၂၀၂၄ မှာ သမ္မတအဖြစ် ဝင်ရောက်အရွေးခံသွားမယ့် ကန်းရီဝက်စ်ထ်

၂၀၂၄ မှာ သမ္မတအဖြစ် ဝင်ရောက်အရွေးခံသွားမယ့် ကန်းရီဝက်စ်ထ်
==============================================
ကမ္ဘာကျော်တေးသံရှင်တစ်ဦးဖြစ်သူ ကန်းရီ ဝက်စ်ထ်က သူ့အနေနဲ့ နိုင်ငံရေးလောကအတွင်း လာမယ့် ၂၀၂၄ ခုနှစ်မှာ ဝင်ရောက်သွားဖို့ရာ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ပ် တေးသံရှင်က လတ်တလောမှာပြုလုပ်ခဲ့တဲ့ ကုမ္ပဏီ တစ်ခုရဲ့ အခမ်းအနားမှာ သူ့အနေနဲ့ သမ္မတအဖြစ် ဝင်ရောက်အရွေးခံသွားမှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။ ကန်းရီဝက်စ်ထ်က ပရိသတ်တွေအနေနဲ့ သူ့ရဲ့စကားကိုကြားရချိန်မှာ ရယ်ကောင်းရယ်မိနိုင်ပေမယ့် သူ့အနေနဲ့တော့ ဒီလိုဝင်ရောက်အရွေးခံတာဟာ သူပါဝင်လျှောက် လှမ်းရမယ့် အပြေးပြိုင်ပွဲတစ်ခု ဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့တယ်လို့လည်း သိရပါ တယ်။
အေးပြည့်-ရေးသားသည်