(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်   အောက်တိုဘာ  ၁၂


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟို အဆင့်) ဒုတိယနေ့ကို ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှိ    သတ်မှတ်နေရာ   အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ     ဆက်လက် ကျင်းပသည်။

 


ယခုနှစ်ကျင်းပသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် မြန်မာတို့၏ ကိုယ်ပိုင်   အဖိုးတန်ယဉ်ကျေးမှုရတနာ များဖြစ်သည့် သီချင်းကြီး၊ သီချင်းခံ၊ အဆို၊ အတီးပြိုင်ပွဲများ၊   ကိုယ်ပိုင်အနုပညာ စစ်စစ်ဖြစ်သည့်   မြန်မာ့ဆိုင်းဝိုင်းကြီး အပါအဝင် မြန်မာ့တူရိယာပစ္စည်း တီးခတ် မှုပြိုင်ပွဲများ၊ ကမ္ဘာသုံးတူရိယာများဖြစ် သည့် စန္ဒရား၊ ဒုံမင်း၊ မယ်ဒလင်၊ တယော၊ ဂီတာ   အစရှိသည့်   တူရိယာများကို မြန်မာသံ    မြန်မာဟန်ဖြင့်   ယှဉ်ပြိုင် တီးခတ်မည့် ပြိုင်ပွဲများ၊ ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်များနှင့် ငြိမ့်ညောင်းစွာ ကပြကြမည့် အကပြိုင်ပွဲများ၊ မြန်မာအက အခြေခံဖြစ်သည့် ကဗျာလွတ်အကပြိုင်ပွဲ များ၊ နှုတ်မှုစွမ်းရည်ပြ ကွက်စိပ်ပြိုင်ပွဲများ၊ ကမ္ဘာက   အလေးအနက်ထားရသည့် မြန်မာ့ရုပ်သေး   ကြိုးဆွဲပညာပြိုင်ပွဲများ အပြင် အာရှတိုက်၏ ဒေသတွင်းနိုင်ငံများ က  အမြတ်တနိုး  တန်ဖိုးထားကြသည့် ရာမာယဏပြိုင်ပွဲကြီးကိုလည်း   မူရင်း ရာမာယဏဇာတ်တော်ကြီး၏   တီးလုံး တီးချက်   အကအလှများအပြင်   မြန်မာ့ ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ နှင့် ပေါင်းစပ်၍ ထူးကဲစွာ ယှဉ်ပြိုင်လျက် ရှိပြီး ခေတ်အလျောက်  ပေါ်ထွန်းလာခဲ့ သည့် ရသမြောက် ခေတ်ဟောင်းတေး/ ကာလပေါ်တေးများအပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများ ကိုလည်း   ခေတ်နားနှင့်  ယဉ်ပါးသည့် ခေတ်လူငယ်များ သီဆိုယှဉ်ပြိုင်နိုင်ကြရန် ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။ 

 


ယနေ့တွင် “မဟာဂီတ” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Banquet Hall ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမ တန်း) အမျိုးသမီးပြိုင်ပွဲတွင်    မန္တလေး တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မင်းခမ်း တော်စုံ”(သီချင်းခံ) ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ပန်းမှုံကြွယ်” (ယိုး ဒယား)ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “သီတင်းကျွတ်လဘွဲ့” (ပဒေသာ)ဖြင့်လည်းကောင်း၊  အဆင့်မြင့် ပညာအဆင့်    အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်က “သေနင်္ဂမည်” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ရခိုင်ပြည် နယ်မှ ပြိုင်ပွဲဝင်က “ဖန်ထွေလာ” (မွန်)ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ထွန်းလင်းလျှံလက်”  (ပတ်ပျိုး)  ဖြင့် လည်းကောင်း၊   ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ခါနွေဆန်း” (ယိုးဒယား)ဖြင့် လည်းကောင်း၊    အခြေခံပညာအဆင့် (အသက် ၁၅  နှစ်မှ  ၂၀  နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “အောင်မြေမြမန်း” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “ပန်းဟေဝန်” (ယိုး ဒယား)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ   ပြိုင်ပွဲဝင်များက   “ဘုန်းမိုးသွန်း လောင်း” (သီချင်းခံ)ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မြိုင်ခြေတစ်ခွင်” (ပတ် ပျိုး)ဖြင့်လည်းကောင်း     သာယာငြိမ့် ညောင်းသည့်    မြန်မာ့ဂီတရသကို ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။

