
နေပြည်တော် ဇွန် ၄
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ၊ ဒုတိယအဆင့် အုပ်စုပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင် အသင်းတို့သည် ဇွန် ၆ ရက် ညနေ ၆ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ ယှဉ်ပြိုင်ကစားကြပုံများကို ဇွန် ၆ ရက် ညနေ ၆ နာရီ မိနစ် ၃၀ မှစတင်၍ MRTV-HD ၊ MRTV Parliament Channel ၊ မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တို့မှ တစ်ပြိုင်တည်း တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထိုသို့ ထုတ်လွှင့်စဉ် MRTV-HD Channel ၌ ည ၈ နာရီသတင်း ထုတ်လွှင့်မှုအား ပုံမှန်အတိုင်း ထုတ်လွှင့်မည်ဖြစ်၍ ဘောလုံးပွဲစဉ် ထုတ်လွှင့်မှုကို MRTV Parliament Channel တွင် ဆက်လက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်