၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ခြင်းလုပ်ငန်း အသိပေးကြေညာခြင်း

၁။    ၂၀၂၄-ခုနှစ်၊ မတ်လတွင်   ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့်  ၂၀၂၄-ခုနှစ်၊    ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း များကို (၁၁-၆-၂၀၂၄)ရက်၊ အင်္ဂါနေ့နံနက်(၀၆:၀၀)အချိန်၌ ထုတ်ပြန် ကြေညာမည် ဖြစ်ပါသည်။
၂။    အဆိုပါ    အောင်စာရင်းများကို   သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ   စာစစ်ဌာနကျောင်းများတွင်    တစ်ချိန်တည်းကပ်ထားမည်     ဖြစ်ပါ သည်။
၃။    အောင်စာရင်းထုတ်ပြန်မည့် (၁၁-၆-၂၀၂၄)ရက်နေ့၊ နံနက် (၄) နာရီတွင်  မြန်မာနိုင်ငံစာစစ်ဦးစီးဌာန  Website ဖြစ်သော  www.myanmarexam.org  တွင်  ဝင်ရောက်ကြည့်ရှုနိုင်ရန်   စီစဉ်ထားမည် ဖြစ်ပါသည်။
၄။    တက္ကသိုလ်ဝင်စာမေးပွဲ   အောင်စာရင်းများကို   Website   မှ  အသိပေးထုတ်ပြန်ကြေညာသည့်အပြင်    ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့်အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသော စာစစ်ဌာနများ၏  အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ လည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးပါမည်။
၅။    အောင်စာရင်းနှင့်ပတ်သက်၍    မရှင်းလင်းသည်များရှိလာပါက    မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊   ဖုန်းနံပါတ်   (၀၁-၆၅၃၅၀၉) နှင့် (၀၁- ၆၅၃၄၆၇)တို့ထံသို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့်(၁၁-၆-၂၀၂၄)  ရက်နေ့(အင်္ဂါနေ့)တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ပညာရေးဝန်ကြီးဌာန