
နေပြည်တော် ဧပြီ ၂၅
ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် ရေကြောင်း လူငယ်တန်းမြင့်သင်တန်း များကို ရန်ကုန်မြို့၊ ကိုကိုးကျွန်းမြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ ဟိန်းဇဲဒေသ၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ မန္တလေးမြို့နှင့် ကျိုင်းတုံမြို့ တို့၌ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့ တွင် ဆက်လက်လေ့ကျင့်သင်ကြားလျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယား ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၉၇ ဦး၊ ကိုကိုးကျွန်း မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၇၁ ဦး၊ ရှမ်း ပြည်နယ် ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ် စခန်းမှသင်တန်းသား သင်တန်းသူ စုစု ပေါင်း ၃၀၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၈၅ ဦး၊ မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀ တို့ကို တာဝန်ရှိသူများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး တပ် မတော် (ရေ) ရေကြောင်းလူငယ်စခန်း ၁၁ ခုမှ သင်တန်းသား သင်တန်းသူ စုစု ပေါင်း ၇၁၂ ဦးတို့ကို သင်ကြားလေ့ကျင့် ပေးလျက်ရှိသည်။
သတင်းစဉ်