၂၀၂၃ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်    မေ    ၁၁


ကျောင်းသား   ကျောင်းသူ   မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း    အသိပညာများ   ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို     လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက်  ရေကြောင်းပညာ၊ လေကြောင်း ပညာ   ကျွမ်းကျင်သော   အနာဂတ်မျိုးဆက်သစ် လူငယ်များ       ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့်  အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ် တန်းအဆင့်)   ဖွင့်ပွဲများကို     ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ  သင်တန်းစခန်းများ ၌ တစ်ပြိုင်တည်း   စတင်ဖွင့်လှစ်ခဲ့ပြီး   လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

 


ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင်  တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို     တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ   စုစုပေါင်း   ၄၃ ဦး၊   ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား   သင်တန်း သူ   စုစုပေါင်း ၁၁၅  ဦး၊    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ   စုစုပေါင်း ၅၀   တို့ကို   သက်ဆိုင်ရာ နယ်မြေအသီးသီးမှ    တာဝန်ရှိသူ   နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး    သက်ဆိုင်ရာ မြို့နယ်များရှိ  တပ်မတော်(ရေ) ရေကြောင်းလူငယ် သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။

 


အလားတူ  တပ်မတော်(လေ)က မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်နှင့် မြေပြင်အတတ်သင်    လေတပ်စခန်းဌာနချုပ်တို့၌  သင်တန်း စခန်း ၁၇ ခုတို့တွင် စခန်းသွင်းလေ့ကျင့် သင်ကြားပေးလျက်ရှိပြီး       အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈၀ တို့သည်  ယနေ့နံနက်ပိုင်းတွင်     လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်ရှိ Myanmar Air Force Aeromedical Centre ကို   လေ့လာခြင်း၊   မြေပြင် အတတ်သင်လေတပ်စခန်း    ဌာနချုပ်တွင်   RC လေယာဉ်/ ရဟတ်ယာဉ်/ Drone လက်တွေ့မောင်းနှင် ခြင်း၊ RC Simulator   မောင်းနှင်ခြင်းနှင့်   အခြေခံ စစ်ရေးပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ကြသည်။

 


မွန်းလွဲပိုင်းတွင်     လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌      အကြီးတန်းအဆင့် သင်တန်းစခန်းနှစ်ခုမှ   ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူ သင်တန်းသား ခြောက်ဦး၊ အငယ်တန်းအဆင့်  သင်တန်းစခန်း ၁၅ ခုမှ  ပထမ၊  ဒုတိယဆုရရှိသူ သင်တန်းသား ၃၀  စုစုပေါင်း   ၃၆   ဦးတို့ကို  Grob -120 TP၊ Y-12 IV လေယာဉ်များနှင့် H-120 ရဟတ်ယာဉ်   လိုက်ပါပျံသန်းခြင်းကို    လေယာဉ် မောင်းသင်ကျောင်းမှ နည်းပြများနှင့်အတူ  ဆောင် ရွက်ခဲ့ကြသည်။

 


ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများ၊ အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း    (အငယ်တန်းအဆင့်)     သင်တန်းများ  လေ့ကျင့်သင်ကြားပို့ချနေမှုများကို     သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ   တိုင်းမှူးများနှင့်   တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။                  

 

သတင်းစဉ်