၂၀၂၄ ခုနှစ် ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များ ငွေဆောင်မြို့သို့ ရောက်ရှိလာရာ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆို

 

ငွေဆောင်   ဧပြီ   ၂၇
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင် မြို့သို့  အပန်းဖြေလေ့လာရေးခရီး လာရောက်ကြသည့်  ၂၀၂၄ ခုနှစ်   ဧကာဒသမတန်း       လူရည်ချွန် မောင်မယ်များသည်  ဧပြီ ၂၇ ရက် တွင်  ပုသိမ်မြို့မှ  လူရည်ချွန်စခန်း ရှိသည့် ငွေဆောင်မြို့သို့  ည ၇ နာရီ တွင် ရောက်ရှိခဲ့ရာ  တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းခယ်၊   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  ဝန်ထမ်းများ၊  ဆရာ ဆရာမများ နှင့် ကျောင်းသား     ကျောင်းသူလေး များက     မြို့ဝင်လူရည်ချွန်မုခ်ဦးနှင့် စခန်းဖွင့်ရာ  ယမုံနာဦးဟိုတယ် တို့က လှိုက်လှဲစွာ  ဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။
အလံများ ဝှေ့ယမ်းကြိုဆို
ငွေဆောင်မြို့သို့ ရောက်ရှိလာ သည့်  လူရည်ချွန်မောင်မယ်များ အား တိုင်းရင်းသားရေးရာဝန်ကြီး နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများက ငွေဆောင်မြို့အဝင်  ကြိုဆိုရေး မုခ်ဦးတွင်       အိုးစည်ဒိုးပတ် အကဖြင့်      ကပြဖျော်ဖြေကာ အလံများဖြင့်      ဝှေ့ယမ်းကြိုဆိုခဲ့ကြ သည်။ 
လူရည်ချွန်     စခန်းဖွင့်ရာ ယမုံနာဦးဟိုတယ်သို့  အရောက် တွင်   ဆရာ   ဆရာမများနှင့်    ကျောင်းသား ကျောင်းသူလေးများ က  ဟိုတယ်အဝင် ကြိုဆိုရေးမုခ်ဦး​ မှ ခန်းမဆောင်အထိ ပန်းစည်းများ ကမ်းလှမ်းကြိုဆိုခဲ့ကြပြီး  တိုင်း ရင်းသားအကများဖြင့်      ကြိုဆို ဖျော်ဖြေခဲ့ကြသည်။  ထို့နောက် လူရည်ချွန် မောင်မယ်များသည် ဟိုတယ်မှ   ဧည့်ခံသည့်    အအေး သုံးဆောင်ကာ   နားနေဆောင် အသီးသီးသို့  သွားရောက်အနားယူ ခဲ့ကြကြောင်း သတင်းရရှိသည်။
  တိုင်းဒေသကြီး(ပြန်/ဆက်)