ်ငန်းရှင်များပါသည့် ဆွေးနွေး ပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက် တွင် ဘာကျူရယ်စ်စနစ်ဖြင့် ရင်းနှီးမြှုပ်နှံ မှုနှင့်         နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး   ဦးဆောင်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံက သံအမတ်ကြီးနှင့်         ကျင်းပပြုလုပ်ခဲ့ ကြောင်း၊    ထိုဆွေးနွေးပွဲတွင်     နှစ်ဖက်  ဦးစားပေး   ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများရှိပြီး    နှစ်နိုင်ငံအကြား ရှေ့ဆက်ဆောင်ရွက်မည့်    မဟာဗျူဟာ မူကြမ်းပါဦးစားပေးနှင့်     ကိုက်ညီသည့်   လုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် အာမခံ လုပ်ငန်း၊   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်    ငါးလုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ စားသုံး ကုန်ထုတ်လုပ်ငန်း စသည့်လုပ်ငန်းများနှင့် ပတ်သက်သည့်         ကဏ္ဍအသီးသီးနှင့် စပ်လျဉ်း၍       အစိုးရတာဝန်ရှိသူများ၊    ပုဂ္ဂလိက အသင်းအဖွဲ့ကုမ္ပဏီများပါဝင်ပြီး အပြန်အလှန်       ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား  ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး     အခွင့် အလမ်းအသစ်များကို  အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ရုရှားဘက်မှ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ချိတ်ဆက်ညှိနှိုင်း      ဆောင်ရွက်လျက် ရှိကြောင်း၊  ရုရှားနိုင်ငံအနေဖြင့် နှစ်ဖက် နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေပြီး အပြန် အလှန်စိတ်ဝင်စားမှုရှိသည့်   ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအတွက် စီးပွား ရေးဆွေးနွေးပွဲများကို မကြာမီဆက်လက် ကျင်းပသွားနိုင်ရေး   တောင်းဆိုထားခြင်း ကြောင့်    မိမိတို့အနေဖြင့်   ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း        ပြန်လည် ဖြေကြားသည်။
နိုင်ငံသစ္စာ အွန်လိုင်းသတင်းအေဂျင် စီမှ အယ်ဒီတာချုပ် ဦးအောင်ကျော်ဦးက   တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို    ပြည်သူများ   လိုလား တောင့်တကြကြောင်း၊  သို့သော်   ယနေ့ ဖြစ်နေသည်မှာ ဒလန်ဟု အမည်တပ်၍    လိုက်လံသတ်ဖြတ်နေကြောင်း၊   သတင်း ပေးဟု အမည်တပ် သတ်ဖြတ်နေကြောင်း၊          ထိုအထဲတွင် ကလေးသူငယ်၊  ရဟန်းများ လည်းပါဝင်ကြောင်း၊   အချုပ်ပြောရမည် ဆိုပါက   နေ့စဉ်နီးပါးဖြစ်နေကြောင်း၊  ထိုထက်ဆိုးသည်မှာ  စစ်ဆေးရေးဂိတ် များ၊ လုံခြုံရေးကားများပင် ဗုံးခွဲတိုက်ခိုက် ခံနေရကြောင်း၊ ပြည်သူများဘဝ မလုံခြုံ၊ မအေးချမ်းသလို     ခံစားနေရကြောင်း၊ ပြည်သူများအတွက် လုံခြုံရေးကို ယခုထက်    ပိုမိုကောင်းမွန်သည့် လုံခြုံရေး အစီအမံ များ  မည်သို့တိုးမြှင့်ဆောင်ရွက် ပေးနိုင် မည်ကို   သိလိုကြောင်းမေးမြန်းသည်။
လုံခြုံရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်
ဗိုလ်ချုပ်ဇော်မင်းထွန်းက     NUG၊ CRPH၊ PDF  အမည်ခံအကြမ်းဖက်အဖွဲ့ အစည်းများ၏        အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး  ကျယ်ကျယ်ပြန့်ပြန့်ပြောခဲ့ ပြီးဖြစ်ကြောင်း၊ ကျောင်းများကို မည်သို့ မီးရှို့ခဲ့သည်၊ ကျောင်းဆရာ ဆရာမများကို မည်သို့သတ်ဖြတ်ခဲ့သည်၊ ယနေ့နံနက် ၈ နာရီခွဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ်လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှေ့တွင် KIA နှင့် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့်  လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ ထို့ကြောင့် မော်တော် ယာဉ်ဖြင့်လိုက်ပါလာသည့် ကျောင်းအုပ် ဆရာမဦးစီးသည့် ဆရာနှစ်ဦး၊ ဆရာမ သုံးဦး၊ လမ်းဘေးတွင်ရှိသည့် ကျောင်းသား တစ်ဦး၊ ကျောင်းသူနှစ်ဦးတို့ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ထားခဲ့ရကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက် ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့်လည်း မြန်မာနိုင်ငံတွင်         ပြန်လည်တည်ငြိမ် အေးချမ်းသာယာလာစေရန်     လုံခြုံရေး ကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊         ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု၏        အကူအညီလည်းလို ကြောင်း၊ မိမိတို့အနေဖြင့်  ပြည်သူ့လုံခြုံ ရေးစနစ်ကို    တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်   ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ်သည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊   လုံခြုံရေးအထောက် အကူပြုအဖွဲ့အစည်းများသာမက ပြည်သူ များကိုယ်တိုင်ပါဝင်နိုင်ရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုကဲ့သို့ လုံခြုံရေးစနစ် ဆောင်ရွက်မှုကို ယခုအချိန်တွင် အသေး စိတ်မပြောနိုင်သေးကြောင်း၊  ပိုမိုတိုးတက် လာရန်  လုံခြုံရေးအဖွဲ့အစည်းပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို    အကောင် အထည်ဖော်လျက်ရှိကြောင်း၊    ပြည်သူ့ လုံခြုံရေးစနစ် အကောင်အထည်ဖော်ရာ တွင်      ပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်များ     အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဝိုင်းဝန်းကူညီပံ့ပိုး  ဆောင်ရွက်ပေးကြပါ ဟုပြောလိုကြောင်း၊  ယခုအချိန်    ပြည်သူ လူထုအနေဖြင့်  လုပ်နိုင်သည့်အချက်မှာ အပြစ်မဲ့ပြည်သူလူထု၊   အပြစ်မဲ့ကလေး သူငယ်များ  မသေစေရန်အတွက်  အသိ ပေးခြင်း၊ သတိပေးခြင်း၊ သတင်းပေးခြင်း တို့ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို   မိမိတို့ရရှိထားသောအချက်အလက် များ၊ ထင်မြင်ချက်များကို အသိပေး၊ သတိ ပေးဆောင်ရွက်ပေးကြပါဟု  မေတ္တာရပ်ခံ လိုကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံသစ္စာ အွန်လိုင်းသတင်းအေဂျင် စီမှ အယ်ဒီတာချုပ် ဦးအောင်ကျော်ဦးက မိမိငွေကို ပြန်ထုတ်ရာတွင် ခြောက်ရာခိုင် နှုန်းပေးမှ   ပွဲစားနှင့်ထုတ်၍ရကြောင်း၊ အကယ်၍     ရာခိုင်နှုန်းလည်းမပေး၊ ပွဲစားနှင့်လည်း မဆက်သွယ်ပါက ထုတ်၍ မရကြောင်း၊  အထူးသဖြင့်    KBZ ကဲ့သို့ ဘဏ်မျိုးဖြစ်ကြောင်း၊     ယင်းကိစ္စနှင့် ပတ်သက်ပြီး  မည်သို့အရေးယူဆောင်ရွက် ပေးမည်ကို သိလိုကြောင်းမေးမြန်းသည်။
တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက    ဗဟို ဘဏ်အနေဖြင့် ငွေထုတ်ရသည့်ကိစ္စများ နှင့်ပတ်သက်ပြီး    ရာခိုင်နှုန်းများမယူရန် စည်းကမ်းချက်များ          ထုတ်ပြီးဖြစ် ကြောင်း၊ သို့သော်လက်တွေ့မြေပြင်တွင် လည်း   ကြားနေရကြောင်း၊    လက်တွေ့ မြေပြင်တွင်    ရာခိုင်နှုန်းအချို့ပေးပြီးမှ ငွေထုတ်နေရသည်ကို ကြားနေရကြောင်း၊ ဘဏ်များမှ  လက်တွေ့ရာခိုင်နှုန်းပေး၍ ထုတ်ခြင်းထက်    ပါဝင်ပတ်သက်သူများ ဆီကတစ်ဆင့်       ထုတ်ရသည်ကိုလည်း သိရကြောင်း၊   ထိုကိစ္စမျိုးတွင်    ပါဝင် ပတ်သက်နေသည့်  အချို့သောဝန်ထမ်း များကိုလည်း    အရေးယူဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဆက်လက်ရှိနေဆဲဟုလည်း သိရကြောင်း၊     ထိုကိစ္စနှင့်ပတ်သက်၍ ပြောလိုသည်မှာ         ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများအတိုင်း၊         တရားဥပဒေ အတိုင်း ဆောင်ရွက်သွားမည်ဟု ပြန်လည် ဖြေကြားသည်။   p စာမျက်နှာ ၁၆ မှ
နိုင်ငံသစ္စာ အွန်လိုင်းသတင်းအေဂျင် စီဌာနမှ အယ်ဒီတာချုပ် ဦးအောင်ကျော်ဦး က လုံခြုံရေးအရ ယောက်ျား နှစ်ယောက် မစီးရ၊   ရှေ့က   မိန်းကလေး၊     နောက်က ယောက်ျားလေး  မစီးရဟုသိရကြောင်း၊ ထိုစည်းကမ်းကို  ပြည်သူများ  မဖြစ်မနေ လက်ခံနိုင်ကြောင်း၊ လုံခြုံရေးစည်းမျဉ်း၊ စည်းကမ်းအရလည်း   နားလည်သဘော ပေါက်ကြောင်း၊   ထိုအထဲတွင်    နယ်မှ ဆိုင်ကယ်တချို့က        သက်တမ်းမတိုး ရသေးကြောင်း၊   သို့သော်လည်း   ကိုဗစ်-၁၉        ရောဂါဖြစ်နေသည့်အချိန်ကစပြီး ယခုအချိန်အထိ    တချို့နယ်များတွင် သက်တမ်းမတိုးရသေးသည့်   ဆိုင်ကယ် များ အများအပြားရှိနေကြောင်း၊ ထိုကိစ္စ နှင့်   ပတ်သက်ပြီး    ဆိုင်ကယ်များကို ဒဏ်ရိုက်ခြင်း၊  ပြစ်ဒဏ်ချမှတ်ခြင်းတို့ကို လျှော့ပေါ့ပေးစေလိုကြောင်း၊ သာယာဝတီ တွင်    ထောင်တစ်လချမှတ်ခဲ့ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး   ဖြေလျှော့ ပေးစေလိုကြောင်း မေးမြန်းသည်။
အကြံပြုတင်ပြပေးသွားမည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စ များနှင့်ပတ်သက်ပြီး အကြံပြုချက်များကို သက်ဆိုင်ရာသို့     တင်ပြပေးမည်ဖြစ် ကြောင်း၊  ကညနနှင့်   ပို့/ ဆက်တို့တွင် ဆိုင်ကယ်လိုင်စင်၊    ကားလိုင်စင်များနှင့် ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများ ရှိလိမ့်မည်ဖြစ်ကြောင်း၊ လက်တွေ့မြေပြင် တွင်ဖြစ်နေသည့်          ဖော်ပြချက်များနှင့် ဆက်စပ်ပြီး အကြံပြုတင်ပြပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် မခိုင်ခိုင်ထွေးက   ယခု လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အကြမ်း ဖက်လုပ်ရပ်များက   အလွန်များပြားနေ ကြောင်း၊         ထိုသို့များပြားနေခြင်းကို အိမ်စောင့်အစိုးရအနေဖြင့် ထိထိရောက် ရောက်    