၂၀၂၄ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်  ဧပြီ  ၂၄
ကျောင်းသား    ကျောင်းသူ    မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း      အသိပညာများ    ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို       လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက်  ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော      အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်       ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊   တပ်မတော် (လေ)    က အခြေခံလေကြောင်း   လူငယ်သင်တန်းနှင့်  တန်းမြင့် လေကြောင်း  လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်း စခန်းများ၌     တစ်ပြိုင်တည်း     စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။    
လေ့ကျင့်သင်ကြားပေး
ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ    အင်းယားရေကြောင်း လူငယ်စခန်းမှ  သင်တန်းသား သင်တန်းသူ ၉၇ ဦး၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်း သား သင်တန်းသူ ၄၃ ဦး၊ မွန်ပြည်နယ် မော်လမြိုင် မြို့ရှိ    ရေကြောင်းလူငယ်စခန်းမှ     သင်တန်းသား သင်တန်းသူ  ၇၀ နှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ      သင်တန်းသား၊ သင်တန်းသူ    ၄၅   ဦးတို့ကို    သက်ဆိုင်ရာနယ်မြေ အသီးသီးမှ   တာဝန်ရှိသူနည်းပြများက လေ့ကျင့် သင်ကြားပေးလျက်ရှိပြီး       သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(ရေ)  ရေကြောင်း လူငယ် သင်တန်းစခန်း ၁၀ ခုမှ သင်တန်းသား  သင်တန်းသူ စုစုပေါင်း ၈၁၈ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။ 
အလားတူ တပ်မတော်(လေ) က နေပြည်တော် ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းတွင် သင်တန်းသား  ၇၀၊  မိတ္ထီလာမြို့ရှိ  မြန်မာပြည်  မြောက်ပိုင်းသင်တန်းစခန်းတွင် သင်တန်းသား ၅၀၊ မိတ္ထီလာသင်တန်းစခန်းတွင်    သင်တန်းသား  ၅၀၊ မန္တလေးမြို့ရှိ        မန္တလေးသင်တန်းစခန်းတွင် သင်တန်းသား  ၅၀၊  မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား သင်တန်းစခန်းတွင် သင်တန်းသား ၅၀၊ တောင်ကြီး မြို့ရှိ တောင်ကြီးသင်တန်းစခန်းတွင် သင်တန်းသား ၅၀၊    နမ့်စန်မြို့ရှိ       နမ့်စန်သင်တန်းစခန်းတွင် သင်တန်းသား ၅၀၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်း စခန်းတွင် သင်တန်းသား ၅၀၊ တောင်ငူမြို့ရှိ တောင်ငူ သင်တန်းစခန်းတွင်   သင်တန်းသား  ၅၀၊ ပြည်မြို့ရှိ ပြည်သင်တန်းစခန်းတွင် သင်တန်းသား ၅၀၊ မကွေး မြို့ရှိ မကွေးသင်တန်းစခန်းတွင် သင်တန်းသား ၅၀၊ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းမှ ၅၀၊ ရန်ကုန်မြို့ရှိ ရန်ကုန်သင်တန်းစခန်းတွင်    သင်တန်းသား     ၅၀၊ မှော်ဘီမြို့ရှိ မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်း တွင် သင်တန်းသား ၅၀၊  မြိတ်မြို့ရှိ မြိတ်သင်တန်း စခန်းတွင်    သင်တန်းသား   ၅၀၊  မော်လမြိုင်မြို့ရှိ မော်လမြိုင် သင်တန်းစခန်းတွင် သင်တန်းသား ၅၀၊ ကိုကိုးကျွန်းမြို့ရှိ       ကိုကိုကျွန်းသင်တန်းစခန်းတွင် သင်တန်းသား   ၃၀   တို့ကို   သက်ဆိုင်ရာနယ်မြေ အသီးသီးမှ   တာဝန်ရှိသူနည်းပြများက    လေ့ကျင့် သင်ကြားပေးလျက်ရှိပြီး       သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(လေ) လေကြောင်းလူငယ် သင်တန်းစခန်း ၁၇ ခုမှ သင်တန်းသား  သင်တန်းသူ စုစုပေါင်း ၈၅၀ တို့ကို  လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။ 
ကြည့်ရှုအားပေး
ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့်  တန်းမြင့် သင်တန်းများ၊         အခြေခံလေကြောင်းလူငယ် သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း များ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ        ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
 သတင်းစဉ်