 


“ကာလပေါ်တေးသီချင်း”အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန  (၂)   Signing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ပဲခူး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “မေ့အချစ်မြား” သီချင်းဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် မှ ပြိုင်ပွဲဝင်က “သူကလေး”  သီချင်းဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က “စိမ့်ကြီးမြိုင်ကြီး” သီချင်း ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “ဆိပ်ကမ်းသာ”သီချင်း ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က “ဘုံဓမ္မတာ” သီချင်းဖြင့် လည်းကောင်း၊    အခြေခံပညာအဆင့် (အသက်  ၁၀  နှစ်မှ  ၁၅  နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်   ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “စိမ်းစိုမြမှိုင်း” သီချင်း ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက  “မိုးရေစက် ကလေး   ဥပမာတင်”   သီချင်းဖြင့်လည်း ကောင်း၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များက “ဂီတ ပရိယာယ်” သီချင်းဖြင့်  လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သီချင်းဖြင့် လည်းကောင်း ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။ 

 


အကပြိုင်ပွဲကို     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ   ယဉ်ကျေးမှု ရတနာခန်းမ၊   လေ့ကျင့်ရေးဇာတ်ရုံနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)   Plenary Hall   တို့၌ ကျင်းပရာ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာ ရှင်အဆင့်  (ပထမတန်း)   ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး     ကိုယ်စားပြု တော်ဝင်ရုပ်စုံအမြင့်သဘင်အဖွဲ့က “ငါး ပါဒအက္ခရာ” ဇာတ်တော်ကြီးဖြင့် လည်း ကောင်း၊ “ရာမာယဏ”ဇာတ်တော်ကြီး ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု သီရိရာမ ဇာတ်တော်ကြီးအဖွဲ့ကလည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် (အမျိုး သား) ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊   ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင် များက လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)   အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊   ကရင်ပြည်နယ်၊   ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များကလည်း ကောင်း၊ အခြေခံပညာအဆင့်  (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊     မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   ရန်ကုန်တိုင်း ဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသကြီး တို့မှ   ပြိုင်ပွဲဝင်များကလည်းကောင်း ကကြိုးကကွက်စုံလင်စွာဖြင့်   ယှဉ်ပြိုင် ကြသည်။ 

 


အရေးပြိုင်ပွဲ၏       သီချင်းသံစဉ် ကိုက်ညှိလေ့ကျင့်ခြင်းကို  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ  အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ပညာပြည့်ဝနှလုံးလှ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝါသနာ ရှင်အဆင့်  (ဒုတိယတန်း)  ပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊      မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊    ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ     ပြိုင်ပွဲဝင်များ က “မွေခံထိုက်စေ”ခေါင်းစဉ်ဖြင့်လည်းကောင်း ရသစုံလင်စွာ သံစဉ်ထည့်သွင်း ဖော်ကျူးယှဉ်ပြိုင်ကြသည်။ 

 


