
လွိုင်ကော် မေ ၁၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကယားပြည်နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်အစည်း အဝေးခန်းမ၌ ကျင်းပရာ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုး တင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်၊ မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်က အမှာစကားပြောကြားရာ တွင် ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် ပညာရေးမူဝါဒများနှင့်အညီ ပြည်နယ်အတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီ အမီ ကျောင်းနေအရွယ်ကလေး များအားလုံး ပညာသင်ကြားနိုင် ရန် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျောင်းများ လုံခြုံမှုရှိစေရေး၊ ကျောင်းများ ဥပဓိရုပ်ခံ့ထည်မှု ရှိစေရေး၊ ကျောင်းသုံးပရိဘောဂ များ၊ ပုံနှိပ်စာအုပ်၊ သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံမှုရှိစေရေး အချိန်မီ ဖြည့်တင်းဆောင်ရွက် ထားရန် မှာကြားလိုကြောင်း၊ ကျောင်းသားဆရာအချိုးမျှတမှု ရှိစေရေးအတွက် သင်ကြားရေး ဆရာ ဆရာမများ လုံလောက်မှု ရှိစေရေး ပြင်ဆင်စုဖွဲ့ထားရန် လိုအပ်ပြီး ကျောင်းအပ်လက်ခံ ခြင်း ကိစ္စရပ်များ အဆင်ပြေ ချောမွေ့မှုရှိစေရေးနှင့် ကျောင်း သားကျောင်းသူများ စိတ်အေးချမ်း စွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် လုံခြုံရေးတာဝန်ယူသောအဖွဲ့အားလုံးကတက်ညီလက်ညီဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားလို ကြောင်း၊ ပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ မှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် များရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် မှာကြားလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှု ရေးရာဝန်ကြီးနှင့် ပြည်နယ်ပညာ ရေးမှူးတို့က ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် အခြေခံပညာကျောင်း များ ဖွင့်လှစ်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့် အစည်းအဝေး တက်ရောက် လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ပြည်နယ်(ပြန်/ဆက်)