
နေပြည်တော် မေ ၁၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း တက်ရောက်အမှာ စကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးထွန်း အုံ၊ ဒုတိယဝန်ကြီးများ၊ အခွန် အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ကြပ်မတ်ဆောင်ရွက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်း အဝေးတွင် “သွင်းကုန်များလျှော့ချပြီး ပို့ကုန်များပိုမို တင်ပို့နိုင်ရန်လိုကြောင်း၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးကို အလေးထားရန် ထပ်မံပြောကြားလိုကြောင်း၊ နှစ်စဉ် ပျမ်းမျှစားသုံးဆီ ဒေါ်လာသန်း ၅၀၀ မှ ၆၀၀ အတွင်း ပြည်ပမှတင်သွင်း နေရမှုအား ဆီဖူလုံအောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် နိုင်ငံခြားငွေကုန်ကျမှုကို များစွာလျော့ကျစေ မည်ဖြစ်ကြောင်း၊ သယံဇာတပစ္စည်းများ တရားမဝင် ထုတ်ယူခြင်း၊ ရောင်းဝယ်ခြင်းနှင့် တရားမဝင် ကုန်သွယ်မှုများမဖြစ်ပေါ်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း” ထည့်သွင်းမှာကြားခဲ့ကြောင်း။
အလားတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) တွင်လည်း “နိုင်ငံ့ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် မြေခံရေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ သို့သော် စီးပွား ရေးအရပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ အား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြား အောင်ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများ ကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွားပိုမို တိုးတက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက် လာနိုင်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် တရားမဝင်ကုန်သွယ်မှုများ ကို ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မတီ ဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပ လာခဲ့သည်မှာ ယခုအခါ (၁၄) ကြိမ် ရှိပြီဖြစ်ကြောင်း၊ ယခင် အစည်းအဝေး (၁၃) ကြိမ်အထိ ဆုံးဖြတ်ချက် ၄၅၆ ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဦးဆောင် ကော်မတီပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှု များအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးရမိ အမှုတွဲ (၁၂၄၃၀) မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း။
ဖမ်းဆီးရရှိမှုများ
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများ အတွင်း ဖမ်းဆီးရရှိမှုများအနေဖြင့် အကောက်ခွန် ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး / ပြည်နယ် အလိုက် ဖမ်းဆီးရရှိမှုများတွင် မန္တလေးတိုင်းဒေသ ကြီးက ပထမအများဆုံး၊ ကချင်ပြည်နယ်က ဒုတိယ အများဆုံးနှင့် တနင်္သာရီတိုင်းဒေသကြီးက တတိယ အများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ် ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင်ရေယာဉ်အပါအဝင် မော်တော်ယာဉ် ယန္တရားဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ကာ တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း များဖြစ်သည်ကို တွေ့ရှိရကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ တရား မဝင်ကုန်သွယ်မှုကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အရပ်ရပ်သော ဝင်ငွေများဆုံးရှုံးမှုသည် နှစ်စဉ်အမေ ရိကန်ဒေါ်လာ ၂ ထရီလီယံကျော်ခန့်ရှိပြီး စိုက်ပျိုးရေး ထုတ်ကုန်ဆိုင်ရာ တရားမဝင်ကုန်သွယ်မှုတန်ဖိုးမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၀ မှ ၄၀ ဘီလီယံအကြား နှင့် တရားမဝင်ဆေးဝါးများကြောင့် ကလေးသူငယ် များ အသက်ဆုံးရှုံးခြင်းအပြင် တရားမဝင်ဓာတု ဆေးဝါးများကြောင့်လည်း သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေကာ ကမ္ဘာပေါ်ရှိနိုင်ငံ များစွာကို ခြိမ်းခြောက်လျက်ရှိကြောင်းကို ဖော်ပြ ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
အာဆီယံဒေသတွင်းတွင်လည်း တရားမဝင် ကုန်သွယ်မှုများ မြင့်တက်လာခြင်းသည် အစိုးရများ နှင့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ငွေကြေး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့်အပြင် ဇီဝမျိုးစုံ၊ မျိုးကွဲ များ၊ လူ့အသက်များနှင့် လူ့အခွင့်အရေးများကို သိသိ သာသာထိခိုက်လာစေကြောင်း၊ ထိခိုက်နစ်နာရသည့် အဓိကကဏ္ဍများအနေဖြင့် ဆေးလိပ်၊ အရက်၊ အဖျော် ယမကာ၊ အရုပ်နှင့်ကစားစရာဂိမ်းများ၊ မော်တော် ယာဉ်အစိတ်အပိုင်းများ၊ ဆေးဝါးများ၊ စိုက်ပျိုးရေး ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများနှင့် မူပိုင်ခွင့်ခိုးကူး ခြင်းတို့ပါဝင်ကြောင်းကို ဖော်ပြထားကြောင်း။