စောင်းအတီးပြိုင်ပွဲကို     အမျိုးသား ပြတိုက်(နေပြည်တော်)ရှိ Mini Theatre ၌ကျင်းပရာ ဝါသနာရှင် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသ ကြီးနှင့်   ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တေဇဂုဏ်” (ဘွဲ့) ဖြင့် လည်းကောင်း၊ ချင်းပြည်နယ်မှ ပြိုင်ပွဲဝင် က “တောမြိုင်ခြေလှမ်း” (ယိုးဒယား)ဖြင့် လည်းကောင်း၊ ဝါသနာရှင် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင်  ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “တေဇဂုဏ်”(ဘွဲ့) ဖြင့်လည်း ကောင်း၊   မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များ က “မဲဇာတောင်ခြေ”(ပတ်ပျိုး) ဖြင့်လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ရွှေဘုန်းရွှေဘုန်းတော်” (ကြိုး)ဖြင့်လည်း ကောင်း၊     ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက   “ယသော်ဓရာ”   (ယိုးဒယား)ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီး၊  ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “ရှုတိုင်းသာစွ” (ကြိုး)ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်များက “နန်းဘုံသီဟာဗွေ”(ယိုးဒယား) ဖြင့်လည်း ကောင်း၊     ဧရာဝတီတိုင်းဒေသကြီး နှင့်  တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် များက “မင်္ဂလာသီရိ” (ဘွဲ့)  ဖြင့်လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင်  ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာ ရီတိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်များက “ရှုတိုင်းသာစွ”(ကြိုး) ဖြင့်လည်းကောင်း၊ စစ်ကိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မင်္ဂလာ သီရိ”(ဘွဲ့) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးမှ    ပြိုင်ပွဲဝင်က   “နန်းဘုံသီ ဟာဗွေ” (ယိုးဒယား) ဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင် ကြသည်။

 


ဆိုင်းအဖွဲ့အလိုက်  အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ  ဝန်ဇင်းမင်းရာဇာခန်းမ၌  ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ     ပြိုင်ပွဲဝင်များက လည်းကောင်း၊ အဆင့်မြင့်ပညာ အမျိုး သမီးပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင် များကလည်းကောင်း၊    အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသ ကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊  မန္တလေး တိုင်းဒေသကြီး၊    ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က လည်းကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်   ရန်ကုန်တိုင်းဒေသ ကြီးနှင့်    စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း မြိုင်မြိုင် ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။ 

 


ဆိုင်းတစ်ဦးချင်း   အတီးပြိုင်ပွဲကို သာသနာ ရေးနှင့်         ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေးဇာတ်ရုံ)   ၌   ကျင်းပရာ အခြေခံပညာအဆင့်    (အသက် ၁၀ နှစ်မှ ၁၅  နှစ်အတွင်း)  အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊  ပဲခူး တိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “လာချေပြီ” (ကြိုး)ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇေယျာ မြို့”(ကြိုး)ဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရှမ်းပြည် နယ်နှင့်     ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက     “ကုဏ္ဍလာအိုင်” (ယိုးဒယား)ဖြင့်လည်းကောင်း၊  မန္တလေး တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က   “မိုးလုံး ပတ်လည်” (ပတ်ပျိုး)ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်     (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင်    ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊    ရန်ကုန်တိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက “အမင်းမင်းခရ”   (သီချင်းခံ)ဖြင့်လည်းကောင်း၊   ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊   တနင်္သာရီတိုင်းဒေသ ကြီးနှင့်    မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “တောနှင့်တောင်စွယ်” (ယိုးဒယား)ဖြင့်လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက  “ရှစ်စုံရွက်ကြာ” (ပတ်ပျိုး)ဖြင့်လည်းကောင်း   တီးခတ် ယှဉ်ပြိုင်ကြသည်။

 


