၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

 

နေပြည်တော်   မတ်   ၁၇


၂၀၂၂-၂၀၂၃  ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ  အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ်ကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၌    ကျောင်းသား  ကျောင်းသူများ  စိတ်အေးချမ်းသာစွာ ဖြေဆိုကြသည်။

 

 
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေး ခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။  ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

 


ယခုနှစ်တွင် အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ်အတွက် နိုင်ငံခြား စာစစ်ဌာနတစ်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၇၇ ခု စာစစ်ဌာန စုစုပေါင်း ၇၇၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၄၄၃၅၄ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၉၀၄၃ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒသမ ၀၃  ရာခိုင်နှုန်းရှိကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။                     

 

သတင်းစဉ်