
နေပြည်တော် မတ် ၂၅
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်ကို အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ် ထုတ်ဝေလျက် ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် ရေးသားသည့် “မျိုးဆက်သစ်လူငယ်များတိုးတက်ရေး မူးယစ်ဆေးမှန်သမျှ တိုက်ထုတ် ပေး” မျက်နှာဖုံးဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (မတ်လ) ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
၂၀၂၃ ခုနှစ် မတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် တွင် ဒေါက်တာ ခင်မောင်ညို၊ ခင်မောင်အေး၊ တာရာဝင့်ထွန်းတို့၏ “မျိုးဆက်သစ်လူငယ်များတိုးတက်ရေး မူးယစ်ဆေးမှန်သမျှ တိုက်ထုတ် ပေး” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ နေသူရိန်၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ကိုဝင်းမော် ထွန်း၊ တွဲဖက်ပါမောက္ခ ဦးလွင်မြင့်၊ ကိုကျော်စွာ(ကျိုက်ပိ)၊ ညီမော်သိမ်း တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ ကိုရင်ကျော်၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါး၊ K.M.A ၊ ဦးဟန်ညွန့်(ဥပဒေ) တို့၏ နိုင်ငံတကာနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်းပါး များ၊ ဆန်းသစ်အောင်(မဟာဝိဇ္ဇာ- အင်္ဂလိပ်ဘာသာစကား)၊ ပါမောက္ခ ကိုကိုအောင်တို့၏ ဒီမိုကရေစီနှင့် သဘာဝပတ်ဝန်းကျင် ရှုထောင့် ဆိုင်ရာ ဆောင်းပါးများ၊ နေ၊ စံမြတ်ဘုန်း(စစ်ကိုင်း) တို့၏ လူကုန်ကူးမှု နှင့် မသန်စွမ်းသူများဆိုင်ရာ ဆောင်းပါးများ၊ မြတ်နိုးဦး (စာပေဗိမာန်)၊ ဒေါက်တာမြင့်သန်း၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၊ ဒေါက်တာ လွင်သန့်တို့၏ မူးယစ်နှင့် ကျန်းမာရေးဆိုင်ရာ ဆောင်းပါး များ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၏ စီးပွားရေးဆိုင်ရာ ဆောင်းပါး၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ ခိုင်ဇော် (ဒဿန)၊ ရဲထက်ဇော်၊ ဆောင်းဝင်းလတ်၊ ကိုကိုအောင် (အလုပ်သမား)၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ် လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၁-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း ၀၆၇- ၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင် ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင်အမှတ် (၅၂၉-၅၃၁) ကုန်သည် လမ်း ရန်ကုန်မြို့ ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်