၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် 
ဆုချီးမြှင့်ခြင်းအခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

 

နေပြည်တော်    မေ    ၁၆


၂၀၂၄  ခုနှစ်၊     ပြည်နယ်နှင့် တိုင်းဒေသကြီး      ဘော်လီဘော (အမျိုးသား/အမျိုးသမီး)  ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်း အနားကို   ယနေ့  နံနက်ပိုင်းတွင် နေပြည်တော်ရှိ               ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C) ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     တက်ရောက် ကြည့်ရှုအားပေးပြီး       ဆုများ ပေးအပ်ချီးမြှင့်သည်။
ကြည့်ရှုအားပေး
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်     အတူ  ကောင်စီ   တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး      ရဲဝင်းဦး၊ ကောင်စီဝင်များ၊   ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊  တိုင်းဒေသကြီးနှင့်          ပြည်နယ်  အသီးသီးမှ  အားကစားအသင်းများ  အလိုက် အုပ်ချုပ်သူများ၊ နည်းပြ များနှင့်    အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နှင့်   ဝန်ထမ်းများ၊   မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊  အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
အနိုင်ရရှိ
ဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ် နှင့်တိုင်းဒေသကြီး ဘော်လီဘော ပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ် အဖြစ်     ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့်     မန္တလေးတိုင်းဒေသ ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ    အဆိုပါအသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြ သည့် အသင်းများဖြစ်သည်နှင့် အညီ တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန်ဖိအားပေး    ယှဉ်ပြိုင်ခဲ့ကြ ပြီး မန္တလေးတိုင်းဒေသကြီးအသင်း က ရန်ကုန်တိုင်းဒေသကြီးအသင်း ကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
အကြိတ်အနယ်ယှဉ်ပြိုင်
ဆက်လက်ပြီး  ဘော်လီဘော ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် ကရင်ပြည်နယ်အသင်းနှင့်  ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အဆိုပါအသင်းများ သည်  ဗိုလ်လုပွဲသို့  တက်ရောက် လာကြသည့် အသင်းများဖြစ်သည် နှင့်အညီ    တစ်ဖက်နှင့်  တစ်ဖက် အပြန်အလှန်ဖိအားပေး အကြိတ် အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ရှမ်းပြည် နယ်အသင်းက ကရင်ပြည်နယ် အသင်းကို   ၃ ပွဲ - ၁  ပွဲဖြင့်  အနိုင် ရရှိခဲ့သည်။
ပေးအပ်ချီးမြှင့်
ယင်းနောက်   ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပ ရာ   ဘော်လီဘောပြိုင်ပွဲ   (အမျိုး သမီး)     တွင်      အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့ကြသူ များကို            စာမျက်နှာ  ၄ သို့
စာမျက်နှာ  ၃ မှ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂)   ပြည် ထောင်စုဝန်ကြီး      ဦးကိုကိုလှိုင်၊  ကောင်စီဝင်များ    ဖြစ်ကြသည့် ဦးရန်ကျော်၊    ဦးရွှေကြိမ်းတို့က လည်းကောင်း၊    ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲတွင် အကောင်း ဆုံး အားကစားသမားဆု ရရှိခဲ့ကြ သူများကို ကောင်စီဝင်များဖြစ်ကြ သည့် ခွန်စံလွင်၊ ဒေါက်တာဘရွှေ၊ ဒေါက်တာမှုထန်တို့က      လည်း ကောင်း ဂုဏ်ပြုဆုနှင့်  ချီးမြှင့်ငွေ များကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက်        ဘော်လီဘော (အမျိုးသမီး)   ပြိုင်ပွဲတွင်    ပူးတွဲ တတိယဆုရရှိကြသည့် ရှမ်းပြည် နယ်အသင်းနှင့်   ကချင်ပြည်နယ် အသင်းတို့အား      ကောင်စီဝင် ပိုးရယ်အောင်သိန်း       ကလည်း ကောင်း၊   ဘော်လီဘော  (အမျိုး သား)  ပြိုင်ပွဲတွင်  ပူးတွဲတတိယ ဆုရရှိကြသည့်    မန္တလေးတိုင်း ဒေသကြီးအသင်းနှင့်      ပြည် ထောင်စုနယ်မြေ    နေပြည်တော် အသင်းတို့အား     ကောင်စီဝင် ဒေါ်ဒွဲဘူကလည်းကောင်း၊ ဘော်လီ ဘော (အမျိုးသမီး) ပြိုင်ပွဲတွင်  ဒုတိယဆုရရှိသည့်  ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့်     ဘော်လီ ဘော  (အမျိုးသား)     ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်   ကရင်ပြည် နယ်အသင်းအား      ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က လည်းကောင်း           တစ်ဦးချင်း ဆုတံဆိပ်နှင့်    ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
တစ်ဦးချင်းဆုတံဆိပ်များ  
ပေးအပ်ချီးမြှင့်
ဆက်လက်၍    ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ဘော်လီဘော (အမျိုး သား) ပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ရှမ်းပြည်နယ်အသင်းအား ကောင်စီ တွဲဖက်အတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦး ချင်း  ဆုတံဆိပ်များကို  ပေးအပ် ချီးမြှင့်သည်။
ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့်  ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မန္တလေး  တိုင်းဒေသကြီး    အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့်    တံခွန်စိုက် ဖလားတို့ကို   ပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်း နှီးနှီး နှုတ်ဆက်ကြသည်။
၂၀၂၄   ခုနှစ်၊   ပြည်နယ်နှင့် တိုင်းဒေသကြီး      ဘော်လီဘော ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ လာရောက်ယှဉ်ပြိုင်ကြ သည့် ဘော်လီဘော အားကစား သမားများ   ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန်၊  နိုင်ငံ့လက်ရွေး စင် မျိုးဆက်သစ်အားကစားသမား များ       ပေါ်ထွက်လာစေရန်နှင့်  မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်း      ပိုမိုတိုးတက် မြင့်မားလာစေရန်    ရည်ရွယ်၍ မေ ၇ ရက်မှ  ၁၆ ရက်အထိ ဝဏ္ဏ သိဒ္ဓိအားကစားကွင်း  (C)       ရုံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ    ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း  ၁၂  သင်းတို့   ပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။                  

သတင်းစဉ်