၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

 

နေပြည်တော်   မတ်  ၂၉ 


၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် အဆင့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူ ရေးအတွက်        ဗဟိုသန်းခေါင် စာရင်းကော်မတီ၏  ပထမအကြိမ် လုပ်ငန်းညှိနှိုင်း     အစည်းအဝေး ကို     ယနေ့မွန်းလွဲ  ၁  နာရီက နေပြည်တော်ရှိ   လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာန       အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့       ဗဟို သန်းခေါင်စာရင်း  ကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန     ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်၊     ကော်မတီ ဒုတိယဥက္ကဋ္ဌ     ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့်  ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့်   ဝန်ကြီး ဌာနအသီးသီးမှ ညွှန်ကြားရေးမှူး ချုပ်များ၊  ဦးဆောင်ညွှန်ကြားရေး မှူးများနှင့်      တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ဦးစွာ  ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဦးဌေးလှိုင်က  အမှာစကား   ပြော ကြားရာတွင်   နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု  အခြေအနေကို လူမှုစီးပွားဆိုင်ရာ    စာရင်းအင်း အချက်အလက်များအား  ဆန်းစစ် ခြင်းဖြင့်     သိရှိနိုင်ခြင်းကြောင့် စာရင်းအင်းဆိုင်ရာ   ကိန်းဂဏန်း အချက်အလက်များ  တိကျမှန်ကန် စွာ ရရှိရေးသည် အလွန်အရေးကြီး ပါကြောင်း၊      လူဦးရေဆိုင်ရာ ကိန်းဂဏန်း  အချက်အလက်များ ကို သန်းခေါင်စာရင်းကောက်ယူ ခြင်းမှသာရရှိနိုင်ပြီး    ယင်းအချက် အလက်များအပေါ်    အခြေခံ၍ နိုင်ငံတစ်နိုင်ငံ၏  လူမှုရေး၊ စီးပွား ရေး၊     စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက်   အချိုးညီညီဖွံ့ဖြိုး တိုးတက်ရန်  မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ      ရေးဆွဲအကောင် အထည်ဖော်ခြင်း စသည့်လုပ်ငန်း များဆောင်ရွက်ရာတွင်   အသုံးပြု ဆောင်ရွက်ရပါကြောင်း။

 


မိမိတို့နိုင်ငံအနေဖြင့်  ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူ ပြီးနောက်   ၁၀ နှစ်အကြာ   ဖြစ် သည့်   ၂၀၂၄ ခုနှစ်တွင်   နောက် တစ်ကြိမ်      သန်းခေါင်စာရင်း ကောက်ယူရန် အချိန်ကျရောက်ပြီ ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ခွင့်ပြုချက် ဖြင့် ၂၀၂၁ ခုနှစ်  အောက်တိုဘာ ၁ ရက်မှစ၍  ဆောင်ရွက်နေပြီဖြစ် ပြီး  သန်းခေါင်စာရင်းလုပ်ငန်းစဉ် တစ်ခုလုံးအနေဖြင့်    စုစုပေါင်း ၅၄ လခန့်    ကြာမြင့်မည်ဖြစ်ပါ ကြောင်း၊ ၂၀၂၄ ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာ   သန်းခေါင် စာရင်း  ကောက်ယူရေးလုပ်ငန်းစဉ် ကို မိမိတို့ဝန်ကြီးဌာနမှ ဦးဆောင် ၍   အခြားသော   ဆက်စပ်ဝန်ကြီး ဌာန၊    အဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဗဟို သန်းခေါင်စာရင်း    ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏လုပ်ငန်း များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် နိုင်ရန်    ဗဟိုသန်းခေါင်စာရင်း ကော်မတီကိုလည်း   ဖွဲ့စည်းပေးခဲ့ ခြင်းဖြစ်ပါကြောင်း၊    လူဦးရေနှင့် အိမ်အကြောင်းအရာ   သန်းခေါင် စာရင်းဥပဒေနှင့်အညီ   ကော်မတီ အဆင့်ဆင့်ဖြစ်သည့် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ      တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်၊ မြို့နယ်၊  ရပ်ကွက်၊  ကျေးရွာအုပ်စု အဆင့်အထိ    သန်းခေါင်စာရင်း ကော်မတီများကိုလည်း ဆက်လက် ဖွဲ့စည်းနိုင်ရေး   ယခုအစည်းအဝေး တွင် ဝိုင်းဝန်းဆွေးနွေးပေးကြရန် နှင့်   လုပ်ငန်းများအောင်မြင်ရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြစေလိုပါကြောင်း    အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။

 


ထို့နောက်  ကော်မတီအတွင်း ရေးမှူး၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်     ဦးကျော် ယဉ်ဦးက ဗဟိုသန်းခေါင်စာရင်းကော်မတီဖွဲ့စည်းရေးနှင့် သန်းခေါင် စာရင်း      ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် တက်ရောက်လာ ကြသည့် ကော်မတီဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊  တာဝန်ရှိသူများ က   သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဌာနအလိုက် ပံ့ပိုးကူညီဆောင်ရွက် ပေးမည့်    အစီအစဉ်၊    ကော်မတီ အဆင့်ဆင့်တွင်    ဌာနအလိုက် ပါဝင်ဖွဲ့စည်း     ဆောင်ရွက်မည့် အခြေအနေ၊ လုပ်ငန်းလိုအပ်ချက် များကို    ရှင်းလင်းတင်ပြကြရာ ဗဟိုသန်းခေါင်စာရင်း  ကော်မတီ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဦးဌေးလှိုင် က     လိုအပ်သည်များ  ညှိနှိုင်း ဆောင်ရွက်ပေးပြီး    နိုင်ငံတော် အတွက်  မဖြစ်မနေဆောင်ရွက်ရ မည့်   လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးက     ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေး  နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်