
တိုကျို ဧပြီ ၁၄
အမေရိကန်မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် တိုင်းမ်မဂ္ဂဇင်းက ဂျပန် ဝန်ကြီးချုပ် ကီရှီးဒါးဖူမီယို ကို ၂၀၂၃ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး လူ ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။
နှစ်စဉ်ဖော်ပြလေ့ရှိသည့် အဆိုပါစာရင်းကို ဧပြီ ၁၃ ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကီရှီးဒါးကို “ခေါင်းဆောင်များ” စာရင်းတွင် ထည့်သွင်းရွေးချယ် ခဲ့ခြင်းဖြစ်သည်။ ကီရှီးဒါးသည် ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲဖော်ဆောင်နိုင်ခဲ့သည့်အတွက် ယခုလို သြဇာလွှမ်းမိုးမှု အရှိဆုံး လူ ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
ထို့ပြင် ကီရှီးဒါးသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ၏ သမိုင်းဝင်မကျေနပ်ချက်များကို ဖြေလျှော့ပေးခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်း တွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် ဂျပန်နိုင်ငံမှ ဂိမ်းပညာရှင် မီယာဇာကီ ဟီဒီတာကာ ကိုလည်း “တီထွင်ဆန်းသစ်သူများ” စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ သည်။ မီယာဇာကီ၏ “အယ်လ်ဒန်ရင်း”ဟု နာမည်ပေးထားသည့် ဂိမ်းသည် အလွန်ကျော်ကြား လူကြိုက်များသော ဂိမ်းဖြစ်ကြောင်း အဆိုပါမဂ္ဂဇင်းတွင် ထပ်မံဖော်ပြထားသည်။
တစ်တော့ခ်အက်ပ် အမှုဆောင်အရာရှိချုပ် ရှောင်ချီရှောကိုလည်း အယောက် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ အက်ပ်အသုံးပြုမှုအပေါ် ပိတ်ပင်တားဆီးမှုများ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတစ်ဝန်း လျင်မြန်စွာပျံ့နှံ့လျက်ရှိသည်။
အင်န်အိတ်ချ်ကေ