၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်  အများအားဖြင့်  သာယာ နိုင်ပြီး ဘင်္ဂလားပင်လယ်အော်   အလယ်ပိုင်းတွင်  တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။ 
မိုးအခြေအနေနှင့် မိုးရွာရက်
မိုးရွာသွန်းမှုအခြေအနေမှာ   ကချင်ပြည်နယ်နှင့်   ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ        စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နှစ်ရက်မှ သုံးရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊  ချင်းပြည်နယ်၊  ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင်ပါသည်။ 
ညအပူချိန် 
နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန် ၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကယားပြည်နယ်နှင့်  ကရင်ပြည်နယ်တို့တွင်  ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။ 
မြူအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့်    မွန်ပြည်နယ်တို့တွင်   ငါးရက်မှ  ခုနစ်ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီးနှင့်  ကယားပြည်နယ်တို့တွင် တစ်ရက်မှ လေးရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်။ 
မြစ်ရေအခြေအနေ
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ပေဝက်မှ တစ်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူ မြို့၊ ပခုက္ကူမြို့၊  ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။ 
ချင်းတွင်းမြစ်ရေသည်  ခန္တီးမြို့၊  ဟုမ္မလင်းမြို့၊  ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊  ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် သုံးလက်မခန့်၊ ဒုဋ္ဌဝတီ မြစ်ရေသည် သီပေါမြို့တွင် သုံးလက်မခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်   ပေဝက်ခန့်၊  ပဲခူးမြစ်ရေသည်  ဇောင်းတူမြို့တွင် ပေဝက်ခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် ပေဝက်ခန့်စီ၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် သုံးလက်မခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခွဲခန့် လက်ရှိရေမှတ်များ အောက် ကျဆင်းလာနိုင်ပြီး၊ ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာရံနှင့် မြစ်ငယ်မြို့ တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်ခန့်စီ၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော် မြို့တို့တွင် သုံးလက်မခန့်စီ၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။          မိုး/ဇလ