၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်    ဇူလိုင်   ၁၇


၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ရောက်ရှိမည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက်၊ နံနက် ၈ နာရီ တွင်  ရန်ကုန်မြို့၊  ဗဟန်းမြို့နယ်ရှိ  အာဇာနည်ဗိမာန်၌   ကျင်းပ မည်ဖြစ်သည်။
အဆိုပါ  အခမ်းအနားကျင်းပပုံများကို  ဇူလိုင်  ၁၉  ရက်နေ့ နံနက် ၇ နာရီ  ၄၅ မိနစ်မှစတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV – HD ၊ MRTV News ၊ MRTV Parliament ၊  MRTV NRC ၊ MWD – HD ၊ MWD Variety HD ၊ MITV ၊ MOI Website ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို ၊ သဇင် FM ၊ Star FM ၊   ပတ္တမြား FM ၊   FM ပုဂံ ၊  ပဉ္စဝတီ FM ၊ မန္တလေး FM ၊  ချယ်ရီ FM ၊ ရွှေ FM နှင့်  MRTV App:  အပါအဝင်  Online  တို့မှ  တိုက်ရိုက်  (LIVE) ထုတ်လွှင့်သွားမည်ဖြစ်သည်။         

                           
သတင်းစဉ်