
နေပြည်တော် ဧပြီ ၂၇
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံ တော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံ နှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်း အဆင့်) နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်များရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။
ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်း သူ စုစုပေါင်း ၁၁၅ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ တို့ကို သက်ဆိုင်ရာနယ်မြေ အသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့် သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်များရှိ တပ်မတော် (ရေ) ရေကြောင်းလူငယ်စခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အလားတူ တပ်မတော် (လေ) က အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ် တန်း အဆင့်) သင်တန်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့ရှိ လေကြောင်းလူငယ်စခန်း မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၀၊ မွန်ပြည်နယ် မော်လမြိုင်မြု့ရှိ လေကြောင်းလူငယ် စခန်းမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၄၀၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ လေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၄၀ နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ လေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၀ တို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်များရှိ သင်တန်းစခန်း ၁၇ ခု၌ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူအင်အား ၆၈၀ ဖြင့် သက်ဆိုင်ရာ နယ်မြေများအလိုက် လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။
ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်