၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၆၂ သိန်းကျော် ကျောင်းအပ်နှံပြီးစီး

 

နေပြည်တော်   ဇွန်    ၁


၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ  မူလတန်းအဆင့်၊    အလယ်တန်း အဆင့်နှင့်  အထက်တန်းအဆင့် ကျောင်းများ ကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်း အပ်နှံမှုသီတင်းပတ်အဖြစ်   မေ ၂၃ ရက်မှ  ဇွန် ၂   ရက်အထိ သတ်မှတ်၍       ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှု လက်ခံခြင်းများ ဆောင်ရွက်လျက် ရှိသည်။ 
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း    တိုင်းဒေသ ကြီးနှင့်ပြည်နယ်     အသီးသီးရှိ အခြေခံပညာကျောင်းများ အလိုက် ကျောင်းအုပ်ကြီးများ၊    ကျောင်း အုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ ဆရာမများက လာရောက်အပ်နှံ သူ    မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား    ကျောင်းသူများ အဆင်ပြေချောမွေ့စွာ   ကျောင်း အပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြ ပြီး ကျောင်းသား ကျောင်းသူ များ အတွက်   ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့်      စာရေး ကိရိယာများနှင့်    ကျောင်းသုံး စာအုပ်များကိုလည်း   ထောက်ပံ့ ပေးအပ်ကြသည်။
ကျောင်းအပ်နှံရေး   သီတင်း ပတ်၏ ဒသမနေ့ဖြစ်သည့်  ဇွန်လ ၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ   အခြေခံ ပညာကျောင်းများ၊     ကိုယ်ပိုင် ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်း သား ကျောင်းသူ  ၆၂၇၅၆၉၁   ဦး အပ်နှံပြီးစီးခဲ့ပြီး ယနေ့ဇွန် ၂ ရက် အထိ  ဆက်လက်အပ်နှံလျက်ရှိ ကြောင်း သိရသည်။ 
သတင်းစဉ်