ကိုင်တွယ်နှိမ်နင်းရန်အတွက် အကြမ်းဖက်    တိုက်ဖျက်ရေးဥပဒေကို ၂၀၂၁ ခုနှစ် ဩဂုတ် ၁ ရက်တွင် ပြင်ဆင် ဖြည့်စွက်ခဲ့သည်ကို    တွေ့ရကြောင်း၊ ဖြည့်စွက်ခဲ့သည့်အခြေအနေအပေါ် ဥပဒေ အရ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ရန်တိုက်တွန်းခြင်း၊     စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်း ခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ်ခုနစ် နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမည်ဆိုသည့် ဥပဒေကိုလည်း တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ ဥပဒေများပြဋ္ဌာန်းပြီးနောက်တွင် NUG၊ PDF၊ CRPH   အကြမ်းဖက်အဖွဲ့များနှင့်     ဆက်စပ်မှုရှိသော လူငယ်၊ လူရွယ်များကို ၎င်းတို့၏ မိဘများက သတင်းစာများတွင် သားသမီးအဖြစ် အမွေပြတ်စွန့်လွှတ်ခြင်း ဆိုသည့်ကြေညာမှုများကို ယခုလတ်တ လောတွင်  မကြာခဏဆိုသလို   တွေ့မြင် နေရကြောင်း၊   မိမိသိလိုသည်မှာ    မြန်မာ နိုင်ငံ၏တည်ဆဲဥပဒေအရ  မိဘများက သားသမီးများကို   အမွေပြတ်စွန့်လွှတ် ကြောင်း    သတင်းစာများတွင်ကြေညာ လိုက်ရုံဖြင့် အမွေဆက်ခံခွင့် ဆုံးရှုံးပြီလား၊   တရားဥပဒေအရ        အကျုံးဝင်ပြီလား ဆိုသည်ကို အကျယ်တဝင့်ရှင်းပြပေးစေ လိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက    ယခု ရက်ပိုင်း သတင်းစာများတွင် အမွေပြတ် ကြေညာခြင်းများ    တော်တော်များများ တွေ့ရကြောင်း၊ Online Media ပေါ်တွင် လည်း ထိုသို့ အမွေဖြတ်ကြေညာသည်ကို ကြိုတင်ကာကွယ်ခြင်းပုံစံဖြင့်  လုပ်သည် ဟူ၍လည်းတွေ့ရကြောင်း။
ဥပဒေကြောင်းအရ    တရားမဝင် ကြောင်း၊  သတင်းစာ၌   ကြေညာရုံမျှဖြင့်  အမွေဆက်ခံခွင့်လည်း မဆုံးရှုံးဟု သိရ ကြောင်း၊  တရားရုံးတွင်  သွာနုတ္တသားသမီး အဖြစ်  လျှောက်ထားပြီး   တရားရုံးက ဆုံးဖြတ်မှသာ        တရားဝင်နိုင်သည်ဟု ဥပဒေကြောင်းအရ     သိရှိရကြောင်း၊  သတင်းစာထဲတွင်      ထိုသို့ထည့်ထားပြီး  အကြမ်းဖက်သမားများကို  တိုက်ရိုက်၊  သွယ်ဝိုက်အားပေး     ထောက်ပံ့နေပါက လည်း  သက်ဆိုင်ရာဥပဒေအရ    အရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း၊ NUG၊   PDF၊  CRPH        အကြမ်းဖက်အဖွဲ့ များ၏    သွေးထိုးလှုံ့ဆော်မှုများကြောင့် ရှောင်တိမ်းသွားသူများက        ကိုယ်တိုင် အဓိကကျကြောင်း၊   နိုင်ငံတော်အစိုးရ အနေဖြင့်     သွေးထိုးလှုံ့ဆော်မှုကြောင့်        ရှောင်တိမ်းသွားသူများ၊  ထွက်သွားသူများ နှင့်ပတ်သက်ပြီး       ယေဘုယျအားဖြင့် ရာဇဝတ်မှုများ  ကျူးလွန်ခြင်းမရှိပါက      ၎င်းတို့ပြန်လာနိုင်ကြောင်း၊    လက်ခံနိုင် ကြောင်းကို            နေ့စဉ်ကြေညာပေး နေကြောင်း၊           ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ခြင်းက       အကောင်းဆုံးဖြစ် ကြောင်း၊     ဥပမာ     ဖြိုးဇေယျာသော်တို့ လုပ်ဆောင်ခဲ့သည့် ရန်ကုန်အကြမ်းဖက် အဖွဲ့၏လက်အောက်ခံ     STF    အဖွဲ့တွင် လူငယ်များကို ဖောင်များပေးထားကြောင်း၊ ထိုဖောင်များကို    သတင်းစာရှင်းလင်းပွဲ ပြီးပါက        ပြသသွားမည်ဖြစ်ကြောင်း၊ လျှောက်လွှာပေး၍    ၎င်းတို့အဖွဲ့အဖြစ် သိမ်းသွင်းကြောင်း၊   သိမ်းသွင်းရာတွင် ဖောင်ဖြည့်ပြီးပါက NUG၊   PDF၊   CRPH အဖွဲ့များ၏ ခိုင်းစေချက်အတိုင်း လိုက်လံ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊    ထို လူငယ်များ ဥပဒေဘောင်အတွင်း ပြန်ဝင် လိုသော်လည်း    ထိုဖောင်ထဲတွင်     မိဘ အမည်၊ နေရပ်လိပ်စာ၊  အလုပ်အကိုင်များ ပါဝင်နေကြောင်း၊  တချို့လူငယ်များက မှားမှန်းသိ၍ ဥပဒေအရအရေးယူမခံရမီ ပြန်ဝင်ချင်ပါက     ၎င်းတို့၏မိဘများကို တိုက်ရိုက်ခြိမ်းခြောက်ကြောင်း၊ စစ်ကိုင်း ဘက်ရှိ တချို့ရွာများ၌ PDF အကြမ်းဖက် အဖွဲ့များက လူငယ်အကုန်လုံးကို  မဖြစ် မနေ PDF ထဲသို့ဝင်ရမည်ဟုဆွဲသွင်းပြီး မလုပ်ဘူးဆိုပါက “မင်းနဲ့ မင်းမိသားစုကို ဒလန်အဖြစ်    ကြေညာမယ်”     ဆိုပြီး လုပ်ဆောင်ခဲ့မှုများရှိကြောင်း၊   ထိုကဲ့သို့ အခက်အခဲမျိုးလည်း   တွေ့ရကြောင်း၊ သို့သော် ကိုယ်တိုင်သာအဓိကကျကြောင်း၊ ရှောင်တိမ်းနေသူများ၊   လမ်းမှားရောက် နေသည့်သူများ ကိုယ်တိုင်သာဖြစ်ကြောင်း၊  ၎င်းတို့အနေဖြင့်    ရာဇဝတ်မှုများကျူးလွန် ခဲ့ခြင်းမရှိပါက        ပြန်လည်ဝင်ရောက်၍ ရကြောင်း၊        ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ခြင်းကသာ     အကောင်းဆုံး ဖြစ်သည်ဟုပြောလိုကြောင်း         ပြန်လည် ဖြေကြားသည်။
