၂၀၂၃ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်  မေ   ၁၂


ကျောင်းသား       ကျောင်းသူ မျိုးဆက်သစ်လူငယ်  မောင်မယ် များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း   အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ် ရက်များ  အကျိုးရှိစေရန်၊   မိမိ ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူး   နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာကျွမ်းကျင် သော    အနာဂတ်မျိုးဆက်သစ် လူငယ်များ   ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်  အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ)က   အခြေခံလေကြောင်း လူငယ်သင်တန်း  (အကြီးတန်း အဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း   (အငယ်တန်း အဆင့်)ဖွင့်ပွဲများကို    ဧပြီ   ၂၄  ရက်က      သက်ဆိုင်ရာမြို့နယ်  အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား    ပေးလျက် ရှိသည်။

 


ထိုသို့   လေ့ကျင့်သင်ကြား လျက်ရှိရာ ယနေ့တွင် တပ်မတော် (ရေ)က    ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း များတွင် ရန်ကုန်မြို့ရှိ ရေကြောင်း လူငယ်စခန်းမှ    သင်တန်းသား သင်တန်းသူ ၉၇ ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ      ရေကြောင်း လူငယ်စခန်းမှ    သင်တန်းသား သင်တန်းသူ  စုစုပေါင်း   ၈၅   ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဟိန်းဇဲ မြို့ရှိ   ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား     သင်တန်းသူ စုစုပေါင်း ၆၀ တို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ    တပ်မတော်(ရေ) ရေကြောင်းလူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

 


အလားတူ တပ်မတော်(လေ)က   မိတ္ထီလာမြို့ရှိ   လေကြောင်း အတတ်သင် လေတပ်စခန်းဌာန ချုပ်နှင့်    မြေပြင်အတတ်သင် လေတပ်စခန်း      ဌာနချုပ်တို့၌ သင်တန်းစခန်း ၁၇ ခုတို့မှ စခန်း သွင်း လေ့ကျင့်သင်ကြားပေးလျက် ရှိပြီး အခြေခံလေကြောင်း လူငယ် သင်တန်း   (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်း  လူငယ် သင်တန်း   (အငယ်တန်းအဆင့်) သင်တန်းသား     သင်တန်းသူ စုစုပေါင်း ၆၈၀  တို့သည် ယနေ့ တွင် မြေပြင်အတတ်သင်လေတပ် စခန်းဌာနချုပ်၌ RC Simulator မောင်းနှင်ခြင်း၊  RC  လေယာဉ်/ ရဟတ်ယာဉ်/ Drone လက်တွေ့ မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေး ပြလေ့ကျင့်ခြင်းများကို  ဆောင် ရွက်ကြသည်။

 


အဆိုပါ သင်တန်းသားများ သည် မေ ၁၅ ရက်နှင့် ၁၆ ရက် တို့တွင်    မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ်၌ သင်တန်း ပေါင်းစုံ RC Simulator မောင်းနှင် ခြင်း ပြိုင်ပွဲ၊ RC လေယာဉ်/ရဟတ် ယာဉ်/ Drone   မောင်းပြိုင်ပွဲနှင့် အခြေခံစစ်ရေးပြ   ပြိုင်ပွဲများကို ကျင်းပသွားမည်   ဖြစ်ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်