
ဘားအံ မေ ၁၇
ပညာရေးဝန်ကြီးဌာနနှင့် ကရင် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် ၂၀၂၄ ခုနှစ် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများစာတတ် မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲ အခမ်းအနားကို မေ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေး ပြည်နယ် လုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စာမတတ်သူ ပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် ကရင် ပြည်နယ်အတွင်း မြို့နယ်များရှိ စာသင်ဝိုင်းများတွင် ပံ့ပိုးကူညီပေး ကြသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ သင်ကြားပို့ချပေးခဲ့ကြ သည့်နည်းပြများ၊ ကြီးကြပ်များ ကို အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း၊ စာသင်သားများအနေ ဖြင့်လည်း အရေး၊ အဖတ်စွမ်းရည် များ ပပျောက်သွားခြင်းမရှိရလေ အောင် အားလပ်ချိန်များတွင် ဆက်လက်၍ အသိပညာဗဟု သုတများတိုးပွားစေသော စာပေ များ ကြိုးစားဖတ်ရှုနေကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ကျေးလက်နေပြည်သူများ နှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍ တစ်ခုဖြစ်သည့် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းတွင် စာဖတ် စွမ်းရည်ပြိုင်ပွဲ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ပြီး သင်ယူပြီးမြောက်ခဲ့ သည့် စာသင်သားများကိုယ်စား စာသင်သားတစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည် ပြောကြားကာ အခြေခံစာတတ် မြောက်ရေး လုပ်ငန်းလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို အတူတကွ ကြည့်ရှုကြသည်။
ယင်းနောက် လှိုင်ဝါးကျေးရွာ စာသင်ဝိုင်းအဖွဲ့မှ စာသင်သားများ က ဒုံးယိမ်းအကဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး တက်ရောက် လာသူများက ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ကာ ကရင်ပြည် နယ်အတွင်း မြို့နယ်များ၌စာသင် ဝိုင်း ၂၀၃ ဝိုင်း၊ စာသင်သား ၂၃၈၇ ဦး သင်ယူပြီးမြောက်ခဲ့ကြောင်း နှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် စာသင်သား၊ ကြီးကြပ်၊ နည်းပြများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေး စကားပြောကြားကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)