ONE News သတင်းဌာနမှ သတင်း ထောက် သွင်ထူးအောင်က လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးများ     ထိုးနှံပေး နေသလို    ကာကွယ်ဆေးများလည်း ရောက်ရှိလာသည်ကို     တွေ့ရကြောင်း၊ နောက်ထပ်မည်မျှထပ်ရောက်ရန် ရှိပါ သေးသလဲ၊ ကာကွယ်ဆေးထိုးနှံပြီးသူများ ကို Booster ထိုးနှံပေးရန်  အစီအစဉ်  ရှိ/မရှိ၊    မြန်မာနိုင်ငံ၏လူဦးရေ  ရာခိုင်နှုန်း မည်မျှကို     ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားမှုတို့ကို   ဖြည့်စွက်၍   ဖြေကြား ပေးစေလိုကြောင်း မေးမြန်းသည်။
တစ်နိုင်ငံလုံးထိုးပြီးသွားသည့် အချိန်တွင် ဆောင်ရွက်သွားမည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ၄၁ သန်း ကျော် ရောက်ရှိပြီးဖြစ်ကြောင်း၊ ရုရှားနိုင်ငံ မှ နှစ်သန်းလည်း ရောက်မည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့၏ မူလရည်မှန်းချက်သည် အကျုံးဝင်သည့် လူဦးရေ၏ ၅၀ ရာခိုင် နှုန်းကို   ယခုနှစ်ကုန်တွင်   ထိုးနှံပြီးမည် ဖြစ်သည့်အတွက် လိုအပ်သည့်ဆေးများ ကိုလည်း  ထပ်မံမှာယူဖြည့်တင်းသွားမည် ဖြစ်ကြောင်း၊   Booster    ထိုးနှံခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား ခဲ့မှုရှိကြောင်း၊     စက်မှုဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံတို့ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ဆေးသွင်းနိုင်ရန်၊   ပုလင်းသွင်းနိုင်ရန်တို့ အတွက်  ဆောင်ရွက်နေကြောင်း၊    ထိုသို့ ဆောင်ရွက်ရသည့်   အဓိကရည်မှန်းချက် သည်        ယခင်ကိုဗစ်နှင့်ပတ်သက်ပြီး ကာကွယ်၊    ထိန်းချုပ်၊    ကုသရေးဗဟို အစည်းအဝေးတွင်လည်း        နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည်ကို           တွေ့ရမည်ဖြစ် ကြောင်း၊ ထိုရောဂါသည်  အလျှင်းပျောက် သွားမည့်ရောဂါမဟုတ်ကြောင်း၊     ဆေး များကို   ထိုးနှံရန်လိုအပ်နေမည်    ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်းမှာ သာထုတ်နိုင်ရန် ဆောင်ရွက်မည်ဟုဆိုပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊  ရေရှည် စီမံချက်ဖြင့် လုပ်နေခြင်းဖြစ်သည့်အတွက် ကြောင့်  ထိုလုပ်ငန်းများအားလုံးပျံ့နှံ့၍ တစ်နိုင်ငံလုံးထိုးပြီးသွားသည့် အချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    ယခု အချိန်အထိ  အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများပါ ထိုးနေပြီး နောက်ပိုင်း တွေ့ရှိချက်များအရ တစ်နိုင်ငံ လုံးတွင် ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။ 
လူထုရင်ဖွင့်သံ    သတင်းဌာနမှ အယ်ဒီတာ မိုးသောက်ပန်းက မေးမြန်း ခြင်းနှင့်   ဖြေကြားခြင်း    သုံးမိနစ်ကျော် ကျော်ခန့်သာ   ကြာမည်ဖြစ်ပြီး  ကျေးဇူး ပြု၍ လေးလေးနက်နက်  သုံးသပ်ပေးစေ လိုကြောင်း၊   ယခုသတင်းစာရှင်းလင်းပွဲ အခြေအနေနှင့်       မီဒီယာသမားများ မေးမြန်းသွားသည့် မေးမြန်းချက်များကို ကြည့်ပါက   မိမိတို့နိုင်ငံသည်   လူငယ် လူရွယ်များဖြစ်သည့် ပထမမျိုးဆက်များ၊ ၎င်းတို့၏  မိဘများဖြစ်သည့်  ဒုတိယ မျိုးဆက်များ မှန်ကန်သည့်အမျိုးသားရေး စိတ်ဓာတ်၊ နိုင်ငံရေးစိတ်ဓာတ်များ၊ အသိ တရားများကင်းမဲ့ကုန်၍  တော်တော်များ များ   ပျက်စီးကုန်ကြောင်း၊    နောက်ဆုံး မျိုးဆက်ဟုခေါ်ရမည့် အနာဂတ်လူငယ် များ   ယခုကဲ့သို့ လမ်းလွဲသို့မရောက်ရန်၊ မပျက်စီးရန်လိုကြောင်း၊        မျိုးဆက် နှစ်ဆက်လောက် ပျက်စီးခဲ့သည့်၊ မစစ်မှန် သည့်   အမျိုးသားရေး၊  နိုင်ငံချစ်စိတ်နှင့် နိုင်ငံရေးအသိများကြောင့် ဖြစ်ခဲ့ရသည်မှာ ယခုလက်ရှိနိုင်ငံသားများသည် မည်သည့် နိုင်ငံဖြစ်စေ၊  တိုင်းပြည်ကို   အုပ်ချုပ်နေ သော မည်သည့်အစိုးရမဆို မျက်စိစုံမှိတ် ပြီး  အလုံးစုံထောက်ခံနေရန်    မဟုတ် ကြောင်း၊   မိမိနိုင်ငံအပေါ်    စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊  နိုင်ငံရေးအသိအမြင် များ၊ အမျိုးသားရေးခံယူချက်များရှိမှသာ နိုင်ငံ၏အနာဂတ်က    ကောင်းမည်ဖြစ် ကြောင်း၊ ထို့ကြောင့် အစွန်းမရောက်သည့် စိတ်ဓာတ်များရှိရန်      လိုအပ်ကြောင်း၊ အစွန်းမရောက်သည့် စိတ်ဓာတ်ဆိုသည် မှာ  အကောင်းမြင်လွန်းခြင်း၊  အဆိုးမြင် လွန်းခြင်း စသည့်ဝါဒများဖြင့် မမှန်ကန် နိုင်ကြောင်း၊    ထေရဝါဒဗုဒ္ဓဘာသာ၏ စစ်မှန်သောလမ်းစဉ်ဖြစ်သည့်    အရှိကို အရှိအတိုင်း၊ ပကတိအတိုင်းမြင်နိုင်သည့် ဝိဘဇ္ဇဝါဒသာလျှင် မှန်ကန်မည့်လမ်းစဉ် ဖြစ်ကြောင်း၊  ထိုဝါဒသည်   Universal Truth   ဟုခေါ်သည့်  သစ္စာတရားသာ ဖြစ်ကြောင်း၊    ထို့ကြောင့်လူငယ်များ အနာဂတ်ကာလတွင်     နည်းမျိုးစုံဖြင့် စည်းရုံးပါက လမ်းလွဲသို့ အရောက်မလွယ် ရန်၊ တိုင်းပြည်မပျက်စီးရန်အတွက် ပညာ ရေးနယ်ပယ်ကို လူငယ် ၉၀ ရာခိုင်နှုန်းက ဖြတ်သန်းပြီးနေကြရကြောင်း၊ ထို့ကြောင့် ကျောင်းများသည်  Political Science ဟုခေါ်သည့် နိုင်ငံရေးကိုလက်တွေ့ကျကျ အမှန်အတိုင်း သိမြင်နိုင်သောနိုင်ငံရေး သိပ္ပံဘာသာရပ်၊ အမှန်တရားကို ဖော်ထုတ် နိုင်သော ဗုဒ္ဓထေရဝါဒ၏ ဝိဘဇ္ဇဝါဒများ ကို သင်ပေးနိုင်သည့် ဗုဒ္ဓဘာသာ အခြေခံ သဘောတရားများကို ပညာရေးဌာနများ ၏   ကျောင်းများ၌   နောင်အနာဂတ်တွင် ဖြည့်သွင်း၍ သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။
