၂၀၂၃ ခုနှစ်အတွက် ဘာသာပေါင်းစုံမှ နှစ်သစ်ကူးမေတ္တာပို့ဆုတောင်းစကားသံများ

 

တွေ့ဆုံမေးမြန်း-ကိုကိုဇော်၊ ဓာတ်ပုံ-လတ်လတ်

 

ဦးစိန်သန်း (ဗုဒ္ဓဘာသာ)
(ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့) (ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျာ
ယနေ့ဟာ   ခရစ်နှစ်  ၂၀၂၂  ခုနှစ် ကုန်ဆုံးပြီး ခရစ်နှစ် ၂၀၂၃ခုနှစ် ကာလသို့ ရောက်ရှိလာတဲ့  ကမ္ဘာ့နှစ်သစ်ကူးနေ့ဖြစ် ပါတယ်။   တစ်နည်းအားဖြင့်ဆိုသော် (New Year) အခါသမယနေ့လည်းဖြစ်ပါ တယ်။ ဒီအခါသမယနှစ်သစ်မှာ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီး က မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြ ကုန်သော  ဘာသာပေါင်းစုံမှ  ဘာသာဝင် အချင်းချင်းတို့ဟာ တစ်ဦး၏ဘာသာကို တစ်ဦးက လေးစားလိုက်နာပြီး တိုင်းပြည် အတွင်း အေးချမ်းသာယာစွာ နေထိုင်သွား ကြရန်၊ နိုင်ငံတော်အတွင်း ကျရောက်လာ မည့် သဘာဝဘေးဒုက္ခအပေါင်း မဖြစ်ပေါ် စေဖို့နဲ့ နိုင်ငံတော်ကြီး အေးချမ်းသာယာပါ စေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ဒါ့အပြင်   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးမှာ   ဘာသာပေါင်းစုံက  ညီအစ်ကို မောင်နှမများအားလုံး            ပူးပေါင်း ဆောင်ရွက်ရင်းဖြင့် ငြိမ်းချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်ရေးကို   ဝိုင်းဝန်းဆောင် ရွက်ကြဖို့နဲ့ နှစ်သစ်အခါသမယမှာ ကမ္ဘာ သူ၊ ကမ္ဘာသားများ၊ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး  ကျန်းမာရွှင်လန်းပြီး  ကပ်ရောဂါ ဆိုးကြီးများရဲ့ ဘေးဒဏ်မှ လွတ်ကင်းပြီး အေးချမ်းသာယာသော  လူ့ဘောင်ဘဝ ကြီးကို    ပိုင်ဆိုင်နိုင်ကြစေဖို့အတွက် ဆုတောင်းမေတ္တာများ  ပို့သလိုက်ပါတယ် ခင်ဗျာ။
ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)
(ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့) (ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျာ
၂၀၂၂ခုနှစ်  ကုန်ဆုံးပြီး  ၂၀၂၃ ခုနှစ် နှစ်သစ်အချိန်အခါသမယမှာ   ဂေါတမ မြတ်စွာဘုရား၏          မေတ္တာကြောင့် မြန်မာနိုင်ငံကြီး    အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေ။     မဟာပိန္နဲဘုရား ကြောင့် ပြည်တွင်းပြည်ပ ရန်များကင်းစင် ပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံကြီး ဖြစ်ပါစေလို့ ဦးစွာဆုတောင်းပေးပါတယ် ခင်ဗျာ။ ယခု ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံ ကြီး   စီးပွားရေးဖွံ့ဖြိုးတိုးတက်ပါစေ။ ဘာသာရေး၊  လူမှုရေးကိစ္စရပ်တွေမှာ လည်း အောင်မြင်ပါစေ။  ကျွန်တော်တို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အသင်းကလည်း ၂၀၂၃ ခုနှစ်မှာ ယခင် နှစ်ထက် ၅ ဆပိုပြီး ကြိုးကြိုးစားစားလုပ် နိုင်ကြပါစေ။  ကိုဗစ်-၁၉  ရောဂါဖြစ် ကတည်းက မြန်မာနိုင်ငံတစ်ခုတည်းတင် မဟုတ်ပါဘူး တစ်ကမ္ဘာလုံးအခက်အခဲ ဖြစ်ကြတယ်။ နည်းမျိုးစုံ ဒုက္ခတွေရောက် ခဲ့ကြရပါတယ်။  ကျွန်တော်တို့   မြန်မာ နိုင်ငံကလည်း ကမ္ဘာသူ၊ ကမ္ဘာသားတွေနဲ့ အတူတူ အခက်အခဲများ ခံစားခဲ့ရပါတယ်။ ဒီ ၂၀၂၃ ခုနှစ် နှစ်သစ်မှာ ကပ်ရောဂါများ ပျောက်ဆုံးပြီး အားလုံးကျန်းမာချမ်းသာ ကြပါစေ။   မြန်မာပြည်ဟာ  ကျွန်တော် ခဏခဏတင်ပြလေ့ရှိတဲ့   ချမ်းသာတာ တစ်ခုရှိပါတယ်  အဲဒီဟာကတော့ မေတ္တာ တရားပါပဲ။  ယခုနှစ်သစ်မှာ မေတ္တာများများ ထားနိုင်ကြပါစေ၊   မေတ္တာပွားနိုင်ပါစေ၊ မေတ္တာကြောင့် အစစအရာရာအောင်မြင် ပါစေလို့   ဆုတောင်းမေတ္တာပို့သအပ်ပါ တယ်ခင်ဗျာ။
