၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်  မေ   ၁၀
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည် ပြည်ဆိုင်ရာ    သူနာပြုများနေ့  “International Day of the Midwife and International Nurses Day”  အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် သူနာပြုနှင့်  သားဖွား သင်တန်းကျောင်း (နေပြည်တော်) ဘက်စုံသုံးခန်းမကြီး၌ ကျင်းပသည်။  
အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  ဦးစီးဌာနအသီး သီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ သူနာပြုတက္ကသိုလ်    (ရန်ကုန်/မန္တလေး)မှ   ပါမောက္ခချုပ်များ၊ ဒုတိယ     ညွှန်ကြားရေးမှူးချုပ် များ၊  ဒုတိယ   ပါမောက္ခချုပ်များ၊  ညွှန်ကြားရေးမှူးများ၊   သူနာပြု အရာရှိများနှင့်  တာဝန်ရှိပုဂ္ဂိုလ် များ၊  မြန်မာနိုင်ငံ    သူနာပြုနှင့် သားဖွားကောင်စီနှင့် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြု အုပ်ကြီးများ၊   သူနာပြုအုပ်များ၊ သူနာပြုဆရာမကြီးများ၊ သူနာပြု များ၊ သားဖွားများ၊  တပ်မတော် ဆေးရုံများမှ သူနာပြုများ၊ သူနာပြု/ သားဖွား/နှီးနွယ်သင်တန်းကျောင်း အသီးသီးမှ    ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များ၊  နည်းပြများ၊ ဒုနည်းပြများ၊     သင်တန်းသား သင်တန်းသူများ၊ ပုဂ္ဂလိကဆေးရုံ များမှ သူနာပြုများနှင့် ဖိတ်ကြား ထားသော   ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က သူနာပြုများနှင့် သားဖွားများ၏ ပြည်သူလူထု   တစ်ရပ်လုံးအပေါ် အကျိုးပြုမှုများကို အသိအမှတ်ပြု သောအားဖြင့် ဖလောရင့် နိုက်တင် ဂေးလ်  (Florence   Nightin-gale)၏ မွေးနေ့ဖြစ်သည့် မေ  ၁၂ ရက်ကို     အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အဖြစ် Interna-tional Council of Nurses (ICN) က ၁၉၇၄  ခုနှစ်မှ   စတင်၍ သတ်မှတ်ခဲ့ပြီး   မေ ၅ ရက်ကို အပြည်ပြည်ဆိုင်ရာ      သားဖွား ဆရာမများနေ့အဖြစ်   Interna-tional Confederation of Mid-wives (ICM) က ၁၉၉၁ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့၍    နှစ်စဉ် နှစ်တိုင်း သူနာပြုသားဖွားများ၏ စွမ်းဆောင်ရည်များ    မြင့်မားစေ ရန်   ရည်ရွယ်၍   ဆောင်ပုဒ်များ သတ်မှတ်ဆောင်ရွက်ကြခြင်းဖြစ် ပါကြောင်း၊ ၂၀၂၄ ခုနှစ် အပြည် ပြည်ဆိုင်ရာ သားဖွားဆရာမများ နေ့ဆောင်ပုဒ်၏   Theme   မှာ “Midwives:  A  vital  Climate Solution”   “သားဖွားအရည် အသွေးထိန်းသိမ်းလို့၊ အနာဂတ် ကမ္ဘာကို  စောင့်ရှောက်စို့”   ဟု လည်းကောင်း၊     အပြည်ပြည် ဆိုင်ရာသူနာပြုများနေ့၏ Theme ဖြစ်သော “Our Nurses. Our Future. The Economy Power of  Care” ကို   “ကျန်းမာစီးပွား ရင်းနှီးလို့၊ ရှေ့အနာဂတ်ဖွံ့ဖြိုးဖို့၊ သူနာပြုစုမှု     စွမ်းအားမြှင့်တင် စို့”  ဟု   ဘာသာပြန်ဆို   ထားပါ ကြောင်း။    
သူနာပြုနှင့် သားဖွားများသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုတွင် မကျန်းမာသူများအား ပြုစု ပေးခြင်း၊ မကျန်းမာမှု မဖြစ်စေရန် ကာကွယ်ပေးခြင်း၊   ကျန်းမာသူ များ ပိုမိုကျန်းမာအောင်  တိုးမြှင့် စောင့်ရှောက်ခြင်း၊     ပြန်လည် ထူထောင်ရေးတွင်    ပြုစုစောင့် ရှောက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးနေကြသည့်အတွက် လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံမှု (Universal Health Coverage) ကို ရရှိနိုင်ရေးအတွက် အရေးပါလှသော   ကျန်းမာရေး ဝန်ကြီးဌာန၏ အဓိကကျသူများ ဖြစ်ပါကြောင်း၊  ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏    စာရင်းဇယားများအရ သူနာပြုနှင့်   