ဒီမိုကရေစီဆိုသည်မှာ
ပန်းပေါင်း ၁၀၀ ပွင့်ပါစေ
ဗိုလ်ချုပ်ဇော်မင်းထွန်းက    မြန်မာ နိုင်ငံအနေဖြင့်   ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားသည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့ ယဉ်ကျေးမှုဟု  ပြောမည်ဆိုပါက    ဗုဒ္ဓ ဘာသာနှင့်ကင်း၍မရကြောင်း၊ သင်ခန်း စာများတွင် ထိုက်သင့်သလောက် အငွေ့ အသက်များပါပြီးဖြစ်ကြောင်း၊ မိမိပြောလို သည်မှာ မြန်မာကဗျာများကို ကြည့်မည် ဆိုပါက ရှေးဟောင်းကဗျာအများစုသည် သေချာလေ့လာကြည့်ပါက   ၁၀   ပုဒ်၌ တစ်ဝက်နီးပါးခန့်သည်  ဘာသာရေးအငွေ့ အသက်၊ ဗုဒ္ဓဘာသာအငွေ့အသက်ပါပြီး ဖြစ်ကြောင်း၊ တစ်ဝက်ခန့်သည် ကျေးလက် အငွေ့အသက်ပါပြီးဖြစ်ကြောင်း၊  ထိုကိစ္စ နှင့်ပတ်သက်ပြီး         ထပ်မံ၍ပြဋ္ဌာန်းရန် အတွက် သက်ဆိုင်ရာသင်ရိုးညွှန်းတမ်း အဖွဲ့များက       ဆောင်ရွက်လိမ့်မည်ဖြစ် ကြောင်း၊         ပါတီစုံဒီမိုကရေစီစနစ်ကို သွားသည်ဟုပြောကြောင်း၊    ဒီမိုကရေစီ ဆိုသည်မှာ  ပန်းပေါင်း ၁၀၀ ပွင့်ပါစေဟု ဆိုသော်လည်း   ဒီမိုကရေစီသည်    ပန်း ခုတ်ပွဲလုပ်နေခြင်း        မဟုတ်ကြောင်း၊ ပန်းပေါင်း    ၁၀၀    ပွင့်ပါစေဖြစ်သည့် အတွက်ကြောင့်         မျိုးစုံရှိလိမ့်မည်ဖြစ် ကြောင်း၊ ပွင့်လာသည့် ပန်းများက လှရန် နှင့်    အဆိပ်မဖြစ်ရန်သာလိုကြောင်း၊ ဘယ်ပန်းပင်ကို   မပွင့်စေနှင့်၊    ဘယ်ပန်း ကိုမူ      ခုတ်စေဟု    ဒီမိုကရေစီစနစ်၌ ဆုံးဖြတ်၍မရကြောင်း၊  သတင်းထောက် ကြီးပြောသည့်အတိုင်း အစွန်းရောက်များ ရှိကြောင်း၊ ဒီမိုကရေစီကို အနှစ်ချုပ်လိုက် ပါက   “မတည့်အတူနေ”    သည့်    ဝါဒ ဖြစ်ကြောင်း၊ မီဒီယာများနှင့်  မိမိ မတည့် ပါကလည်း အတူနေနိုင်ရမည် ဖြစ်ကြောင်း၊ မည်သူနှင့်မည်သူ     မတည့်ပါကလည်း အတူနေနိုင်ရမည်ဖြစ်ကြောင်း၊    မိမိတို့ သွားရန်ရည်မှန်းထားပါက    “ပန်းပေါင်း ၁၀၀ ပွင့်ပါစေနှင့် မတည့်အတူနေ” စသည် တို့ အလေးထားရမည်ဖြစ်ကြောင်း၊ ထိုစနစ် ကို ကျင့်သုံးမည်ဟုရည်မှန်းထားပါက ထို စနစ်နှင့်ကိုက်ညီသော စိတ်ထားများ ရှိရ မည်ဖြစ်ကြောင်း၊ ဤစနစ်နှင့် ကိုက်ညီသော စိတ်ထားများတွင်        သတင်းထောက်ကြီး ပြောသည့် အချက်များလည်း  အကျုံးဝင် လာမည်ဖြစ်ကြောင်းနှင့်       ဆက်လက် ဆောင်ရွက်သွားမည်တို့ကို  ယေဘုယျသာ   ဖြေကြားလိုကြောင်း  ပြန်လည်ဖြေကြား သည်။              

 v စာမျက်နှာ ၁၇ မှ
မမှန်မကန်အရေးယူခံရသော
ဝန်ထမ်းများ အများအပြားရှိ
လူထုရင်ဖွင့်သံ    သတင်းဌာနမှ အယ်ဒီတာ မိုးသောက်ပန်းက ၂၀၁၇ ခုနှစ် မှစပြီး         ပညာရေးဝန်ထမ်းတော်တော် များများ             ယခင်ပညာရေးဝန်ကြီး လက်ထက်၌ မဖြစ်စလောက်အပြစ်လေး နှင့် မမှန်မကန်အရေးယူခံရသောဝန်ထမ်း များ အများအပြားရှိကြောင်း၊   ထိုဝန်ထမ်း များသည်  နိုင်ငံကိုချစ်သည့်စိတ်၊    အမျိုး သားရေးစိတ်ဓာတ်နှင့် အနစ်နာခံ၍လုပ်ခဲ့ သော  ဝန်ထမ်းများရှိကြောင်း၊    တချို့ဆို လျှင်   လုပ်ငန်းခွင်ထဲ၌   ကိုယ်အင်္ဂါများ ချို့ယွင်းသည်အထိ  တာဝန်ထမ်းဆောင်ခဲ့ ကြောင်း၊ ထိုကဲ့သို့ မမှန်မကန်အရေးယူ ခံခဲ့ရသည့်အတွက်ကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့    စာချွန်လွှာ တရားမလျှောက်ထားမှုဖြင့်   တင်သည့် အချိန် လျှောက်ထားသူ၏ ခိုင်မာမှန်ကန် သော      အထောက်အထားများကြောင့် ယခင်ပညာရေးဝန်ကြီး         ဒေါက်တာ မျိုးသိမ်းကြီး ထုတ်ထားသောအမိန့်ကို ပြည်ထောင်စု     တရားလွှတ်တော်ချုပ်ရုံး တွင် နိုင်ငံတော်တရားသူကြီးချုပ် ဦးထွန်း ထွန်းဦးကိုယ်တိုင်    ကြားနာစစ်ဆေး၍ ပညာရေးဝန်ကြီး၏    အမိန့်အားလုံးကို ပယ်ဖျက်ကြောင်း    အမိန့်ထုတ်ပြန်ခဲ့ ကြောင်း၊ ထိုအမိန့်ကြောင့် ဝန်ထမ်းတချို့ မှာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ ကြောင်း၊    ထိုကဲ့သို့ဝင်ရောက်ရာတွင် မကျေနပ်၍   အကြောင်းမရှိအကြောင်း ရှာပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးကာ ယခင်လိုပင်လုပ်ခဲ့ပြီး မတရားအရေးယူခဲ့ ကြောင်း၊    ထိုကဲ့သို့အရေးယူမှုများကို