ဒေါက်တာစိုင်းကျော်မြင့်
(ခရစ်ယာန်ဘာသာ)
(ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့) (ဗဟို)
Shalom! မင်္ဂလာပါခင်ဗျာ
အခုလို ဆုတောင်းမေတ္တာပို့သခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ  လူမျိုးပေါင်း ၁၃၅  မျိုး အတူတကွစုပေါင်းနေထိုင်ကြပြီး  ဘာသာ အယူဝါဒများစွာကို          လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိတဲ့ နိုင်ငံကြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် ယခုအချိန် အခါမှာ လိုအပ်နေတဲ့ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့်     အေးချမ်း သာယာငြိမ်းချမ်းရေးအတွက် ကျွန်တော် တို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့အနေနှင့်  တစ်တပ်တစ်အား   ပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ 
၂၀၂၂ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်သို့ ကူးပြောင်းတဲ့ နှစ်သစ်ကူး အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံက လူသစ်စိတ်သစ်နဲ့ ဘာသာပေါင်းစုံညီညွတ် စွာဖြင့်  အနာဂတ်မှာ  လူ့ဘောင်သစ်ကို         တည်ထောင်နိုင်ပါစေလို့       ဆုတောင်း မေတ္တာ   ပို့သအပ်ပါတယ်။  ပြည်သူ ပြည်သားအားလုံး အေးချမ်းပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေကြောင်း နှုတ်ခွန်းဆက်       ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)
(ဒုတိယ ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့) (ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျာ
၂၀၂၂ ခုနှစ်ကုန်ဆုံးပြီးတော့ ၂၀၂၃ ခုနှစ်   နှစ်သစ်မှာလည်း  မြန်မာပြည်သူ ပြည်သားများအားလုံး၊ ကမ္ဘာသူကမ္ဘာသား များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကာ  စီးပွား လာဘ်လာဘများတိုးပွားပြီး   ရောဂါ ဘယများ    ကင်းစင်ကာ   အေးချမ်း သာယာသော နိုင်ငံတော်ကြီးဖြစ်ပါစေလို့      ဦးစွာ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။
နိုင်ငံတော်     ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘာသာပေါင်းစုံက  ညီအစ်ကိုမောင်နှမ များအားလုံး ပူးပေါင်းဆောင်ရွက်ရင်းဖြင့် အေးချမ်းသာယာပြီး      ဖွံ့ဖြိုးတိုးတက် ရေးကို  ဝိုင်းဝန်းဆောင်ရွက်ကြပါရန်နှင့် နှစ်သစ်အခါသမယမှာ   မြန်မာပြည်သူ အားလုံး ကျန်းမာချမ်းသာပြီး နိုင်ငံအကျိုး၊ သာသနာ့အကျိုး      ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေ။      နိုင်ငံတော်ကြီး သာယာဝပြောပြီး  ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိအောင် အားလုံး   ဝိုင်းဝန်းပူးပေါင်းပြီး   တည် ဆောက်ကြပါစို့၊  ကမ္ဘာသူကမ္ဘာသားများ အားလုံး၊ နိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာရွှင်လန်းပြီး   ကပ်ရောဂါဆိုးကြီး များ၏   ဘေးဒဏ်မှ   လွတ်ကင်းပြီး အေးချမ်းသာယာသော      လူ့ဘောင် ဘဝကြီးကို       ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာများ   ပို့သလိုက်ပါတယ် ခင်ဗျာ။