သားဖွားအင်အားစု သည်   ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်အားလုံး၏ ၅၀ ရာနှုန်း နီးပါးဖြစ်သည့်အတွက် ပြည်သူ လူထုကို  အရည်အသွေးပြည့်ဝ သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် သူနာပြုနှင့်  သားဖွား များ၏    အလွန်အရေးပါသော အခန်းကဏ္ဍကို  မီးမောင်းထိုးပြ ခြင်းဖြစ်ပါကြောင်း၊   သူနာပြုနှင့် သားဖွားများ   အနေဖြင့်လည်း ပြည်တွင်းမှာသာမက နိုင်ငံတကာ မှ အသိအမှတ်ပြုရသည့် စံနမူနာ ကောင်းများကို အတုယူပြီး ကြိုးစား အားထုတ်ကြစေ လိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဖလောရင့် နိုက်တင်ဂေးလ်ဆုရှင်များ   ဖြစ် သော   ဗိုလ်မှူး   ဒေါ်ခင်အုန်းမြ၊  ဒေါ်အမ်ယောနမ်(လက်ထောက် ညွှန်ကြားရေးမှူး-ငြိမ်း)၊  ဒေါ်သိန်းရီ (အမျိုးသမီးကျန်းမာရေး ဆရာမ- ငြိမ်း)နှင့် ဦးစနိုင်နိုင်ထွန်း (သူနာပြု ကြီး) တို့ကို ဝဏ္ဏကျော်ထင်ဘွဲ့ကို လည်းကောင်း၊    ကျန်းမာရေး ဝန်ထမ်းများအပေါ် အကြမ်းဖက်မှု များကြောင့် အသက်ဆုံးရှုံးမှုများ နှင့်    ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သူနာပြုနှင့် သားဖွား   ခြောက်ဦး တို့ကို ရဲဗလဘွဲ့တံဆိပ်ကိုလည်း ကောင်း    ချီးမြှင့်ခဲ့ပါကြောင်း၊ မျိုးဆက်သစ်သူနာပြုနှင့် သားဖွား များအား    သူနာပြုနှင့် သားဖွား လုပ်ငန်းဆိုင်ရာ   လိုက်နာရမည့် ကျင့်ဝတ်များနှင့်  ထိန်းသိမ်းရမည့် အမူအကျင့်များအတိုင်း   ပြည်သူ လူထုအား   ပြုစုစောင့်ရှောက်မှု ပေးကြရန်နှင့် မိမိတို့၏ သူနာပြု နှင့်သားဖွား    အသက်မွေးဝမ်း ကျောင်းပညာရပ်များနှင့် ကျင့်ဝတ် များကို   အားလုံးက    ဝိုင်းဝန်း ထိန်းသိမ်း၍ နိုင်ငံတော်၏အကျိုး ကို   ဆတက်ထမ်းပိုး    သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေ‌ကြောင်း ပြောကြားသည်။ 
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်မှ  ချီးမြှင့် သည့်     ဝဏ္ဏကျော်ထင်ဘွဲ့နှင့် ရဲဗလ   ဘွဲ့တံဆိပ်အပ်နှင်းခံရသူ သူနာပြု၊  အမျိုးသမီးကျန်းမာရေး ဆရာမ နှင့် သားဖွား ၁၀ ဦးတို့ကို ဂုဏ်ပြုအထိမ်းအမှတ်ဆု  ချီးမြှင့် ပေးခဲ့ပြီး(အပေါ်ပုံ) သူနာပြု သင်တန်းသား သင်တန်းသူများက  ကရုဏာအလင်းသီချင်းဖြင့် သီဆို ဖျော်ဖြေ၍ အထက်တန်းသူနာပြု ဆရာမတစ်ဦးက     မီးအိမ်ရှင် သီချင်း ဖြင့် ကပြဖျော်ဖြေကြသည်။
အခမ်းအနား     အစီအစဉ် ဒုတိယပိုင်းအနေဖြင့် အပြည်ပြည် ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာ  သူနာပြုများ နေ့နှင့်ပတ်သက်သည့် စဉ်ဆက် မပြတ်သူနာပြုသားဖွား ပညာရေး ဟောပြောပွဲကို ဆက်လက်ကျင်းပ ခဲ့ရာ  မြန်မာနိုင်ငံ   သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ ခင်က ၂၀၂၄ ခုနှစ်၊   အပြည်ပြည် ဆိုင်ရာ   သားဖွားဆရာမများနေ့ နှင့် အပြည်ပြည်ဆိုင်ရာ  သူနာပြု များနေ့၏ ဆောင်ပုဒ်များကိုလည်း ကောင်း၊    ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး   (သူနာပြု - သားဖွား)    ဒေါ်စန်းစန်းယဉ်က အပြည်ပြည်ဆိုင်ရာ သူနာပြုများ နေ့နှင့် ပတ်သက်၍    လိုက်နာ ဆောင်ရွက်ရမည်များကို  လည်း ကောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြား ရေးမှူး   (သူနာပြု -  သားဖွား) ဒေါ်ဌေးဌေးလှိုင်က အပြည်ပြည် ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက် ရမည်များကို      လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး ဖလောရင့်နိုက်တင်ဂေးလ်ဆု ရှင် ဝဏ္ဏကျော်ထင် ဦးစနိုင်နိုင်ထွန်း က ၎င်း၏ စွမ်းဆောင်ရည်များကို လည်းကောင်း၊ သားဖွားဆရာမ ဒေါ်စန်းစန်းမြင့်က ၎င်း၏ အတွေ့ အကြုံများကိုလည်းကောင်း မျှဝေခဲ့ ကြောင်း သိရသည်။  
သတင်းစဉ်