၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့တွင် ပထဝီဝင်ဘာသာရပ် ဖြေဆိုသူ စုစုပေါင်း ၃၉၆၁၇ ဦးရှိ

 

နေပြည်တော်    မတ်     ၁၆
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ကို ယနေ့ ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ပထဝီဝင်ဘာသာရပ် ဖြေဆိုသူ စုစုပေါင်း ၃၉၆၁၇ ဦး ရှိကြောင်း သိရသည်။
ယနေ့တွင် နိုင်ငံခြားစာစစ်ဌာန တစ်ခုနှင့် ပြည်တွင်းစာစစ်ဌာန ၇၇၈ ခု စာစစ်ဌာန စုစုပေါင်း ၇၇၉ ခု  ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄၄၉၄၄ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၉၆၁၇ ဦးရှိကာ ဖြေဆိုသူ  ရာခိုင်နှုန်းအနေဖြင့်  ၈၈ ဒသမ ၁၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။ 
 သတင်းစဉ်