
နေပြည်တော် အောက်တိုဘာ ၂၆
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ တတိယ နေ့ကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ သတ်မှတ်နေရာအသီးသီး တွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
မြန်မာလူမျိုးတို့၏ အမျိုး ဂုဏ်၊ ဇာတိဂုဏ်၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများကို နိုင်ငံတော် တည်တံ့ခိုင်မြဲမှုနှင့်အတူ ယှဉ်တွဲ တည်ရှိနေရမည့် ဂုဏ်ဒြပ်များ အဖြစ် နှလုံးသွင်းခံယူပြီး မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို လူအား၊ ငွေအား၊ အချိန်အား စိုက်ထုတ် ကျင်းပပေးနေခြင်းဖြစ် သည်။ ယခု ပြိုင်ပွဲကြီးသည် အနုပညာဆိုင်ရာ ပြိုင်ပွဲတစ်ခု ဖြစ်သည့်အပြင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရင်းနှီး ချစ်ကြည်မှုကို အခြေခံ၍ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ထုတ် ထိန်းသိမ်းသည့်ပွဲ၊ မျိုးဆက်ဟောင်း အနုပညာ ရှင်ကြီးများနှင့် မျိုးဆက်သစ် အနုပညာရှင် မောင်နှမများ ပေါင်းကူး ယှက်နွှယ်သည့်ပွဲ၊ တစ်နည်းအားဖြင့် တိုင်းရင်းသား ညီအစ်ကိုများ ယဉ်ကျေးမှု ပေါင်းစည်းသည့် ပွဲဖြစ်ကြောင်း သိရသည်။
ယနေ့တွင် “မဟာဂီတ” တေး သီချင်း အဆိုပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “မြူဝန်း လို့ခို” (ပတ်ပျိုး) သီချင်းဖြင့်လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယ တန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက “ဒီပါအေးမြ” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ကုန်းဘောင် နေမင်း” (ပတ်ပျိုးလတ်) သီချင်း ဖြင့် လည်းကောင်း သာယာငြိမ့် ညောင်းသည့် မြန်မာ့ဂီတရသကို ဖော်ကျူးသီဆိုယှဉ်ပြိုင်ကြသည်။
“ကာလပေါ်” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ ကျင်းပရာ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် တို့မှ ပြိုင်ပွဲဝင်များက “အရွယ် သုံးပါး” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြနဒီ” သီချင်းဖြင့် လည်းကောင်း ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။
အကပြိုင်ပွဲကို မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂) Plenary Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ ကချင် ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ် ညီညာစွာအသုံးပြု၍ ငြိမ့်ညောင်း သည့် ကကွက်ကဟန်များဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက ကြည့်ရှုသူ များ ရင်သပ်ရှုမောဖြစ်စေမည့် ကကြိုးကကွက်များဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက ကကြိုးကကွက် စုံလင်စွာဖြင့် လည်းကောင်း အားကြိုးမာန်တက် ယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲ၏ သီချင်းသံစဉ် ထည့်သွင်းလေ့ကျင့်သီဆိုခြင်းကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ကျင်းပရာ အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲတွင် ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဗလငါးတန် ဒို့ရည်သန်” ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ပထမ တန်း)ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇာတိပုည ဂုဏ်မာန”ခေါင်းစဉ် ဖြင့် လည်းကောင်း ရသစုံလင်စွာ သံစဉ်ထည့်သွင်း လေ့ကျင့်သီဆို ကြသည်။
စန္ဒရားအတီးပြိုင်ပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) News Briefing Room ၌ကျင်းပရာ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ မှ ပြိုင်ပွဲဝင်များက “ဆန်းနွေဦး” (ယိုးဒယား) သီချင်းဖြင့် လည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရှမ်း ပြည်နယ်၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ဆန်းဆန်းသဉ္ဇာကြာညောင်” (ယိုးဒယား) သီချင်းဖြင့် လည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ဖူးရွှေလက်တင်” (ကာလပေါ်) သီချင်းဖြင့် လည်းကောင်း လက်စွမ်းပြ တီးခတ်ယှဉ်ပြိုင်ကြ သည်။