လက်ရှိ     တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ကြီးဌာန၏    အကြီးအကဲ တချို့ပင်လျှင်           ဒေါက်တာမျိုးသိမ်းကြီး လက်ထက်က    အရေးယူခံခဲ့ရခြင်းများ ရှိကြောင်း၊   ထိုအတွက်   နစ်နာလွန်းနေ  သည့်မိသားစုများ၊ ၎င်းတို့ကိုမှီခိုနေသည့် မိသားစုများ  ဘဝပျက်ခဲ့ရသလို    သေလု မျောပါး နစ်နာခဲ့ရကြောင်း၊ ထိုနစ်နာမှုများ ကို တာဝန်ရှိသူများအနေဖြင့် မည်ကဲ့သို့ ကူညီဖေးမနိုင်မည်ကို     သိလိုကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုဖြစ်စဉ် များကို မိမိတို့လည်း ကြားဖူးခဲ့ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး နစ်နာသူဘက် က  ပညာရေးဝန်ကြီးဌာနသို့    ပြန်လည် တင်ပြပြီး ဆောင်ရွက်နိုင်သည်ဟုပြောလို ကြောင်း ပြန်လည်ဖြေကြားသည်။
သူရိယနေဝန်းဂျာနယ်မှ    CEO ဦးမိုးဟိန်းက   အကြမ်းဖက်အဖွဲ့အစည်း များဖြစ်သည့် NUG၊  PDF   အဖွဲ့များ၏ လက်နက်ခဲယမ်းများနှင့်    ၎င်းတို့ကို ဖမ်းဆီးရမိမှုများကို  ဆက်တိုက်တွေ့နေ ရကြောင်း၊ အထူးသဖြင့် “၈၈ ပွင့်လင်း” က   ဂျင်မီကို   မထင်မှတ်သောနေရာမှ လက်နက်အမြောက်အမြားဖြင့်   ဖမ်းမိ ကြောင်း၊  တစ်ပတ်၊  နှစ်ပတ်အကြာတွင် NLD ဒေါ်အောင်ဆန်းစုကြည်၏ ညာလက် ရုံးဟုပြောရမည့်    NLD    ဗဟိုကော်မတီ အဆင့်၊ လွှတ်တော်အမတ်  နှစ်ကြိမ်ဖြစ်ခဲ့ ဖူးပြီး   NLD   ပါတီကို   ကိုယ်စားပြုသည့် ဖြိုးဇေယျာသော်ကို လက်နက်အမြောက် အမြားဖြင့်  ဖမ်းမိကြောင်း၊   ဖမ်းမိသည့် လက်နက်များသည်   မိမိတို့ဘဝတွင် မြင်ခဲ့ဖူးသော ဗကပအနောက်ပိုင်းတိုင်း  သရက်ခရိုင်၌       လက်နက်ချခဲ့သည့် ဗိုလ်သက်ထွန်းတို့    လက်နက်ချစဉ်က အရှေ့တွင်ခင်းထားသော    လက်နက် များက ဇေယျာသော်ကို ဖမ်းမိစဉ်ရရှိသည့် လက်နက်ကို   မမီကြောင်း၊   ထိုမျှမများ ကြောင်း၊   ခွန်ဆာတို့    မော်ထိုင်းအာမီ လက်နက်ချသည့် လက်နက်ပမာဏခန့်ကို CRPH၊ NUG၊ PDF တို့မှ ဖမ်းမိသလောက် ရှိနေကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး တပ်မတော်    တာဝန်ယူထားချိန်မှစ၍ CRPH၊ NUG၊ PDF တို့မှ ဖမ်းမိထားသော လက်နက်အရေအတွက် မည်မျှရှိပါသလဲ၊ ဖမ်းမိထားသော အကြမ်းဖက်များ၊ မဖမ်း မိသေးသော အကြမ်းဖက်များကို မည်သို့ ဆောင်ရွက်သွားမည်ကို   သိလိုကြောင်း၊ မိမိတို့ဘဝတွင်မမြင်ဖူးသည့်        ခေတ်မီ တူရကီ၊        အမေရိကန်လက်နက်များ အမြောက်အမြားမိပြီး   တပ်မတော်တွင် တပ်မတစ်ခု       ထပ်တိုးချဲ့ဖွဲ့စည်း၍ ရလောက်အောင်  များပြားသည့်လက်နက် များ    ရန်ကုန်၊     မန္တလေးမြို့များထဲသို့ ရောက်လာသည်မှာ    နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှုများကို ပြည်သူများက သိလိုကြောင်းနှင့်    ထိုအကြောင်းအရာ များကို ရှင်းပြပေးစေလိုကြောင်း မေးမြန်း သည်။
၆၀၈၇ လက်ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက    မိမိတို့ စာရင်းပြုစုထားသည်မှာ ဖေဖော်ဝါရီ  ၁ ရက်မှစ၍ နိုဝင်ဘာ  ၂၃   ရက်အထိ တစ်နိုင်ငံလုံး၌   ဖမ်းဆီးရမိလက်နက် (လုပ်သေနတ်မပါ) ၁၄၁၂ လက်ရှိကြောင်း၊ လုပ်သေနတ်၊ ဘောပင်သေနတ်၊ တူမီး သေနတ်များပါဝင်ပါက   ၆၀၈၇    လက် ရှိကြောင်း၊ ကျည်မျိုးစုံ   ၁၅၀၀၀   ခန့် ရှိကြောင်း၊ လက်ပစ်ဗုံးမျိုးစုံ ၂၄၅၉ လုံး၊ လက်လုပ်မိုင်း၊ ဗုံးမျိုးစုံ ၃၀၀၀ ကျော်ခန့် ရှိကြောင်း၊ NUG ၊PDF အမည်ခံအကြမ်း ဖက်အဖွဲ့များ၊ NLD အစွန်းရောက်အဖျက် သမားများ၊ တချို့ EAOs များအပါအဝင် ထိုလက်နက်များကိုအသုံးချ၍ နိုင်ငံအတွင်း ၌ ပစ်ခတ်သတ်ဖြတ်မှုများ၊ ဗုံးခွဲတိုက်ခိုက် မှုများကို  လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဒလန်တံဆိပ်တပ်၍      တွေ့ရာလူကို  သတ်နေခြင်းများ၊NLD အားပေးထောက်ခံ သူများအချင်းချင်းလည်း      သတ်ဖြတ်၍   ဒလန်တံဆိပ်           ကပ်ခြင်းများကို    လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်    ပြည်သူ့အသက် အိုးအိမ်စည်းစိမ်     လုံခြုံရေးအတွက်     နည်းလမ်းပေါင်းစုံဖြင့် ဖော်ထုတ်တားဆီး မှုများကို       ဆောင်ရွက်လျက်ရှိကြောင်း၊   ရာနှုန်းပြည့်တားဆီးရန်   အခက်အခဲရှိ ကြောင်း၊          တင်သွင်းမှုနှင့်ပတ်သက်၍        ယုတ်မာကောက်ကျစ်သော အကြံအစည် ဖြင့်    ကိုဗစ်ကာလ၌  ဖြေလျှော့ပေးမှုကို အခွင့်ကောင်းယူ၍ အောက်ဆီဂျင်အိုးများ ထဲ၌ ထည့်လာခြင်းများ၊    အခြားနည်းလမ်း များလည်းရှိမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံ အချို့၏       အကြမ်းဖက်အဖွဲ့များကို အားပေးနေမှုများ၊  လှူဒါန်းထောက်ပံ့နေမှုများရှိကြောင်း၊    အဆိုပါသေနတ်များ၊ ထောက်ပံ့ငွေများသည် ပြည်ပနိုင်ငံများက ထောက်ပံ့မှုများရှိကြောင်း၊     ထို့နောက် စာချုပ်ရောင်းဝယ်မှုများကို     မည်သူက ဝယ်မည်ကို သိသာကြောင်း၊ အမည်ခံ၍ ငွေမည်းကို ငွေဖြူလုပ်ခြင်းဖြစ်ကြောင်း၊ တချို့လက်နက်များသည်       အသစ်  စက်စက်များဖြစ်ကြောင်း၊    နည်းလမ်း နှစ်မျိုးဖြင့်  ရရှိခြင်းဖြစ်ပြီး   နံပါတ်(တစ်)က ဝယ်ယူခြင်းနည်းလမ်း၊ နံပါတ်(နှစ်)နည်းလမ်းက   တချို့   K-12   ကဲ့သို့  လက်နက်မျိုးက    လက်နက်စက်ရုံက ထုတ်သည့်  မူရင်းအတိုင်းကို   ရရှိခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စများကို တားဆီးရန် အတွက် နိုင်ငံ့ကောင်းကျိုးနှင့် တည်ငြိမ် အေးချမ်းအောင်  လိုလားသည့်    ပြည်သူ လူထုက     လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်    တတ်နိုင်သမျှအကူအညီပေးရန် မေတ္တာ ရပ်ခံလိုကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကလည်း   သတင်းဆက်လက်ဖော်ထုတ် ခြင်း၊ သတင်းနှင့်ပတ်သက်ပြီး ပြည်သူ လူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး အတွက် ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊     အားလုံး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မအောင် မြင်စရာမရှိကြောင်း၊          ဖမ်းမိသည့် လက်နက်အရေအတွက်ကို      ကြည့်မည် ဆိုပါက   မိမိတို့နိုင်ငံသည်   မည်မျှအထိ အန္တရာယ်များနိုင်သည်ကို         ပြောလို ကြောင်း၊  နောက်ပိုင်းတွင်   အသုံးပြုလာ သောလက်နက်များဖြစ်သည့် TNT ယမ်း နှင့်ပတ်သက်ပြီး    ပြောပြရမည်ဆိုပါက Trinitrotoluene   သည်   ပြင်းအားမြင့် သည့်   ဖောက်ခွဲရေးပစ္စည်းဖြစ်ကြောင်း၊ မိမိတို့လက်တွေ့သုံးနေသည့်   ဖောက်ခွဲ ရေးပစ္စည်းများထဲ၌  ပြင်းအားအမြင့်ဆုံး ယမ်းများဖြစ်ကြောင်း၊   ထိုပစ္စည်းများဖြင့် လုပ်ဆောင်ရန်အထိ   အကြံအစည်ရှိပြီး စုဆောင်းထားပြီးဖြစ်ကြောင်း၊    မည်မျှမိ သည်ကိုလည်း ပြောပြီးဖြစ်ကြောင်း၊  ယခု ခန်းမအတွင်း   ပြသထားသောပုံများကို ကြည့်မည်ဆိုပါက       ထင်ရှားစွာသိမည် ဖြစ်ကြောင်း၊   ပြည်သူလူထုကို   ပြောလို သည်မှာ     အကြမ်းဖက်သမားများကို အားမပေးရန်နှင့် အကြမ်းဖက်လုပ်ရပ်များ ကို    အားပေးမည်ဆိုပါက    အချင်းချင်း သတ်ဖြတ်သကဲ့သို့  တရားမဲ့သတ်ဖြတ်မှု များ   ဖြစ်လာနိုင်ပြီး ကြိုတင်၍ကာကွယ် ကြရန် မေတ္တာရပ်ခံလိုကြောင်း  ပြန်လည် ဖြေကြားသည်။
ဆက်လက်ပြီး     သူရိယနေဝန်း ဂျာနယ်မှ CEO ဦးမိုးဟိန်းက ၁၉၄၈ ခုနှစ် ဗကပများ    တောခိုသည့်အချိန်တွင် ကိုင်ဆွဲသည့်   လက်နက်ပမာဏထက် NUG၊ PDF လက်နက်ကိုင်သောင်းကျန်းမှု က     အဆများစွာပိုများနေကြောင်း၊ ဖြိုးဇေယျာသော်ကဲ့သို့ NLD အမတ်များ၊ အခြားမြို့နယ်များတွင်လည်း     NLD အမတ်များ ပါဝင်တိုက်ခိုက်အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်နေသည့်    လှုပ်ရှားမှုများ သည်   NLD    ပါတီက    လက်နက်ကိုင် တော်လှန်နေပြီလားဟု     ယူဆ၍ရပါ သလား၊   NLD  ပါတီက   လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို  တရားဝင်ဆင်နွှဲ နေသည့်ပါတီဟု ကြေညာ၍ရနိုင်ပြီလား ကို သိလိုကြောင်းမေးမြန်းသည်။
ငြိမ်းချမ်းစွာနေလိုသည့် ဆန္ဒရှိသောသူများရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက   လက်ရှိ ဖြစ်ပျက်နေသည့်         အခြေအနေနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက အများစု က ပါဝင်ပတ်သက်မှုရှိကြောင်း၊   တချို့ NLD ပါတီဝင်များထဲ၌ ဗဟိုကော်မတီဝင် တချို့အပါအဝင် ငြိမ်းချမ်းစွာနေလိုသည့် ဆန္ဒရှိသောသူများရှိကြောင်း၊   အနည်းစု ဖြစ်ကြောင်း၊        ရွေးချယ်ခံထားသည့် ကိုယ်စားလှယ်များထဲ၌လည်း ဒီမိုကရေစီ သည် အကြမ်းဖက်နည်းလမ်းဖြင့်မရနိုင်၊  အကြမ်းမဖက်သည့်    နည်းလမ်းဖြင့်သာ    ဆောင်ရွက်ရမည်ကို   ယုံကြည်၍    ယခု အချိန်အထိ       ရှိနေသည့်လူများလည်း ရှိသေးသည်ကို     အသိပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar   National   Post   မှ အယ်ဒီတာချုပ်   နောင်တော်လေးက ရန်ကုန်မြို့တွင် ဖြိုးဇေယျာသော်နှင့် NLD၊ ၈၈ အစွန်းရောက်အကြမ်းဖက် သာသနာ ဖျက်၊ ပြည်ဖျက်၊ မိစ္ဆာပါတီမှ ကိုဂျင်မီနှင့် ဖြိုးဇေယျာသော်ကို     ဖမ်းဆီးပေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို    အထူးကျေးဇူး တင်ရှိပါကြောင်း၊   ယခင်က    ရန်ကုန်မြို့ တွင်    နေ့စဉ်ရက်ဆက်    လူသတ်မှုများ ကြားရပါကြောင်း၊    ၎င်းတို့ကို    ဖမ်းပြီး နောက်    အသံတိတ်သွားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ဖြိုးဇေယျာသော်က