စန္ဒရားအတီးပြိုင်ပွဲ


စန္ဒရားအတီးပြိုင်ပွဲကို     မြန်မာ အပြည်ပြည်ဆိုင်ရာ    ကွန်ဗင်းရှင်းဗဟို ဌာန(၂) News Briefing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင်    ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စာဆိုခံလလုံး” သီချင်း ဖြင့် လည်းကောင်း၊   ရန်ကုန်တိုင်းဒေသ ကြီးနှင့်      မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက    “သောင်းရွှေလယ်” (ယိုးဒယား)ဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့်   (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့မှ   ပြိုင်ပွဲဝင်များက    “မဲဇာရွှေလီ” သီချင်းဖြင့်လည်းကောင်း၊   ရန်ကုန်တိုင်း ဒေသကြီး၊    မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊       ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ     ပြိုင်ပွဲဝင်များက “ဂန္ဓမာတောင်” (ဘွဲ့)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်နှင့်     ပဲခူးတိုင်းဒေသကြီး တို့မှ     ပြိုင်ပွဲဝင်များက    “တောနှင့် တောင်စွယ်”   (ယိုးဒယား)ဖြင့်   လည်း ကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေး တိုင်းဒေသကြီးနှင့်  ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက   “ကန္တာလေတောခြေ” (ယိုးဒယား)   ဖြင့်    လည်းကောင်း၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင် များက “မိုးလုံးပတ်လည်”(ပတ်ပျိုး)  ဖြင့် လည်းကောင်း၊    ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက  “တမာလမ်း” သီချင်းဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင် ကချင်ပြည်နယ်နှင့်  ရှမ်းပြည်နယ် တို့မှ ပြိုင်ပွဲဝင်များက  “တမာလမ်း”သီချင်း ဖြင့်လည်းကောင်း၊   ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့မှ    ပြိုင်ပွဲဝင်များက “ကန္တာလေ တောခြေ”   (ယိုးဒယား)ဖြင့်  လည်းကောင်း ယှဉ်ပြိုင်ကြသည်။

 


 ရုပ်စုံသဘင်(အဖွဲ့လိုက်)ယှဉ်ပြိုင်


ညပိုင်းတွင် ရုပ်စုံသဘင် (အဖွဲ့လိုက် ) ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ    ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တော်ဝင်ရုပ်စုံ အမြင့်သဘင် အဖွဲ့ စတင်ယှဉ်ပြိုင်သည်။
ယနေ့ပြိုင်ပွဲများ  ကျင်းပရာ  နေရာ အသီးသီးသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ   ဝန်ကြီးများနှင့် လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များနှင့် တာဝန်ရှိသူများ    လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 


(၂၃)  ကြိမ်မြောက်   မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီး ပြိုင်ပွဲတွင်   ပြိုင်ပွဲဝင်ဘာသာရပ်များ အနေဖြင့် အဆိုဘာသာရပ်တွင်  အဆင့် အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် မဟာ ဂီတ အဆိုပြိုင်ပွဲ၊  ခေတ်ဟောင်းတေး/ကာလပေါ်ပြိုင်ပွဲ၊    ဝါသနာရှင်အဆင့် (ဒုတိယတန်း)  နှင့်    အဆင့်မြင့်ပညာ အဆင့်တို့      ပါဝင်ယှဉ်ပြိုင်နိုင်သည့် အမျိုးဂုဏ်၊       ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်း     အဆိုပြိုင်ပွဲများ   ပါဝင်သည်။ 

 


အကပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး အဆင့်အားလုံး     ပါဝင်ယှဉ်ပြိုင်နိုင်သည့် အကပြိုင်ပွဲ၊     အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပါဝင် ယှဉ်ပြိုင်နိုင်သည့်  မြန်မာအက  အခြေခံ ကဗျာလွတ်အက     (ပထမအဆင့်) အမျိုးသမီး ၁၆ ဦး ယိမ်းပြိုင်ပွဲ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ တိုင်းရင်းသား ရိုးရာအက/ ကျေးလက်ရိုးရာအကပြိုင်ပွဲ၊ မွန်တိုင်းရင်းသားရိုးရာ  အကပြိုင်ပွဲတို့ ပါဝင်ကြောင်းနှင့် ဇာတ်တော်ကြီးပြိုင်ပွဲ တွင်    ဝါသနာရှင်အဆင့်  (ပထမတန်း) အနေဖြင့် “ရာမာယဏ” ဇာတ်တော်ကြီး ကို ယှဉ်ပြိုင်ကပြကြရမည်ဖြစ်ကြောင်း သိရသည်။                           
 

သတင်းစဉ်