၂၀၂၄ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော်  ဧပြီ   ၂၆
ကျောင်းသား  ကျောင်းသူ   မျိုးဆက်သစ်လူငယ် မောင်မယ်များကို  နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း   အသိပညာများ   ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို    လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ် များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း များ၊   တပ်မတော်(လေ)က    အခြေခံလေကြောင်း လူငယ်သင်တန်းနှင့်  တန်းမြင့်လေကြောင်း လူငယ် သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင် တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေး လျက်ရှိသည်။    
ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေကြောင်းလူငယ်အခြေခံနှင့်  တန်းမြင့်သင်တန်း များကို         နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ   (၂)  ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၁၂၂ ဦး၊  မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၆၁ ဦး၊ ရှမ်းပြည်နယ်  ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား သင်တန်းသူ ၄၅ ဦး၊ ဧရာဝတီ တိုင်းဒေသကြီး  ဟိုင်းကြီးကျွန်းမြို့ရှိ   ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၁၅၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဟိန်းဇဲဒေသရှိ ရေကြောင်း လူငယ်စခန်းမှ   သင်တန်းသား သင်တန်းသူ ၆၀၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ ၅၄ ဦးတို့ကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး   သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ   တပ်မတော်(ရေ) ရေကြောင်း လူငယ်သင်တန်းစခန်း   ၁၀  ခုမှ   သင်တန်းသား သင်တန်းသူ   စုစုပေါင်း  ၈၁၈ ဦးတို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။
အလားတူ    တပ်မတော်  (လေ)က  အခြေခံ လေကြောင်းလူငယ်      သင်တန်းနှင့်     တန်းမြင့် လေကြောင်းလူငယ်သင်တန်းများကို     ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း နှင့် မွန်းလွဲပိုင်းတို့တွင် အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊    လေယာဉ် ပျံသန်းမှု        အခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများ ဘာသာ ရပ်၊ Airfield Procedure  ဘာသာရပ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာ ရပ်၊  RC  လေယာဉ်/  ရဟတ်ယာဉ်မောင်းနှင်ခြင်း ဘာသာရပ်နှင့် RC/Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ  သင်တန်းသား ၇၀၊ မိတ္ထီလာမြို့ရှိ မြန်မာပြည် မြောက်ပိုင်းသင်တန်းစခန်း မှ သင်တန်းသား ၅၀၊ မော်လမြိုင်မြို့ရှိ  မော်လမြိုင် သင်တန်းစခန်းမှ သင်တန်းသား ၅၀၊ ပြည်မြို့ရှိ ပြည် သင်တန်းစခန်းမှ သင်တန်းသား ၅၀၊  ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းမှ သင်တန်းသား  ၅၀ တို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြ များက     လေ့ကျင့်    သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်(လေ) လေကြောင်းလူငယ်သင်တန်းစခန်း ၁၇ ခုမှ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၈၅၀ တို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။ 
ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများ၊   အခြေခံ    လေကြောင်းလူငယ် သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း များ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။                        သတင်းစဉ်