(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၀
(၂၂)ကြိမ်မြောက်  မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့်  မြန်မာ့တိုင်းရင်းဆေးပညာ  နှီးနှော ဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲကို မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)  နေပြည်တော် ၌  ဒီဇင်ဘာ ၂၀  ရက် နံနက်ပိုင်းတွင် ကျင်းပရာ  သဘာပတိအဖြစ်  ဒေါက်တာ  စုစုဒွေး၊ ညွှန်ကြားရေး မှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနက   ဆောင်ရွက် ပြီး      သဘာပတိအဖွဲ့ဝင်များအဖြစ်   မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်   မြန်မာနိုင်ငံ  တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ  ဦးမောင် မောင်ဦးတို့က ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိတိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ စုစုဒွေး က ညီလာခံနှင့်ပတ်သက်သော   လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ပထမဦးစွာ ညီလာခံတွင် တင်သွင်းမည့် အဆိုပြု ချက်(၄)ခုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်-
အဆို-(၁)    “တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတကာမှ  တိုင်းရင်းဆေးတက္ကသိုလ်များ၊    နိုင်ငံတကာအဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ရန်”  အဆိုနှင့် ပတ်သက်၍  တိုင်းရင်း ဆေးတက္ကသိုလ်အနေဖြင့်    နိုင်ငံတကာရှိ တိုင်းရင်း ဆေးတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆို-(၂)“ဘေးဥပဒ် အန္တရာယ်ကင်းရှင်းပြီး   အရည်အသွေးနှင့် အာနိသင် ပြည့်ဝသည့်    ပိုမိုကောင်းမွန်သော    ဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများ  ပေါ်ထွက်လာစေရေးအတွက် သုတေသနလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ရန်”  အဆိုနှင့်ပတ်သက်၍ မိမိတို့ ၏   ဦးစီးဌာနသုံး   ဆေးဝါးများအား   သုတေသန လုပ်ဆောင်ရန်အတွက်  ရည်ရွယ်ပြီး    သုတေသန သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ယင်းသင်တန်းများကိုလည်း တက်ရောက်ကြစေလို ကြောင်း၊ အဆို-(၃)    “တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန် တိုင်းရင်းဆေးပညာရှင်များအတွက်  ဘာသာရပ် ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေး  ဆက်စပ် အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်ရန်”အဆိုနှင့် ပတ်သက်၍ မိမိတို့အနေဖြင့်  တိုင်းရင်းဆေးရပ်ဝန်း တစ်ခုလုံးအားရည်ရွယ်၍  ပညာရပ်ဆိုင်ရာ   အရည် အသွေးမြှင့်သင်တန်းများ   ဖွင့်လှစ်ပို့ချရန်အတွက် ရည်ရွယ်ခဲ့ပါကြောင်း၊ အဆို-(၄)တိုင်းရင်းဆေးပညာ ဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊    ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့်   ပူးပေါင်းပါဝင်ဆောင်ရွက်ရန်”   အဆိုနှင့် ပတ်သက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊  မြန်မာ နိုင်ငံတိုင်းရင်းဆေးကောင်စီ၊   မြန်မာနိုင်ငံ  တိုင်းရင်း ဆေးဆရာအသင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့်  ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း စသည်တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းဆေးကုသ ခြင်း၊ ပညာပေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လိုကြောင်း စသည့်  အဆိုများနှင့် ပတ်သက်၍ ညီလာခံကိုယ်စားလှယ်များအား အဖွဲ့ငယ် များဖွဲ့စည်းပြီး အဖွဲ့အလိုက် ပါဝင်သင့်သော ပညာရှင် ကြီးများ ပါဝင်ကာ နယ်ပယ်အသီးသီးမှ   ကျွမ်းကျင် သူများကလည်း     ဝိုင်းဝန်းဆွေးနွေးပေးကြစေလို ကြောင်းနှင့်အားလုံးကို      ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ယင်းနောက်       ညီလာခံကိုယ်စားလှယ်များကို  အုပ်စု(၄)စုခွဲကာ ညီလာခံတွင် တင်သွင်းမည့် အဆိုပြု ချက် တစ်ခုချင်းစီအတွက် အုပ်စုအလိုက် ဆွေးနွေးကြ ကာ ညီလာခံတွင်  တင်ပြဆွေးနွေးမည့် ကိုယ်စား လှယ်များ   ရွေးချယ်မှုပြုလုပ်ခဲ့သည်။    (၂၂)  ကြိမ် မြောက်      မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို  ဒီဇင်ဘာ  ၂၁  ရက်တွင်လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ       နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၂၂ ရက်တွင်လည်းကောင်း နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပမည်ဖြစ်ပြီး   ညီလာခံတွင်  ပြည်သူလူထု အကျိုးပြု အဆိုပြုချက်လေးခုကို တင်ပြဆွေးနွေးကြ မည်ဖြစ်သည်။  
နေ့လယ်ပိုင်းတွင်    ညီလာခံကိုယ်စားလှယ် များအား  နေပြည်တော်တစ်ဝိုက်ရှိ   မာရဝိဇယရုပ်ပွား တော်သို့       လေ့လာရေးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  
 သတင်းစဉ်