၂၀၂၃ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော်  မေ  ၁၀


ကျောင်းသား     ကျောင်းသူ မျိုးဆက်သစ်   လူငယ်မောင်မယ် များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း    အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊   အားလပ် ရက်များ  အကျိုးရှိစေရန်၊   မိမိ ဝါသနာပါသည့်    ပညာရပ်များ ကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာကျွမ်းကျင် သော      အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍    တပ်မတော်  (ရေ) က   ရေကြောင်းလူငယ်အခြေခံ နှင့်     တန်းမြင့်သင်တန်းများ၊ တပ်မတော်  (လေ) က  အခြေခံ လေကြောင်း    လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်း   လူငယ်သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ   ၂၄  ရက်တွင်  သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ    သင်တန်း စခန်းများ၌ တစ်ပြိုင်တည်း စတင် ဖွင့်လှစ်ခဲ့ပြီး  လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

 


ထိုသို့   လေ့ကျင့်သင်ကြား လျက်ရှိရာ ယနေ့တွင် တပ်မတော် (ရေ)က     ရေကြောင်းလူငယ် အခြေခံနှင့်  တန်းမြင့်သင်တန်း များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ် သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူ  ၃၀၊  မန္တလေးတိုင်း ဒေသကြီး       မန္တလေးမြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်း မှ သင်တန်းသား သင်တန်းသူ ၅၀၊ ရခိုင်ပြည်နယ်      စစ်တွေမြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်း မှ သင်တန်းသား သင်တန်းသူ ၆၁ ဦး၊ ကျောက်ဖြူမြို့ရှိ ရေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်း သား သင်တန်းသူ    ၅၀  တို့ကို သက်ဆိုင်ရာ   နယ်မြေအသီးသီး မှ     တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော်  (ရေ)  ရေကြောင်း လူငယ်သင်တန်းစခန်း  ၁၁   ခု၌ သင်တန်းသား      သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

 


အလားတူ တပ်မတော်(လေ)က မိတ္ထီလာမြို့ရှိ  လေကြောင်း အတတ်သင် လေတပ်စခန်းဌာန ချုပ်နှင့်   မြေပြင်အတတ်သင် လေတပ်စခန်း    ဌာနချုပ်တို့၌ သင်တန်းစခန်း ၁၇ ခုတို့မှ စခန်း သွင်းလေ့ကျင့်သင်ကြားပေးလျက် ရှိသော အခြေခံလေကြောင်းလူငယ် သင်တန်း  (အကြီးတန်းအဆင့်) နှင့်  အခြေခံလေကြောင်းလူငယ် သင်တန်း (အငယ်တန်းအဆင့်) သင်တန်းသား သင်တန်းသူ  စုစု ပေါင်း ၆၈၀ တို့သည်   ယနေ့တွင် လေယာဉ်မောင်းသင်ကျောင်းရှိ Flight Line နှင့် လေကြောင်းထိန်း ဌာနတို့တွင်   တပ်မတော်(လေ) ၏  နေ့စဉ်လုပ်ငန်းဆောင်တာများ ကို  လက်တွေ့ကွင်းဆင်းလေ့လာ ခြင်းများ ဆောင်ရွက်ကြပြီး  RC Simulator   မောင်းနှင်ခြင်း၊   RC လေယာဉ်/ ရဟတ်ယာဉ်/ Drone များ   လေ့ကျင့်ပျံသန်းခြင်းတို့ကို သက်ဆိုင်ရာ    နည်းပြများ၏ ကြီးကြပ်မှုဖြင့် လေ့ကျင့်သင်ကြား ခဲ့ကြသည်။

 


ထိုသို့    ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ     လေကြောင်းလူငယ် သင်တန်း   (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း   (အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို    သက်ဆိုင်ရာ တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ    ညှိနှိုင်းဆောင်ရွက်ပေးကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်