
နေပြည်တော် မေ ၁၇
ကျောင်းသား ကျောင်းသူ မျိုးဆက် သစ် လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလ အတွင်း အသိပညာများဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာ ပါသည့် ပညာရပ်များကို လေ့လာ ဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော် အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ် များ ပေါ်ထွန်းလာစေရန် ရည်ရွယ် ၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ် သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း ဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို နေပြည်တော် တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိအားကစားခန်းမ၌ ပြုလုပ် ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ တပ်မတော် အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်ကြီးများ တက်ရောက်ကြ သည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (ရေ) က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။(ယာပုံ) ထို့နောက် ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ ကာကွယ် ရေးဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူ များက သင်တန်းတွင် ပြိုင်ပွဲ အမျိုးအစားအလိုက် ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများ၊ အကောင်းဆုံး သင်တန်းစခန်း ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံ မှ သင်တန်းသား၊ သင်တန်းသူများ သည် သင်တန်းနည်းပြများ၊ သင်တန်း အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုကြသည်။
အဆိုပါ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ကို သင်တန်း စခန်း ၁၀ ခုတွင် သင်တန်းသား၊ သင်တန်းသူ ၈၁၈ ဦးဖြင့် ဖွင့်လှစ် ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြနှင့် အခြေခံ ရေတပ်သားဘာသာရပ်၊ ရေကြောင်း လမ်းညွှန် အခြေခံသဘောတရား များ၊ အသုံးချရေကြောင်းလမ်းညွှန် နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီ အက်စ်အပါအဝင် ရေကြောင်း သွားလာရေးဆိုင်ရာများ၊ အခြေခံ ရေတပ်သားအချက်ပြ ဆက်သွယ် ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်း တို့ကို သင်ကြားပို့ချပေးခဲ့ပြီး စစ်ရေယာဉ် (မုတ္တမ)ဖြင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက် လက်တွေ့စီးနင်း လိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ ဆက်သွယ် ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာ စနစ်များ၊ ရေယာဉ်ခုတ်မောင်းရာ တွင် လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များကို လက်တွေ့လေ့လာ ခြင်းများ ဆောင်ရွက်ခဲ့ကာ ရေကြောင်းလူငယ်စခန်းပေါင်းစုံတွေ့ဆုံပွဲနှင့် စခန်းပေါင်းစုံပြိုင်ပွဲ များကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေတပ်စခန်း၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ)မှ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ၊ အုပ်ချုပ်သူ နည်းပြ၊ ဆရာ၊ ဆရာမ များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိ သော သင်တန်းစခန်းများနှင့် သင်တန်းသားများအား ထူးချွန်ဆု များ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ခင်းကျင်းပြသထား သော ပြခန်း၊ ပြကွက်များအား လှည့်လည်ကြည့်ရှုပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
မွန်းလွဲပိုင်းတွင် သင်တန်း သား၊ သင်တန်းသူများ၊ အုပ်ချုပ်သူ နည်းပြ၊ ဆရာ၊ ဆရာမများ နှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ရှိ သူရဲကောင်းဗိမာန် သို့ သွားရောက်လေ့လာခဲ့ကြသည်။
အဆိုပါ အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းများကို သင်တန်းစခန်း ၁၇ ခုတွင် စုစုပေါင်း သင်တန်းသား ၈၅၀ ဖြင့် ဖွင့်လှစ် ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ ဘာသာရပ်၊ လေကြောင်းပညာ သမိုင်းဘာသာ ရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံ သဘောတရား ဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံ ဗဟု သုတများ ဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ် ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိ သွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင် ခြင်းဘာသာရပ်နှင့် RC/Flight Simulator မောင်းနှင်ခြင်းဘာသာ ရပ်များ သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်