ရန်ကုန် မေ ၂၉
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့် ရေးစခန်း သုဝဏ္ဏဘောလုံး လေ့ကျင့်ရေးကွင်း(၁) (စက်ဘီး ကွင်း)၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၊ သန်လျင် မြို့နယ် သန်လျင်အားကစားကွင်း နှင့် စမ်းချောင်းမြို့နယ် ပဒုမ္မာ အားကစားကွင်းတို့တွင် ကျင်းပ ရာ အားကစားရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်ပွဲကြည့်ပရိသတ်များက တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ် အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ အဖြစ် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံး လေ့ကျင့်ရေး ကွင်း(၁) (စက်ဘီးကွင်း) တွင် ကရင်ပြည်နယ်အသင်းနှင့် မွန် ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာ အားကစားကွင်းတွင် နေပြည်တော်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီးအသင်းက နေပြည်တော်အသင်းကို နှစ်ဂိုး- ဂိုးမရှိ၊ သန်လျင်မြို့နယ် သန်လျင် အားကစားကွင်းတွင် ရှမ်းပြည်နယ် အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက ရန်ကုန် တိုင်းဒေသကြီးအသင်းကို သုံးဂိုး- နှစ်ဂိုး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် ကချင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိကြောင်း သိရသည်။
သတင်းစဉ်