ထို့ပြင် ဉာဏပစ္စည်းမူပိုင်ခွင့် ကိစ္စရပ်များတွင် လည်း ကျယ်ပြန့်ရှုပ်ထွေးရုံသာမက ပြင်းထန်သည့် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ပေါ်စေကြောင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့အစည်း(OECD)၊ကမ္ဘာ့ဉာဏပစ္စည်း မူပိုင်ခွင့် အဖွဲ့ (WIPO)တို့၏ တွေ့ရှိချက်များအရ ကုန်စည်အတု များ ကုန်သွယ်မှုသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၅၀၉ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေး၏ ၃ ရာခိုင်နှုန်းခန့်ရှိကြောင်း။
အာဆီယံဒေသအတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့် ကုန်ပစ္စည်းအတုအပများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်ရှိပြီး ဆေးဝါး အတုများအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့်ရှိကြောင်းနှင့် စီးပွားရေးအရ နစ်နာဆုံးရှုံးမှုအနေဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်ရှိကြောင်း လေ့လာတွေ့ရှိရကြောင်း။
တရားမဝင်ကုန်သွယ်မှုများရှိနေ
မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန် စသည့် နိုင်ငံ များနှင့် ကုန်သွယ်မှုကွာခြားချက်များ လေ့လာမှုတွင် International Trade Centre (ITC) ၏ Data များ အရ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုကွာခြား ချက်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်မှ အများဆုံး ၁၂ ဘီလီယံအထိ ကွာခြားမှုရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရား မဝင် ကုန်သွယ်မှုများရှိနေကြောင်း ဖော်ပြနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် သယံဇာတပေါကြွယ်ဝပြီး စိုက်ပျိုးရေးကို အဓိက အခြေခံသည့်နိုင်ငံဖြစ်သည့် အတွက် သယံဇာတထုတ်ကုန်များနှင့် စိုက်ပျိုးရေး ထွက်ကုန်များကို အဓိကထားပြီး ထုတ်လုပ်တင်ပို့ လျက်ရှိကြောင်း၊ နိုင်ငံတော်၏စီးပွားရေးဦးတည် ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှု များကြောင့် နိုင်ငံတော်၏ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးကို များစွာအနှောင့်အယှက်အဟန့် အတားဖြစ်ပေါ်လျက်ရှိကြောင်း၊ တရားမဝင်ကုန်သွယ် မှုများကြောင့် အခွန်ဘဏ္ဍာများစွာဆုံးရှုံးခြင်း၊ နိုင်ငံ ၏ လူမှုစီးပွားရေးကဏ္ဍများအပေါ် အပြုသဘော မဆောင်သည့် သက်ရောက်မှုများစွာရှိနေခြင်းများ ကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ အပြင် ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေး စနစ်ဖော်ဆောင်ရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်း ရှင်နှင့် စားသုံးသူပြည်သူတို့က အဓိကဖြစ်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံ့ဝင်ငွေတိုးတက်ရရှိစေရေး အတွက် အကောက်ခွန်နှင့်ရသင့်ရထိုက်သည့် အခွန် အခများ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူများအတွက် ဘေးကင်းစိတ်ချရသည့်ကုန်စည်များအတွက် အာမခံ ချက်ပေးနိုင်ရေးတို့ဖြစ်ပြီး တရားမဝင်ကုန်စည်များ လျော့နည်းပပျောက်စေရေး၊ နောက်ဆုံးအနေဖြင့် တရားမဝင်ကုန်သွယ်မှုကို လုံးဝကင်းစင်ပပျောက် သည်အထိ တိုက်ဖျက်ရေးတို့ကို အစိုးရအနေဖြင့် ဦးတည်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း။
တားဆီးဖမ်းဆီးခြင်းများ ထိထိရောက်ရောက်ဆောင်ရွက်
Online မှ ပြည်တွင်းတွင် ရောင်းချသည့်ဆေးဝါး၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန် စသည့် ကုန်စည်အများစုသည်လည်း တရားမဝင်လမ်းကြောင်း များက တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်းကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် အထူးအဖွဲ့များနှင့် One Stop Service (OSS) ဌာနဆိုင်ရာများအပြင် FDA, CID တို့အနေဖြင့် ပုံမှန်တားဆီးဖမ်းဆီးခြင်း၊ အသွင်ယူ သတင်းထောက်လှမ်း တားဆီးဖမ်းဆီးခြင်း နှင့် သတင်းပေးတိုင်ကြားမှုများအရ တားဆီးဖမ်းဆီး ခြင်းများကို ထိထိရောက်ရောက် ယခုထက်ပိုပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလို ကြောင်း။
ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ အရည် အသွေးပြည့်မီသည့်ကုန်စည်များ တင်သွင်းနိုင်ရန် ကိုလည်း ကုန်ပစ္စည်းတစ်မယ်ချင်းအလိုက် စံချိန် စံညွှန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မြန်ဆန်ဆန် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင် ပို့ကုန်ပမာဏကျဆင်းပြီး နိုင်ငံခြားသုံးငွေဝင်ရောက် မှုကျဆင်းစေခြင်း၊ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်နေခြင်းကြောင့် မှောင်ခိုငွေကြေးဈေးကွက်ဖြစ်ပေါ်စေခြင်း၊ နိုင်ငံတော် ၏ ရငွေ/သုံးငွေ စာရင်းအမှန်များ တွက်ချက်ရန် အခက်အခဲများ ဖြစ်စေခြင်းနှင့် အကျိုးဆက်အားဖြင့် မှန်ကန်သည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာမူဝါဒ များ ချမှတ်နိုင်ရေးအပေါ် အဟန့်အတားအနှောင့် အယှက်ဖြစ်စေခြင်းတို့ကို တွေ့ရှိရကြောင်း၊ ထို့အပြင် တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဥပဒေစိုးမိုး ရေးအပေါ်တွင်လည်း သက်ရောက်မှုရှိကြောင်း တွေ့ရှိရပြီး နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်း၊ အဂတိလိုက်စားမှုကိုတွန်းပို့စေကာ အကျင့်စာရိတ္တ အားနည်းလာစေခြင်းမှတစ်ဆင့် အုပ်ချုပ်မှုယန္တရား ကို ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်သည့်အခါတွင် သက်ဆိုင်ရာအထူး အဖွဲ့များ၊ One Stop Service (OSS) ဌာနဆိုင်ရာ တာဝန်ခံများအနေဖြင့် ကုန်သွယ်မှုလမ်းကြောင်းများ၊ သက်ဆိုင်ရာတာဝန်ကျ စစ်ဆေးရေးစခန်းများတွင် တားဆီးခြင်း၊ ဖမ်းဆီးခြင်းများ ဆောင်ရွက်ရာတွင် တရားမဝင်တင်သွင်းမှုများအပြင် တရားမဝင်တင်ပို့ မှုများကိုပါ ထိထိရောက်ရောက် တားဆီး၊ ဖမ်းဆီး ပြီး ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင်ကုန်စည်များ နှင့်ပတ်သက်ပြီး စတင်တားဆီးဖမ်းဆီးစစ်ဆေးစဉ် ကပင် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းစဉ်၊ SOPs များနှင့်အညီ ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းပြောကြား လိုကြောင်း။
စီးပွားရေးအကျိုးသက်ရောက်မှုရှိလာ
တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ထုတ် လုပ်မှုနှင့် စားသုံးသူပြည်သူများအတွက် အကျပ် အတည်းဖြစ်ပေါ်စေခြင်းအပြင် စီးပွားရေးလုပ်ငန်း များအနေနှင့်လည်း ဈေးကွက်ကမောက်ကမဖြစ်ခြင်း ကြောင့် လုပ်ငန်းများမတိုးချဲ့နိုင်ခြင်းနှင့် ရပ်ဆိုင်းခြင်း တို့ဖြစ်ပေါ်လာစေပြီး ထိုမှတစ်ဆင့် ပြည်တွင်းတွင် အလုပ်လက်မဲ့ဦးရေ မြင့်တက်လာကာ ပြည်ပနိုင်ငံ များသို့ သွားရောက်လုပ်ကိုင်ကြသည့်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ၌ လုပ်အားများ လျော့နည်းသွားနိုင်ခြင်းနှင့်အတူ ကုန်ထုတ်လုပ်မှုများ လျော့ကျလာပြီး ပြည်တွင်းတွင် စီးပွားရေးအကျပ် အတည်းဖြစ်ပေါ်လာကာ နိုင်ငံ၏လူမှုစီးပွားရေး ကဏ္ဍများအပေါ် များစွာအကျိုးသက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း။
ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကြောင့် နောက်ဆုံးအဆင့်အနေဖြင့် တိုက်ရိုက်ထိခိုက်နစ်နာ သူများသည် စားသုံးသူပြည်သူများဖြစ်သည့်အပြင် ကိုယ်တိုင်ထုတ်လုပ်သည့် တိုင်းရင်းသားလုပ်ငန်းရှင် များသည်လည်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ပါကြောင်း၊ ထို့ကြောင့် ယင်းဖြစ်စဉ်များ မဖြစ်ရအောင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ရှိသည့် အထူးတိုက်ဖျက်ရေးအဖွဲ့များက လည်း တရားမဝင်ကုန်သွယ်မှုများကို လုံးဝကင်းစင် ပပျောက်သည်အထိ အစိုးရနှင့် ပြည်သူလက်တွဲပြီး ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း က ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်း အောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ခင်ဇော်နှင့် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းထွန်းဦးတို့က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူက ထိန်းချုပ်ဓာတု ပစ္စည်းများ ပြည်ပမှ တင်သွင်းဆောင်ရွက်မည့် ကုမ္ပဏီတွင် ရှိသင့်သည့် Criteria စံသတ်မှတ်ချက် များနှင့် ကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦထွန်းအုံနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရား မဝင်ယာဉ်များ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပို့ကုန်၊ သွင်းကုန်နှိုင်းယှဉ်ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌ ကုန်စည်စီးဆင်းနေမှု အခြေအနေများ၊ E-Lock စနစ်ဆိုင်ရာကိစ္စရပ်များ၊ တရားမဝင် Online မှ ကုန်ပစ္စည်းများရောင်းချနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြပြီး ဦးဆောင်ကော်မတီ ရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၄) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။ သတင်းစဉ်