လက်နက် များပေးပြီး   လိုက်လံသတ်ဖြတ်လုပ်ကြံ ခိုင်းခဲ့သည်များရှိပါကြောင်း၊           ထိုသို့ လိုက်လံ လုပ်ကြံသတ်ဖြတ်ခိုင်းမှုပေါင်း     မည်မျှရှိသည်၊       ဖြိုးဇေယျာသော်၏    ခိုင်းစေမှုကြောင့်  အပြစ်မဲ့ပြည်သူသေဆုံးမှု ပေါင်း မည်မျှရှိသည်၊ ဖြိုးဇေယျာသော်ကို အပြစ်မဲ့သေဆုံးရသူများအတွက်   ဥပဒေ နှင့်ထိုက်တန်သည့်  ပြစ်ဒဏ်ချမှတ်ပေး သွားမည်လားဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းအနေ ဖြင့်     တိုက်ရိုက်ပါဝင်ပတ်သက်မှုနှင့် နောက်ကွယ်မှ လက်နက်ပေးပြီး မည်သူကို သတ်ဟူ၍ ပါဝင်ပတ်သက်မှုများရှိကြောင်း ပြောကြားပြီးနောက် ဖြိုးဇေယျာသော်၏ မှတ်စုစာအုပ်များကို ပြသသည်။ အနည်း ဆုံး ၎င်းပါဝင်ပတ်သက်သည့် အမှုပေါင်း ၂၆ မှုရှိကြောင်း၊ အနည်းဆုံးသာ ပြောခြင်း ဖြစ်ကြောင်း၊   ထပ်မံဖော်ထုတ်လျက်ရှိ ကြောင်း၊ ယင်းစာအုပ်ထဲတွင်   ၎င်းတို့ လုပ်ခဲ့သည်များ    အသေးစိတ်ပါကြောင်း၊ မည်သို့လုပ်ဆောင်မည်ဟူ၍ အသေးစိတ် ပါကြောင်း၊ ၎င်းစာအုပ်ထဲတွင်  လက်လုပ် မိုင်းပြုလုပ်သည့်နေရာတွင်   မည်သို့လုပ်ရ မည်ဟုပါကြောင်း၊  ထို့ကြောင့်ပြောလို သည်မှာ အကြမ်းဖက် သမားဖြစ်ရုံသာမက           အကြမ်းဖက်လုပ်ဆောင်သူ၊ အကြမ်းဖက် ခေါင်းဆောင်ဖြစ်ကြောင်း၊   ဥပဒေအရ   ထိရောက်စွာ          ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး Myanmar National Postမှ အယ်ဒီတာချုပ် နောင်တော်လေး က NLD၊ PDF အစွန်းရောက်အကြမ်းဖက် သာသနာဖျက်၊ ပြည်ဖျက်၊ မိစ္ဆာပါတီ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၃ ပါး သေဆုံးခဲ့ရပါကြောင်း၊    ၎င်းအကြမ်းဖက် သမားများ၏နောက်ကွယ်တွင် ဘာသာ ခြား     အဖွဲ့အစည်းများရှိနေပါသလား၊ သံဃာတော်များကို    သတ်ဖြတ်သည့် အကြမ်းဖက်သမား မည်မျှအတိုင်းအတာ အထိ ဖမ်းမိထားပါလဲ၊ PDF အဖွဲ့ဝင်များကို မိဘများက   အမွေပြတ်စွန့်လွှတ်နေပါ ကြောင်း၊   အမွေပြတ်စွန့်လွှတ်ပြီးလျှင် ၎င်းတို့သည် ဥပဒေကြောင်းအရ အရေးယူ မခံရတော့ဘူးလား     ဆိုသည်ကိုလည်း သိလိုကြောင်းမေးမြန်းသည်။ 
နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းဆည်းခံရ
ဗိုလ်ချုပ်ဇော်မင်းထွန်းက    သံဃာ တော်များ  သတ်ဖြတ်မှုတွင်ပါဝင်သည့် တချို့တရားခံများကို  မိပြီးဖြစ်ကြောင်း၊ ငါးဦးခန့်မိပြီးပြီဟု သိရပါကြောင်း၊ စာရင်း အတိအကျမသိရသေးကြောင်း၊   လိုက်လံ စုံစမ်းနေဆဲဖြစ်ကြောင်း၊ နောက်ကွယ်က ပါရှိမှုအနေဖြင့်  သိရသလောက်   သံဃာ တော်များကို ဒလန်ဟု  စွပ်စွဲသတ်ဖြတ်မှု များရှိကြောင်း၊  နောက်ကွယ်က အခြား အဖွဲ့အစည်းပါဝင်မှု         ယခုအချိန်အထိ ထင်ရှားစွာ         တွေ့ရှိခြင်းမရှိကြောင်း၊    အမွေပြတ်ကြေညာခြင်းနှင့်ပတ်သက်ပြီး        ဥပဒေကြောင်းအရ တရားရုံးတွင် ဦးတိုက် လျှောက်ထားပြီးမှ     တရားဝင်ဖြစ်မည် ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ ခိုလှုံ ခွင့်ပေးထားသည့်    အဆောက်အအုံများ၊ မည်သူပင်ဖြစ်စေ  အကြမ်းဖက်သမားဟု သတ်မှတ်ထားသည့်   အဖွဲ့ဝင်ဖြစ်ပါက မည်သည့်အိမ်တွင်    နေသည်ဖြစ်စေ ၎င်းသည်   အကျုံးဝင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများကို         ခိုလှုံခွင့် ပေးထားသည့်     အဆောက်အအုံများနှင့် စပ်လျဉ်းသည့်ထုတ်ပြန်ချက်ကို    အကြမ်း ဖက်မှု            တိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာခဲ့ပြီးဖြစ်ကြောင်း၊           တိုက်ခန်း ငှားရမ်းနေပြီး     အကြမ်းဖက်မှုကျူးလွန် ကြောင်း     ဖော်ထုတ်ရရှိလျှင်     နေအိမ် တိုက်ခန်းငှားရမ်းစဉ်           သက်ဆိုင်ရာ ရပ်ကွက်  သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး မှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားထားခြင်း        မရှိကြောင်းကို        စစ်ဆေးတွေ့ရှိရလျှင် ငှားရမ်းသည့်ပိုင်ရှင်များမှာ  တာဝန်ရှိမည် ဖြစ်ပြီး   သက်ဆိုင်ရာတည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်သည့်အပြင်   အဆိုပါ ငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများ ကို  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရ အရေးယူဆောင်ရွက်သည့်အမှုများဖြင့်ဆက်စပ်၍          သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး       စစ်ဆေး ပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းဆည်းခံရမည်        ဖြစ်ကြောင်းကို     အသိပေးထားပါကြောင်း           ပြန်လည် ဖြေကြားသည်။ 
            (ဆက်လက်ဖော်ပြပါမည်)