၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မတ်   ၂၃


၂၀၂၄ ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်  ဆက်ကပ်ခံယူတော်မူ မည့်  ဆရာတော်ကြီးများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ           ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး   ဒေါ်ကြူကြူလှ တို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်   ပရိဝုဏ် အတွင်းရှိ   အဂ္ဂါဓိပတိသာသနာ့   ဗိမာန် တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်း သည်။


အခမ်းအနားသို့  အထူးပင့်ဖိတ်ထား သည့်   နိုင်ငံတော် သံဃမဟာနာယကအဖွဲ့   ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ     သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ နှင့်   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  အကျိုးတော်ဆောင်၊  မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ်   မဟာနာယက၊   ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော်   အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ   မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာ ဘိဝံသတို့   အမှူးပြုသည့်    ပြည်တွင်း၊ ပြည်ပဘွဲ့ခံ   ဆရာတော်   ၁၀၈  ပါးနှင့်  ဘွဲ့ခံသီလရှင်ဆရာကြီး    ၂    ပါးတို့   ကြွရောက်          ချီးမြှင့်တော်မူကြပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ် ဒုတိယ  ဗိုလ်ချုပ်မှူး ကြီး   စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်း နွယ်၊    ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊    တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်  ပုဂ္ဂိုလ်များ၊   ပြည်ထောင်စု      ဝန်ကြီးများနှင့်          ဇနီးများ၊ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့် တပ်မတော်အရာရှိကြီး များနှင့်  ဇနီးများ၊    နေပြည်တော် တိုင်းစစ်ဌာနချုပ်    တိုင်းမှူးနှင့် တာဝန်ရှိသူများ   တက်ရောက် ကြည်ညိုကြသည်။


ကပ်လှူပူဇော်


အခမ်းအနား         မစတင်မီ နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က      အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ   မာရ ဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွား တော်မြတ်အား   မြသပိတ်ဆွမ်း တော်၊ သစ်သီး၊ ပန်းမန်၊ သောက် တော်ရေချမ်းနှင့်   ဆီမီးကပ်လှူ ပူဇော်သည်။


ထို့နောက်   အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့       ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော ဧည့်ပရိသတ် များက      နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့  ဥက္ကဋ္ဌ   သန်လျင် မင်းကျောင်းဆရာတော်   ဘုရား ကြီးထံမှ            ငါးပါးသီလခံယူ ဆောက်တည်ကြပြီး  သံဃာတော် အရှင်သူမြတ်များ     ရွတ်ပွားသရ ဇ္ဈာယ်တော်မူသော   မေတ္တသုတ် ပရိတ်တရားတော်များကို   နာယူ ကြည်ညိုကြသည်။


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ   သန်လျင်မင်းကျောင်း ဆရာတော်        ဘုရားကြီးထံသို့ လည်းကောင်း၊  ကောင်စီဒုတိယ ဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က   နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊    မစိုးရိမ်တိုက်သစ် မဟာနာယက   ဆရာတော်ကြီး ထံသို့လည်းကောင်း၊   ကောင်စီ အတွင်းရေးမှူးနှင့် ဇနီး၊   တွဲဖက် အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊  အခမ်း အနားသို့ တက်ရောက်လာသည့် အကြီးအကဲများက       သာသနာ တော်ဆိုင်ရာ        ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီး များထံသို့လည်းကောင်း လှူဖွယ် ဝတ္ထုပစ္စည်းများကို       ဆက်ကပ် လှူဒါန်းကြသည်။


ဆက်ကပ်လှူဒါန်း


ဆက်လက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက ဘွဲ့တံဆိပ်တော်  ဆက်ကပ်ခံယူ မည့်  သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထု      ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။


ထို့နောက်     နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော် ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက် သစ်   မဟာနာယက  ဆရာတော် ကြီးထံမှ  အနုမောဒနာတရားနာယူ ၍            လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အခမ်း အနားကို   ရုပ်သိမ်းလိုက်သည်။


နေ့ဆွမ်းဆက်ကပ်


အခမ်းအနားအပြီးတွင်  နိုင်ငံ တော်စီမံအုပ်ချုပ်ရေး    ကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် နှင့် ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည်    နိုင်ငံတော် သံဃမဟာနာယကအဖွဲ့   ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ       အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ       သန်လျင် မင်းကျောင်း          ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်  သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်၊ မန္တလေး မြို့၊   မစိုးရိမ်တိုက်သစ်   မဟာ နာယက၊       ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်       အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ   ဇောတိကဓဇ မဟာဓမ္မကထိက   ဗဟုဇနဟိတ ဓရ     ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့်    ၂၀၂၄   ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်  ဆက်ကပ်ကော်ရော်  အပူ ဇော်ခံတော်မူကြမည့်   ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီးများနှင့် သီလရှင်         ဆရာကြီးများအား နေ့ဆွမ်း    ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်