တယောအတီး ပြိုင်ပွဲကို အမျိုးသားပြတိုက်(နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ချစ်သမျှ ကို” (ပတ်ပျိုး) သီချင်းဖြင့် လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲ တွင် မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မေတ္တာသံဝေ” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင် ကချင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေပဇ္ဇုန်” (ယိုးဒယား) သီချင်းဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကယား ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ရွှေပဇ္ဇုန်” (ယိုးဒယား) သီချင်းဖြင့် လည်း ကောင်း သာယာငြိမ့်ညောင်း စွာ တီးခတ်ယှဉ်ပြိုင်ကြ သည်။
နှဲပြိုင်ပွဲကို အမျိုးသား စာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပ ရာ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲ တွင် တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ဂန္ဓမာတောင်” (ဘွဲ့) သီချင်း ဖြင့်လည်းကောင်း၊ ဝါသနာရှင် အဆင့် (ပထမတန်း) အမျိုးသား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “နှင်းယွန်းဂိမှာန်” (မွန်) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲတွင် ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက “မင်းလမ်းစပ်ကာ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာ ရှင်အဆင့် (ဒုတိယတန်း) အမျိုး သားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောဟေဝန် လယ်” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ မှ ပြိုင်ပွဲဝင်များက “ဘုံဆောင်မြင့်” (ကြိုး) သီချင်းဖြင့် လည်းကောင်း တီးမှုတ်ယှဉ်ပြိုင်ကြသည်။
ဆိုင်းဝိုင်းကြီး အဖွဲ့အလိုက် အတီးပြိုင်ပွဲကို သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။
ရုပ်စုံသဘင်အဖွဲ့လိုက် ပြိုင်ပွဲ ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ကျင်းပရာ ရုပ်စုံသဘင် အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ပညာ ရွှေအိုး” ဇာတ်တော်ကြီးဖြင့် ကရင် ပြည်နယ်ကိုယ်စားပြု ရွှေဖားစည် သံ အောင်နန်းစံ ရုပ်စုံသဘင်အဖွဲ့ က မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များကို ဖော်ကျူးသည့်အက အလှများ၊ စကားပြောများဖြင့် တင်ဆက်ကပြယှဉ်ပြိုင်ကြသည်။
ဇာတ်တော်ကြီး ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ ၌ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့ လိုက် ဝါသနာရှင်အဆင့် (ပထမ တန်း) ပြိုင်ပွဲတွင် “မဟော်သဓာ” ဇာတ်တော်ကြီးဖြင့် မန္တလေးတိုင်း ဒေသကြီးကိုယ်စားပြု စိန်မြန်မာ အနုပညာအင်အားစု မဟော်သဓာ ဇာတ်တော်ကြီးအဖွဲ့က မူရင်း မဟော်သဓာ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ ဇာတ်သဘင်၏ ဆို ငို ပြော ပညာ ရပ်များ၊ အကအလှများနှင့် အနု ပညာရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများ သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားရေးရာဝန်ကြီး များ၊ လူမှုရေးရာဝန်ကြီးများ၊ ဥပဒေ ချုပ်များ၊ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပြိုင်ပွဲဝင် များ၏ အုပ်ထိန်းသူမိဘများက ပြိုင်ပွဲနေရာအသီးသီး၌ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ၏ အဆိုပြိုင်ပွဲတွင် အဆင့်အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် မဟာ ဂီတအဆိုပြိုင်ပွဲ၊ ခေတ်ဟောင်း တေး / ကာလပေါ်ပြိုင်ပွဲနှင့် ဝါသနာရှင်အဆင့် (ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာအဆင့်များ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အမျိုး ဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေး သီချင်းပြိုင်ပွဲများ ပါဝင်သည်။
အကပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီးအဆင့်အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်သည့် အကပြိုင်ပွဲ၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပါဝင် ယှဉ်ပြိုင်နိုင်သည့် မြန်မာအက အခြေခံအမျိုးသမီး ကဗျာလွတ် အက (ပထမအဆင့်)၊ အမျိုး သမီး ၁၆ ဦး ယိမ်းပြိုင်ပွဲ၊ တစ်ဖွဲ့ လျှင် ၁၆ ဦး ပါဝင်ယှဉ်ပြိုင်နိုင် သည့် တိုင်းရင်းသားရိုးရာအက (သို့မဟုတ်) ကျေးလက်ရိုးရာ အကပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဝင်ရောက် ကပြယှဉ်ပြိုင်ကြမည့် ရှမ်း တိုင်းရင်းသားရိုးရာ အက ၁၆ ဦး ယိမ်းပြိုင်ပွဲတို့ ပါဝင်ကြောင်း သိရ သည်။
သတင်းစဉ်